IC အဖွဲ့နဲ့ အဖြစ်ချင်း တိုက်ဆိုင်နေတဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာတဲ့ ကျော်ကျော်နန္ဒ

Posted on - Apr 14 []

Rowena

စာရေးသူ

တေးသံရှင် ကျော်ကျော်နန္ဒက သူ့ရဲ့ သီချင်းတွေနဲ့ လူတကာနဲ့မတူတဲ့ ဖက်ရှင်တွေကြောင့် လတ်တလော ပရိသတ်တွေ ကြားမှာ ရေပန်းစားနေတာ ဖြစ်ပါတယ်။ ကျော်ကျော်နန္ဒက အနုပညာလောကထဲမှာ ကျင်လည်နေတာ ကြာပြီဖြစ်ပေမယ့် မကြာခင်က ထွက်ရှိခဲ့တဲ့ "ဆက်ပက်သင်္ကြန်" သီချင်းကြောင့် လူသိများလာခဲ့တာဖြစ်ပါတယ်။ တေးသံရှင် ကျော်ကျော်နန္ဒက လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ကျော်ကျော်နန္ဒက သူ့အနေနဲ့ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး Rock Band တစ်ခုဖြစ်တဲ့ Iron Cross အဖွဲ့နဲ့ အဖြစ်ချင်း တိုက်ဆိုင်နေကြောင်းကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောဆိုလာပါတယ်။

"ဒီနှစ်​သင်္ကြန်​မှာ နာမည်​အရမ်းကြီးပြီ ပရိသတ်​အကုန်​ချစ်​တဲ့ ကျ​နော်​လည်းချစ်​တဲ့ Iron Cross အဖွဲ့ ကြီးနှင့်​ အတူယခုနှစ်​ပရိသတ်​အကုန်​ဆဲပြီး အရမ်းနာမည်​ကြီးတဲ့ ဆက်​ပက်​ သင်္ကြန်​ သီချင်းအဆို​တော်​ ​ကျော်​​ကျော်​နန္ဒ တို့ သည်​ သင်္ကြန်​အတွင်း show ပွဲများ လက်​ခံဆိုခဲ့ခြင်းမရှိခြင်းများသွားတူ​နေ​သော​ကြောင့်​ IC အဖွဲ့ ကြီးအား ရို​သေဂါဝရပြုပါတယ်​ဗျ" ဆိုပြီး ဂုဏ်ယူစွာနဲ့ ပြောထားပါတယ်။

IC အဖွဲ့ကလဲ နှစ်စဉ်နှစ်တိုင်း မဏ္ဍပ်မှာ သီချင်းတွေဆိုပြီး ဒီနှစ်မှာတော့ ထူးထူးခြားခြား သင်္ကြန်မှာ သီချင်းမဆိုတာ ဖြစ်ပါတယ်။ IC အဖွဲ့လိုပဲ ကျော်ကျော်နန္ဒလဲ ဒီနှစ်သင်္ကြန်မှာ ဘာဖျော်ဖြေပွဲမှာမှ သီချင်းမဆိုပါဘူး။

ကျော်ကျော်နန္ဒပြောသလိုပဲ IC အဖွဲနဲ့ တိုက်တိုက်ဆိုင်ဆိုင် သီချင်းမဆိုတာချင်း တူနေတာ အံ့သြစရာပဲနော်။ မိုမိုလေး ပရိသတ်ကြီးလဲ ဒီပိုစ့်လေးကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Kyaw Kyaw Nanda's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။