လက်ရှိလူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေတဲ့ Jung Joon Young ဆိုတာဘယ်သူလဲ။

Posted on - Mar 15 []

Theingi Kyaw

စာရေးသူ

လက်ရှိကိုရီးယားမှာ အနုပညာရှင်တွေ ပါဝင်နေတဲ့ ကောလဟာလတွေတစ်ပြုံကြီး ပေါ်ထွက်လာခဲ့အပြီး အဆိုပါဂယက်ဟာ မြန်မာနိုင်ငံအထိပါရောက်ရှိလာခဲ့ပါတယ်။ ပြစ်မှုပေါင်းမြောက်များစွာနဲ့ အနုပညာရှင်တွေပေါ်ထွက်လာခဲ့အပြီးမှာတော့ Jung Joon Young က ပြစ်မှုအများဆုံးတရားခံလို့တောင်ပြောလို့ရပါတယ်။ အဆိုပါ အမှုအခင်းက ကြီးခဲ့တာကြောင့် Jung Joon Young ကို K-Pop ပရိတ်သတ်တွေသာ မက K-pop ပရိတ်သတ်မဟုတ်တဲ့သူတွေလည်း မျက်မှန်းတန်းမိနေပါတယ်။ ဒါ့ကြောင့် ဒီတစ်ခါမှာဆိုရင်တော့ Jung Joon Young ဆိုတာ ဘယ်သူလဲ ဆိုတဲ့ ပရိတ်သတ်တစ်ချို့ရဲ့မေးခွန်းကို မိုမိုလေးမှတင်ပြပေးလိုက်ရပါတယ်။

Jung Joon-young ဟာ ဖေဖော်ဝါရီလ ၂၁ရက် ၁၉၈၉ ခုနှစ်မှာ ဖွားမြင်ခဲ့ပြီး အခုဆိုရင်တော့ အသက် ၃၀ပြည့်ပါပြီ။ သူဟာ တောင်ကိုရီးယားရဲ့ တေးရေးဆရာ၊ အဆိုတော်တစ်ယောက်လည်းဖြစ်ပြီး radio DJ, အစီအစဉ်တင်ဆက်သူ၊ မင်းသား၊ television personality အစရှိတာတွေလည်း ဘက်စုံရတဲ့သူတစ်ယောက်ပါ။

သူဟာ မိသားစုထဲမှာ အငယ်ဆုံးသားဖြစ်ပြီး ဖခင်ဖြစ်သူက နိုင်ငံတကာ စီးပွားရေးသမားတစ်ယောက်ဖြစ်တာကြောင့် Joon Hyung ဟာ တရုတ်၊ ဂျပန်၊ ပြင်သစ်၊ ဖိလစ်ပိုင် အစရှိတဲ့ နိုင်ငံတွေမှာလှည့်လည်နေထိုင်ခဲ့ရပါတယ်။ ဒါကြောင့် သူ့အနေနဲ့ အင်္ဂလိပ်၊ တရုတ်၊ ကိုရီးယား အစရှိတဲ့ ဘာသာစကား (၃)မျိုးကို ထဲထဲဝင်ဝင်ပြောနိုင်ပါတယ်။ အမြဲတမ်း နိုင်ငံတွေလှည့်လည်သွားလာနေရတာကြောင့် သူ့အနေနဲ့ တက်ရတဲ့ကျောင်း သတ်သတ်မှတ်မှတ်မရှိပါဘူး။ သူဟာ တိုက်ကွမ်ဒိုမှာ ခါးပတ်နက် အဆင့် (၄)ရရှိထားသူလည်းဖြစ်ပါတယ်။

သူဟာ အသက် ၁၇နှစ်ပြည့်ပြီးချိန်မှာတော့ ခရစ်ယာန်သာသနပြုလုပ်ငန်းတွေလုပ်ဖို့ရာ ဖိလစ်ပိုင်နိုင်ငံကို သွားရောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒေသခံကလေးတွေကို တိုက်ကွမ်ဒို နဲ့ သီချင်းတွေ သင်ကြားပေးခဲ့ပါတယ်။ ပြီးတော့ သူဟာ ဖိလစ်ပိုင်သမ္မတဟောင်း ရှေ့မှာ choir သီဆိုပေးရတဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ နောက်မှာတော့ Nirvana ရဲ့ MTV Unplugged Show ကို ကြည့်ရှုပြီးနောက် ရောခ့်စတားတစ်ယောက် ဖြစ်လာဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

Jung Joon Young ဟာ LEDApple ဆိုတဲ့ အဆိုတော်အဖွဲ့ရဲ့ အဓိကအဆိုရှင်အဖွဲ့အနေနဲ့ debut လုပ်ဖို့ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဟာ အရင် အေဂျင်စီနဲ့ စာချုပ်ချုပ်ဆိုပြီးသားဖြစ်ကာ အေဂျင်စီအဟောင်းကလည်း သူ့ကို လက်မလွှတ်တာကြောင့် Jung Joon Young အနေနဲ့ အဖွဲ့ဝင်ဖြစ်ခွင့်မရခဲ့ပါဘူး။

ဒီလိုနဲ့ Jung Joon Young ဟာ ၂၀၁၂ ခုနှစ်မှာ Super Star K4 ဆိုတဲ့အစီအစဉ်မှာပါဝင်ခဲ့ပါတယ်။ အဆိုပါ အစီအစဉ်မှ စတင်ကာ နာမည်ကြီးခဲ့တယ်လို့ပြောရရင်လည်းမမှားပါဘူး။ Audition ၀င်ကတည်းက ခပ်ရှရှအသံကြောင့် ဒိုင်တွေရဲ့ စိတ်ဝင်စားမှုကိုရရှိခဲ့ပါတယ်။ Roy Kim နဲ့လည်းတော်တော် တွဲဖက်ညီခဲ့ပါတယ်။ ဆီမီးဖိုင်နယ်အထိကို တက်ရောက်နိုင်ခဲ့ကာ top3 မှာတင်ပြုတ်ခဲ့ပါတယ်။ အဆိုပါ ပြိုင်ပွဲထဲက သူ့ရဲ့ နာမည်ကြီးပြိုင်ပွဲဝင်သီချင်းတွေကိုဖော်ပြပေးလိုက်ပါတယ်။မိုမိုလေးနဲ့တူတူလိုက်ပါစီးမြောကြည့်ရှုလိုက်ရအောင်။

ဆယ်စုနှစ်ရဲ့ အကောင်းဆုံး audition သီချင်းလို့ပြောရမယ့် JJY နဲ့ Roy Kim တို့ရဲ့ Collaboration သီချင်း ‘Becoming Dust’

Jung Jun Young - Emergency Room

ဒီလိုနဲ့ Super Star K4 ကနေ ပြုတ်ခဲ့အပြီးမှာ သူဟာ concerts တွေ, TV နဲ့ radio programs, cars, clothes, games, N-screen, နဲ့ beer အစရှိတဲ့ ကုန်ပစ္စည်းပေါင်းများစွာအတွက်ကြော်ငြာရိုက်ကူးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Soundtrack albums‎ ၁၀ခု၊ singles‎ အပုဒ် ‎20 နဲ့ စတူဒီယိုအယ်လ်ဘမ် ၁ခုထွက်ခဲ့ပါတယ်။

နာမည်ကျော် 2 Days & 1 Night Season 3 ရဲ့အငယ်ဆုံးအဖွဲ့ဝင်

We Got Married အစီအစဉ်မှာ မင်းသမီး Jeong Yu-miနဲ့ သမီးရည်းစားတွေအဖြစ် ရိုက်ကူးရေးလုပ်ခဲ့ကြသေး

We Got Married, Joon-Young, Yu-Mi

2016 ခုနှစ်မှာ ရည်းစားဟောင်းကို sex tape တွေရိုက်ကူးခဲ့ကြောင်း အဆိုပါကောင်မလေးမှ စွဲချက်တင်ခဲ့ပေမယ့်လည်း Jung Joon Young ဟာ အမှုမှ ကင်းလွတ်ခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိခဲ့ပါဘူး။ မတ်လ ၂၀၁၉ခုနှစ်မှာ Jung Joon Young ဟာ ဖျော်ဖြေရေးလောကမှနှုတ်ထွက်ကြောင်းကြေငြာခဲ့ပါတယ်။ အမျိုးသမီးငယ်တွေကို ဆေးခတ်ပြီး လိင်ဆက်ဆံတာ..၊ အဆိုပါ လိင်ဆက်ဆံနေတာတွေကို တရားမ၀င်ရိုက်ကူးရယူပြီး သူငယ်ချင်းတွေနဲ့ မျှဝေတာတွေလုပ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ရဲစခန်းမှာစစ်ဆေးခံနေပါတယ်။

(JUNG JOONYOUNG) _ 공감(SYMPATHY)

Drug Restaurant(드럭 레스토랑) _ Mistake

(Jung Joon Young) - 병이에요 (Spotless Mind)

အသံလေး၊ ရုပ်လေးနဲ့မှမလိုက် မိုက်လိုက်တဲ့ စရိုက်ပါပဲနော်။

GI GI(momolay)
Source : Wikipedia

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။