ဘယ် K-Pop အဖွဲ့မှမရဖူးသေးတဲ့ စံချိန်တစ်ခုတင်သွားပြီဖြစ်တဲ့ BLACKPINK

Posted on - Apr 10 []

Theingi Kyaw

စာရေးသူ

BLACKPINK အဖွဲ့အနေနဲ့ သီချင်းအသစ်တစ်ပုဒ်လောက်ထွက်ဖို့အရေးကို ပရိတ်သတ်တွေ တစ်နှစ်လောက်နီးပါးစောင့်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အချိန်တော်တော်ကြာအောင်စောင့်နေခဲ့ရတဲ့ သီချင်းတစ်ပုဒ်ဟာ ခန့်မှန်းထားတာထက်ကို ကောင်းမွန်နေခဲ့ပါတယ်။ 'Kill This Love' သီချင်းကတော့ မတတ်နိုင်ပါဘူး။ စံချိန်တွေ ချိုးရုံက လွဲပြီး ဘာမှမတတ်နိုင်ခဲ့ပါဘူး။

ဧပြီလ ၁၀ ရက်နေ့မှာ Spotify မှ 'Global Top 50' စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါစာရင်းထဲကို အသစ်ဝင်လာတဲ့သီချင်း ၈ပုဒ်ရှိခဲ့ပြီး BLACKPINK ရဲ့ သီချင်းအသစ်ဖြစ်တဲ့ 'Kill This Love' ကတော့ နံပတ်၎နဲ့ debut လုပ်ခဲ့ပါတယ်။ အဆိုပါအမှတ်စဉ်ဟာဆိုရင်တော့ Spotify music streaming platform ရဲ့ 'Global Top 50' chart မှာ ranking အမြင့်ဆုံးဖြစ်ခဲ့တဲ့ ပထမဆုံးကိုရီးယားအနုပညာရှင်အနေနဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။

အဆိုပါ အားကောင်းတဲ့ အကသီချင်းဟာဆိုရင်တော့ နာမည်ကျော် Billie Eilish ရဲ့ 'Bat Guy,' Daddy Yankee X Snow ရဲ့ 'Con Calma,' နဲ့ Lil Nas X ရဲ့ 'Old Town Road' တို့ရဲ့နောက်မှာ ကပ်လိုက်လာတာပဲဖြစ်ပါတယ်။

Kill This Love ရဲ့ မတိုင်ခင်က Global Top 50 ထဲမှာ ranking အများဆုံးက BTS ဖြစ်ပြီး BTS က မေလ ၂၀၁၈ခုနှစ်မှာ Fake Love သီချင်းနဲ့ နံပတ် ၁၄နေရာမှာ စံချိန်တင်ခဲ့တာပါ။ အဆိုပါ စံချိန်ကို BLACKPINK က Kill This Love သီချင်းက နံပတ် ၄ နဲ့ စံချိန်ချိုးလိုက်တာပဲဖြစ်ပါတယ်။

BLACKPINK - 'Kill This Love' M/V

စံချိန်တွေတစ်ခုပြီးတစ်ခုချိုးနေတဲ့ Kill This Love ကတော့ နောက်ထပ် ဘယ်လိုစံချိန်တွေ ထပ်ချိုးမလဲဆိုတာကို စောင့်ကြည့်နေရတော့မှာပဲဖြစ်ပါတယ်။ Kill this love ရဲ့အောင်မြင်မှုကတော့ ကြောက်ခမန်းလိလိပါပဲ။

GI GI(momolay)
Source : KStarLive

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။