မဖွယ်မရာဇာတ်ဝင်ခန်းတွေများစွာ ထည့်သွင်းရိုက်ကူးထားတဲ့ ဘောလီးဝုဒ်ဇာတ်ကားများ

Posted on - Apr 14 []

Douglas Thura

စာရေးသူ

နာမည်ကြီး Bollywood ရုပ်ရှင်တွေထဲမှာ Drama ရုပ်ရှင်တွေတော်တော်များများဟာ ချစ်သူစုံတွဲတွေ အဓိကအားပေးကြတဲ့ ရုပ်ရှင်တွေဖြစ်ပါတယ်။ Drama ရုပ်ရှင်တွေမှာလည်း Concept အမျိုးမျိုးနဲ့ တင်ဆက်ရိုက်ကူးပြသလေ့ရှိတာကြောင့် တစ်ချို့ Drama ရုပ်ရှင်တွေမှာ အချစ်အကြောင်းကိုပဲ သီးသန့် ရိုက်ကူးပြသထားတာဖြစ်သလို တစ်ချို့ Drama တွေကတော့ Bed Scene တွေကို အသားပေးရိုက်ကူးထားတာဖြစ်တာကြောင့် အသက်(၁၈)နှစ်အောက် လူငယ်လေးတွေ မကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းတွေများစွာ ပါဝင်လေ့ရှိပါတယ်။ နာမည်ကြီး ဘောလီးဝုဒ်ရုပ်ရှင်တွေထဲမှာမှ လူငယ်တွေအကြိုက် ရင်ဖိုစရာအချစ်ဇာတ်ဝင်ခန်းတွေကို အသားပေးရိုက်ကူးထားတဲ့ ဘောလီးဝုဒ်ရုပ်ရှင်တွေတစ်ချို့ ကို ဖော်ပြပေးလိုက်ပါတယ်။

Bajirao Mastani

ထိတ်ထိတ်ကြဲဘောလီးဝုဒ်မင်းသမီးနှစ်ယောက်ဖြစ်တဲ့ Deepika Padukone နဲ့ Priyanka Chopra အပြိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ Bajirao Mastani ရုပ်ရှင်ကိုတော့ အထူးတလည်ညွှန်းဆိုနေစရာမလိုအောင် ပရိသတ်တွေအနေနဲ့ ရင်းနှီးကြပြီးသားဖြစ်မှာပါ။ အဆိုပါရုပ်ရှင်ထဲမှာ Deepika နဲ့ Ranveer Singh တို့ ရဲ့ အချစ်ဇာတ်ဝင်ခန်းတွေဟာ လူငယ်ပရိသတ်တွေကို ရင်တဖိုဖိုဖြစ်စေခဲ့ပါတယ်။

Tamasha

2015 ခုနှစ်က ထွက်ရှိခဲ့တဲ့ Tamasha ရုပ်ရှင်မှာ Ranbir Kapoor နဲ့ Deepika Padukone တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းအကျဉ်းကတော့ Ved Vardhan Sahni ဆိုတဲ့ကောင်မလေးတစ်ယောက်ရဲ့ လူငယ်ဘ၀၊လူလတ်ပိုင်းဘ၀နဲ့ လူကြီးပိုင်းဘ၀တို့ မှာ ကြုံတွေ့ ရတဲ့ အချစ်ဇာတ်လမ်းအကြောင်းကို ရင်ဖိုစရာရိုက်ချက်တွေနဲ့ ရိုက်ကူးထားတာဖြစ်တာကြောင့် လူငယ်တွေအကြိုက် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Dil Dhadakne Do

Priyanka Chopra, Ranveer Singh နဲ့ Anushka Sharma တို့ လို နာမည်ကျော်တွေပါဝင်ရိုက်ကူးထားတဲ့ Dil Dhadakne Do ရုပ်ရှင်ကတော့ ပရိသတ်တွေတော်တော်များများအကြိုက်တွေ့ ခဲ့ကြပြီး Ranveer နဲ့ Anushka တို့ ရဲ့ အချစ်ဇာတ်ဝင်ခန်းတွေကို လူငယ်ပရိသတ်တွေ အထူးနှစ်ခြိုက်ခဲ့ကြပါတယ်။

Hate Story 3

ကြမ်းကြမ်းရမ်းရမ်းအချစ်ဇာတ်ဝင်ခန်းတွေပါဝင်တဲ့ Hate Story 3 ရုပ်ရှင်ဟာ လူငယ်ပရိသတ်တွေ အကြိုက်တွေ့ ခဲ့ကြပေမဲ့ ဝေဖန်ရေးဆရာတွေရဲ့ Rating တွေအရတော့ အခြေအနေမကောင်းခဲ့ပါဘူး။

Alone

Alone ရုပ်ရှင်ထဲမှာတော့ Bipasha Basu နဲ့ Karan Singh Grover တို့ ရဲ့ ကြမ်းကြမ်းရမ်းရမ်းအချစ်ဇာတ်ဝင်ခန်းတွေကို မြင်တွေ့ ရမှာပါ။ Alone ဇာတ်ကားဟာ 2007 ကထွက်ရှိခဲ့တဲ့ နာမည်ကြီးထိုင်းသရဲဇာတ်ကား Alone ကို အသစ်ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။

Ref : rapidleaks
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။