သူမထက် ပိုဂေါ်တဲ့ မိခင်ဖြစ်သူရဲ့အကြောင်း ထုတ်ပြောလာတဲ့ စံရတီမိုးမြင့်

Posted on - Apr 9 []

Myint Myat

စာရေးသူ

မျက်နှာဝိုင်းဝိုင်းလေးနဲ့ ချိုသာတဲ့အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ စံရတီမိုးမြင့်ကတော့ အချိုးအစားကျတဲ့ ခန္တာကိုယ်အချိုးအစားနဲ့ ကြွေလောက်တဲ့ အမူအယာလေးတွေကြောင့် ပရိသတ်တွေရဲ့ချစ်ခင်ခြင်းကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ စံရတီမိုးမြင့်က သူမထက်ပိုဂေါ်တဲ့ မိခင်ဖြစ်သူရဲ့အကြောင်းကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ဒီနေ့ခေတ် လူငယ်တွေနဲ့တောင် ရင်ဘောင်တန်းနိုင်တဲ့ စံရတီမိုးမြင့်ရဲ့မိခင်ကတော့ အရမ်းကိုလှပြီး ခေတ်မှီတဲ့ မိခင်တစ်ဦးပဲ ဖြစ်ပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ခေတ်လူငယ်ဖြစ်တဲ့ သမီးထက်တောင် ပိုဂေါ်နေတဲ့ စံရတီမိုးမြင့် မိခင်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

စံရတီမိုးမြင့်ကတော့ "Selfie with Mom🧡 ကိုယ်ကမျက်နှာပြောင်နဲ့လျှောက်သွားရတာကြိုက်သလောက် အလှမပြင်ရရင်အပြင်မထွက်တဲ့အမေ..ကိုယ်ကစကပ်တိုဝတ်ရတာမကြိုက်ပေမယ့် စကတ်တို,ဘောင်းဘီတိုပဲကြိုက်လို့ဝတ်တဲ့အမေ..ကိုယ်ကခြေညှပ်ဖိနပ်နဲ့လျှောက်သွားသလောက် ခြေညှပ်ဖိနပ်လုံးဝမစီးပဲ လမ်းဘယ်လောက်ကြမ်းကြမ်း ဒေါက်ဖိနပ်မချွတ်တဲ့အမေ..မိတ်ကပ်ဆရာတွေမိတ်ကပ်လိမ်းပေးတာမကြိုက်တဲ့အမေ ဆံထုံးမကြိုက်တဲ့အမေ..လက်ဝတ်ရတနာ,accessories ဆို နားကပ်,ဆွဲကြိုး,လက်ကောက်,လက်စွပ် အပြည့်ဝတ်မှ လှတယ်ထင်တဲ့အမေ..

ကိုယ် social မကောင်းသလောက် လူတိုင်းသူနဲ့ပဲစကားပြောချင်အောင် social ကောင်းတဲ့အမေ လမ်းဆို ကိုယ်သွားနေကျလမ်း၃ခုလောက်တောင် မနဲစဉ်းစားနေရတဲ့ကိုယ်နဲ့ ရန်ကုန်တစ်မြို့လုံးတင်မက တစ်ပြည်လုံးသူမသိတဲ့နေရာမရှိတဲ့အမေ..ကိုယ်နဲ့တူတာဆိုလို့ မျက်နှာလေးရယ်,ထမီမဝတ်တတ်ကြတာရယ်,ခေါင်းမာတာရယ်,စိတ်ထဲမှာကြိတ်ခံစားပြီး ဘယ်သူ့မှမပြောပြပဲ ဝမ်းနည်းတတ်တာလေးရယ်ပဲ 🧡😂" ဆိုပြီး သူမမိခင်ရဲ့အကြောင်းကို ချစ်စဖွယ်လေး ရေးသားထားတာပါ။

သားအမိနှစ်ယောက်က ညီအမတွေလိုပဲနော်...

စံရတီမိုးမြင့်ရဲ့မိခင်ကတော့ လွန်ခဲ့တဲ့နှစ်တွေက မဂ္ဂဇင်းမျက်နှာဖုံးတွေမှာ နေရာယူထားနိုင်တဲ့သူတစ်ဦးမို့ စံရတီမိုးမြင့်ကလည်း အမေသွေးအပြည့်အဝပါတဲ့ သမီးချောလေးပါပဲ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းချစ်စရာကောင်းတဲ့ စံရတီမိုးမြင့်နဲ့ သူမရဲ့မိခင် တို့နှစ်ယောက်ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;San Yati Moe Myint's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။