ဘော်လီမ၀တ်ထားဘဲ အရက်မူးနေချိန်မှာ Live လွှင့်ခဲ့ပြီး လူအများကိုရှာခ့်ရသွားစေခဲ့တဲ့ Sulli ရဲ့ အဖြေတစ်ချို့

Posted on - Apr 9 []

Theingi Kyaw

စာရေးသူ

Sulli ဟာ သိပ်မကြာခင်အချိန်တုန်း သူ့ရဲ့ အင်စတာဂရမ်မှာ ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့ သောက်စားကြရင်း Live လွှင့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမဟာဆိုရင်တော့ အကြောင်းပြချက်မျိုးစုံနဲ့ အမုန်းပွားသူတစ်ချို့က သူမကို ဝေဖန်ခဲ့ကြပါတယ်။ ဘယ်လိုအကြောင်းအရင်းတွေဖြစ်မလဲဆိုတာကိုတော့ မိုမိုလေးနဲ့တူတူလိုက်ပါစီးမြောကြည့်ရှုလိုက်ရအောင်။

အဆိုပါ hater တွေက အရက်သောက်နေတုန်း Sulli တစ်ယောက် Live လွှင့်တာမဟုတ်ကြောင်း ထောက်ပြခဲ့ပါတယ်။ ပြီးတော့ Sulli ဟာ အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် သူမရဲ့သူငယ်ချင်းတွေက သူမကို ဒီလိုလုပ်ရပ်မျိုးလုပ်ခွင့်ပေတဲ့အတွက်လည်း ဝေဖန်ခဲ့ကြပါသေးတယ်။

ပြီးတော့ အဆိုပါ hater တွေဟာ ဘာတွေသိချင်နေကြသလဲဆိုတာတွေကို သူမရဲ့ သူငယ်ချင်းက ယခုလိုပဲထောက်ပြခဲ့ပါသေးတယ်.."အတွင်းခံမ၀တ်ဘဲ ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေတာလဲ.." ဆိုတဲ့ မှတ်ချက်ကို ပြောခဲ့ပါသေးတယ်

Sulli ဟာ အစက အဆိုပါမေးခွန်းကြောင့် စိတ်ရှုပ်သွားခဲ့ပုံပေါ်ပြီး ဖုန်းမှန်သားပြင်ကိုစိုက်ကြည့်ခဲ့ပါသေးတယ်။ အဲ့ဒီနောက်မှာတော့ သူမကို စိတ်ပူနေကြတာဖြစ်မှာပါလို့ သူမရဲ့ သူငယ်ချင်းက ရှင်းပြခဲ့ပါတယ်။ Sulli ဟာ ချက်ချင်းဆိုသလို အမုန်းပွားသူတွေကို သူမ အဆင်ပြေနေတာကြောင့် စိတ်ပူစရာမလိုကြောင်း တုန့်ပြန်ခဲ့ပါတယ်။

"မင်းတို့ ငါကိုစိတ်ပူနေတာလား?? မင်းတို့ ငါကို စိတ်ပူစရာမလိုဘူး ဘာဖြစ်လို့လည်းဆိုတော့ ငါ အဆင်ပြေနေတာမို့လို့ပဲ..။ ဒါပေမယ့်လည်း ငါ့ကို မကောင်းတဲ့စိတ်နဲ့ စိုက်ကြည့်နေတဲ့သူတွေကိုတော့ မကြိုက်ဘူး။" လို့ပြောပြခဲ့ပါတယ်။ သူမရဲ့ သူငယ်ချင်းဖြစ်သူကလည်း Sulli ရဲ့စိတ်ချမ်းသာသလို ရွေးချယ်မှုကြောင့် သူ့ကို ဝေဖန်နေစရာမလိုကြောင်း ကာကွယ်ပြောဆိုခဲ့ပါတယ်။ Sulli ကိုစိုးရိပ်နေသလိုလိုလုပ်နေကြတဲ့ hater တွေကလည်း အတုအယောင်ဆောင်နေရာကနေ ရပ်ပေးကြပါ လို့ ပြောခဲ့ပါသေးတယ်။

လူတစ်ချို့ရဲ့ မှတ်ချက်တွေကြောင့် ရင်ဘက်ကို ကိုင်တွယ်နေခဲ့တဲ့ Sulli

"ဒီမှာရှိတဲ့လူတိုင်း အတွင်းခံ ၀တ်မထားဘူး..။ ကျွန်မတို့ အတွင်းခံဘောင်းဘီတွေလည်း ၀တ်မထားဘူး..။ မင်း လူတစ်ယောက်ကို မိတ်ကပ်မလိမ်းလဲ ဘယ်လောက် ယုံကြည်မှုရှိရှိနေနိုင်သလဲဆိုတဲ့ မေးခွန်းကိုမေးတာနဲ့အတူတူပဲ။ အကြောင်းပြချက်မရှိဘူး " လို့ Sulli ရဲ့သူငယ်ချင်းက ပြောပြခဲ့ပါတယ်။

အတွင်းခံဝတ်မထားတဲ့ Sulli ရဲ့ Live အစ အဆုံး

hater တွေက သူမရဲ့ လွတ်လပ်တဲ့ စိတ်ဝိဥာဏ်ကို သတ်ချလို့မရကြောင်း Sulli နဲ့ သူမရဲ့ သူငယ်ချင်းတွေက နောက်တစ်ခါ သက်သေပြလိုက်လေရဲ့..။

GI GI(momolay)
Source : Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။