အလှူရေစက် လက်နဲ့မကွာ၊ စေတနာ၊ သဒ္ဒါအပြည့်နဲ့ အားကျစရာမိသားတစ်စု

Posted on - Apr 11 []

Harry Mon

စာရေးသူ

မိုမိုလေးပရိသတ်ကြီးရေ အလှူရေစက်လက်နဲ့မကွာဖြစ်ဖို့ဆိုတာ ငွေကြေးချမ်းသာပြည့်စုံရုံ၊ သဒ္ဒါတရားပြည့်ဝနေရုံနဲ့မရနိုင်ပါဘူး။ သဒ္ဒါပြည့်စုံခဲ့ရင်တောင် ငွေကြေးအရလိုက်နိုင်မှ၊ ငွေကြေးချမ်းသာနေတယ်ဆိုရင်တောင် ကိုယ့်ရဲ့သဒ္ဒါ၊ စေတနာတွေပြည့်စုံနေမှဖြစ်မှာပါ။

အဲ့ဒီအထဲကမှ ကမ္ဘောဇဘဏ်၊ ကမ္ဘောဇအုပ်စု နာယကကြီး ဦးအောင်ကိုဝင်း၊ ဒေါ်နန်းသန်းထွေးတို့ မိသားစုတွေကတော့ ငွေကြေးချမ်းသာကြွယ်ဝမှုတွေရဲ့နောက်မှာ သူတို့တွေရဲ့ စိတ်ထား၊ စေတနာကောင်းတွေက အများအတွက် ပြန်လည်အကျိုးပြုစေခဲ့ပါတယ်။ နိုင်ငံတော်ဘဏ္ဍာအခွန်တွေအတွက် အထောက်အပံ့ကောင်းမွန်ပြီး အခွန်ထမ်းအများဆုံးအနေနဲ့ နိုင်ငံတော်ဆုတံဆိပ်တွေပိုင်ဆိုင်ထားတဲ့မိသားစု၊ အများအတွက် အကျိုးပြုအလှူတွေကြောင့် အားလုံးကချစ်ခင်လေးစားရတဲ့မိသားစု၊ အလှူအတန်းတွေမပြတ်တာကြောင့် အများက အားကျရတဲ့မိသားစုလေးက ဒီတစ်ခါမှာလည်း ကမ္ဘောဇမင်္ဂလာဆုတောင်းပြည့်စုမ့်မိန်းစေတီတော် ထီးတော်တင်လှူခြင်းနဲ့ တရားပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြန်ပါတယ်။

ကမ္ဘောဇဘဏ်၊ ကမ္ဘောဇအုပ်စု နာယကကြီး ဦးအောင်ကိုဝင်း ဒေါ်နန်းသန်းထွေး မိသားစု တည်ထား ကိုးကွယ်တဲ့ ဆုတောင်းပြည့်စေတီ စိန်ဖူးတော်၊ ထီးတော်တင်လှူပူဇော်ခြင်းနဲ့ တရားပွဲကိုတော့ ဧပြီလ (၆) ရက်နေ့နဲ့ (၇) ရက်နေ့တွေမှာ အောင်မြင်စွာ ကျင်းပပြီးခဲ့တာပါ။

ဧပြီလ (၆) ရက်နေ့ညပိုင်းကတော့ ဓမ္မသဘင်တရားပွဲကျင်းပခဲ့ရာမှာ မိုင်းဖုန်းဆရာတော်ကြီးနဲ့ Oxford ဆရာတော်တို့က အလှူရှင်မိသားစုနဲ့ ဓမ္မမိတ်ဆွေတွေကို တရားတော်တွေ ဟောကြားချီးမြှင့်ခဲ့ကြပါတယ်။

ဧပြီလ (၇) ရက်နေ့ မင်္ဂလာအချိန် မနက် ၉ နာရီ ၁၉ မိနစ်မှာတော့ မိုင်းဖုန်းဆရာတော်ကြီးနဲ့ Oxford ဆရာတော်တို့ အမှူးပြုပြီး ဘော်ကြိုဆရာတော်၊ နမ့်လန်ဆရာတော်၊ အောင်ချမ်းသာဆရာတော်နဲ့ ရှမ်းပြည်နယ်တောင်ကြီးမြို့၊ ဗုဒ္ဓတက္ကသိုလ်မှ ဆရာတော် သံဃာတော်တွေက စေတီတော်ရဲ့ စိန်ဖူးတော်နဲ့ ထီးတော်ကို အောင်မြင်စွာ တင်လှူပူဇော်ခဲ့ပါတယ်။

မိုမိုလေးပရိသတ်ကြီးရေ စေတီတော်တည်ထားရာ ကမ္ဘောဇနေအိမ်မှာတော့ တန်ခိုးကြီးဆရာတော်ဘုရားကြီးတွေက သီးခြားစီကြွရောက်ပြီး အန္တရာယ်ကင်းမေတ္တာပို့ ပရိတ်တရားတော်တွေကို ချီးမြှင့်ခဲ့ကြပါသေးတယ်။

မိုမိုလေးပရိသတ်ကြီးရေ စေတနာ၊ သဒ္ဒါတရားတွေအပြည့်နဲ့ မြင်လိုက်ရုံနဲ့ ကြည်နူးစရာကောင်းတဲ့ အပြုံးတွေဖြာဝေနေတဲ့ မိသားစုလေးရဲ့ ဒါနတွေကိုဖတ်ရှုပြီး မိုမိုလေးပရိသတ်ကြီးလည်း မုဒိတာပွားများအပျော်တွေကူးစက်နိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီမိသားစုလေးရဲ့အလှူဒါနလေးကို သာဓုခေါ်ဆိုရင်း အားလုံးပဲ ပျော်ရွှင်ကြည်နူးနိုင်ကြပါစေနော်။

HM (မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။