ညစ်ညမ်းဇာတ်ဝင်ခန်းတွေကို ရိုက်ကူးဖို့ ငြင်းဆန်ခဲ့ကြတဲ့ ဘောလီးဝုဒ်မင်းသမီးတွေ

Posted on - Mar 15 []

Douglas Thura

စာရေးသူ

နိုင်ငံတကာက အချစ်ရုပ်ရှင်ဇာတ်ကားတော်တော်များများဟာ လူငယ်သဘာဝချစ်ကြိုက်ခန်းတွေချည်း ထည့်သွင်းရိုက်ကူးရင်လည်း တစ်ချို့ လူငယ်ပရိသတ်တွေရဲ့ အားပေးမှုလျော့နည်းတတ်တာကြောင့် ရင်ဖိုစရာကောင်းတဲ့ Bed Scene တွေ၊ လူငယ်ပရိသတ်တွေအကြိုက် မဖွယ်မရာဇာတ်ဝင်ခန်းတွေကိုလည်း ထည့်သွင်းရိုက်ကူးလာကြတာကို ပရိသတ်တွေ သိကြမှာပါ။ အလားတူပဲ Bollywood ရုပ်ရှင်ဇာတ်ကားတွေမှာလည်း လူကြီး၊လူငယ်ကြိုက် မဖွယ်မရာဇာတ်ဝင်ခန်းတွေ ထည့်သွင်းရိုက်ကူးလာကြတာကို တွေ့ ရပါတယ်။ အသက်(၁၉)နှစ်အောက် လူငယ်တွေမကြည့်သင့်တဲ့ မဖွယ်မရာဇာတ်ဝင်ခန်းမျိုးတွေပါဝင်တာကြောင့် ရုပ်ရှင်ရိုက်ကူးဖို့ ကိုပါ ငြင်းဆန်ခဲ့တဲ့ ဘောလီးဝုဒ်မင်းသမီးချောတွေကို ဖော်ပြပေးလိုက်ပါတယ်။

Kareena Kapoor

မင်းသမီးချော Kareena ဟာ မဖွယ်မရာဇာတ်ဝင်ခန်းတစ်ချို့ ပါဝင်တဲ့ Heroine နဲ့ Chameli လို ရုပ်ရှင်တွေကို ရိုက်ကူးခဲ့ပေမဲ့ မင်းသား Emraan Hashmi နဲ့ ရိုက်ကူးမဲ့ Badtameez Dil ရုပ်ရှင်ကိုတော့ ညစ်ညမ်းဇာတ်ဝင်ခန်းတွေ အများအပြားပါဝင်တဲ့အတွက် ရိုက်ကူးဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

Chitrangada Singh

မင်းသမီးချော Chitrangada ဟာ လူငယ်တွေအကြိုက်ဇာတ်ဝင်ခန်းတွေများစွာ ရိုက်ကူးခဲ့တယ်ဆိုပေမဲ့လည်း Babumoshai Bandookbaaz ရုပ်ရှင်မှာတော့ တွဲဖက်သရုပ်ဆောင် မင်းသား Nawazuddin Siddique နဲ့ ချစ်တင်းနှောတဲ့ ဇာတ်ဝင်ခန်းတွေများစွာပါဝင်တာကြောင့် ရိုက်ကူးဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

Kangana Ranaut

လူငယ်တွေအထူးအားပေးကြတဲ့ Dirty Picture ရုပ်ရှင်ဟာ မင်းသမီးချော Kangana Ranaut နဲ့ ရိုက်ကူးဖို့ စီစဉ်ခဲ့ပေမဲ့ လူငယ်တွေကြည့်ဖို့ ကန့် သတ်ထားတဲ့ ဇာတ်ဝင်ခန်းမျိုးတွေ လှိုင်လှိုင်ပါနေတာကြောင့် Kangana က ပါဝင်ရိုက်ကူးဖို့ ကို ငြင်းဆန်ခဲ့ပါတယ်။

Aishwarya Rai

ဒါရိုက်တာ Madhur Bhandarkar ရိုက်ကူးတဲ့ Heroine ရုပ်ရှင်အတွက် မင်းသမီးချော Aishwarya Rai ကို စတင်ကမ်းလှမ်းခဲ့တာဖြစ်ပြီး ထိုအချိန်က Aishwarya မှာ ကိုယ်ဝန်ရှိနေခဲ့တာကြောင့် ရိုက်ကူးဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ Corporate ရုပ်ရှင်ကိုတော့ မဖွယ်မရာဇာတ်ဝင်ခန်းတွေကြောင့် ရိုက်ကူးဖို့ ငြင်းဆန်ခဲ့တာဖြစ်ပြီး မင်းသမီးချော Bipasha Basu နဲ့ ရိုက်ကူးခဲ့ရတာဖြစ်ပါတယ်။

Ref : LaughingColours
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။