မမှတ်မိနိုင်လောက်အောင်ကို ပြောင်းလဲသွားကြတဲ့ နာမည်ကြီးကလေးသရုပ်ဆောင်များ

Posted on - Apr 14 []

Douglas Thura

စာရေးသူ

နိုင်ငံတကာက ကလေးတွေအကြိုက် ကာတွန်းရုပ်ရှင်ဇာတ်ကားကောင်းတွေ ရိုက်ကူးပြီး ၀က်ဝက်ကွဲအောင်မြင်နေတဲ့ ရုပ်ရှင် Studio ကတော့ Disney Studio ဖြစ်ပြီး ကလေးတွေအကြိုက်ဆုံး ရုပ်သံလိုင်းကို ပြောပါဆိုရင်တော့ Nickelodeon Channel ကိုပဲ ပြောရမှာပါ။ Nickelodeon ဟာ ရုပ်သံလိုင်းတစ်ခုဖြစ်တာကြောင့် Disney ရဲ့ ကာတွန်းရုပ်ရှင်တွေကိုတော့ မကျော်နိုင်ပေမဲ့လည်း အစီအစဉ်တွေများစွာစုံလင်တာကြောင့် ကလေးတွေအကြိုက်ဆုံး ရုပ်သံလိုင်းတွေထဲမှာတော့ ထိပ်ဆုံးက ရပ်တည်နေနိုင်တာကို တွေ့ ရပါတယ်။ Disney နဲ့ Nickelodeon တို့ ဟာ ကလေးသရုပ်ဆောင်များစွာကိုလည်း မွေးထုတ်နိုင်ခဲ့ပြီဖြစ်ပြီး လက်ရှိမှာတော့ အဆိုပါကလေးသရုပ်ဆောင်တွေထဲက တစ်ချို့ ဟာ Hollywood မှာတောင် နေရာကောင်းရယူနေနိုင်ကြပြီဖြစ်ပါတယ်။ ငယ်စဉ်ကလည်း ချစ်စဖွယ်အမူအရာလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တော်လေးတွေဖြစ်ခဲ့ပြီး လက်ရှိမှာလည်း လုံးဝမမှတ်မိနိုင်လောက်အောင်ကို ပြောင်းလဲချောမောလာကြတဲ့ နာမည်ကြီးကလေးသရုပ်ဆောင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Miley Cyrus

Disney ရဲ့ နာမည်ကြီး Hannah Montana ဇာတ်ကားထဲမှာ အဓိကပါဝင်သရုပ်ဆောင်ခဲ့တဲ့ Miley Cyrus ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တိုင်း သိကြမယ်လို့ ထင်ပါတယ်။ အခုအချိန်မှာတော့ Miley ဟာ ၂၁ ရာစုအတွင်းအအောင်မြင်ဆုံးအဆိုတော်တွေထဲမှာ တစ်ယောက်အပါအ၀င်ဖြစ်ပြီး လက်ရှိမှာ ချစ်သူ Liam နဲ့ လည်း ပျော်ပျော်ရွှင်ရွှင်နေထိုင်ဖြတ်သန်းနေတာကို တွေ့ ရပါတယ်။

Ariana Grande

Nickelodeon ရုပ်သံလိုင်းရဲ့ Cat Valentine ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Ariana Grande ဟာ အခုအချိန်မှာတော့ ထိပ်တန်းကမ္ဘာကျော်အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်နေနိုင်ပြီဖြစ်ပါတယ်။

Zac Efron

The Suite Life of Zack & Cody ဇာတ်ကားထဲက Trevor အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Zac Efron ဟာ လက်ရှိမှာ ဆယ်ကျော်သက်ကောင်မလေးတွေကြား ရေပန်းအစားဆုံးမင်းသားတစ်လက်ဖြစ်ပြီး လက်ရှိမှာတော့ 2019 ခုနှစ်အတွင်း ရုံတင်ပြသမဲ့ ရုပ်ရှင်ဇာတ်ကားကြီးနှစ်ကားကို လက်ခံရိုက်ကူးနေတာဖြစ်ပါတယ်။

Selena Gomez

Disney ရဲ့ Wizards of Waverly Place ဇာတ်ကားထဲမှာ ကလေးသရုပ်ဆောင်အဖြစ်ပါဝင်ခဲ့တဲ့ Selena Gomez ဟာ အခုအချိန်မှာတော့ ကမ္ဘာ့ ထိပ်တန်းဆယ်လီဘရစ်တီတွေထဲမှာ တစ်ယောက်အပါအ၀င်ဖြစ်ပါတယ်။ Instagram Queen လည်းဖြစ်တဲ့ Selena ဟာ ထိတ်ထိတ်ကြဲအဆိုတော် Taylor Swift နဲ့ လည်း ညီအစ်မအရင်းတွေလို ခင်မင်လျက်ရှိတာကို တွေ့ ရပါတယ်။

Hayden Panettiere

အသက်(၁၁)နှစ်အရွယ်တည်းက ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တဲ့ Hayden Panettiere ဟာ အရွယ်ရောက်လာတဲ့အချိန်မှာတော့ Heroes, Screams ... စတဲ့ နာမည်ကြီးရုပ်ရှင်စီးရီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ရုပ်ရှင်တွေထက် Series တွေမှာပိုပြီး အောင်မြင်တဲ့ မင်းသမီးတစ်လက်ဖြစ်လာပါတယ်။

Cole Sprouse

The Suite Life of Zack & Cody ဇာတ်ကားထဲမှာပါဝင်ခဲ့တဲ့ အမြွှာကလေးနှစ်ယောက်ထဲက Cody Martin အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Cole Sprouse ဟာ အခုအချိန်မှာတော့ နာမည်ကြီး Riverdale Series ထဲမှာ ဂျက်ဟက်အဖြစ်သရုပ်ဆောင်ရင်း ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ အသည်းစွဲမင်းသားတစ်လက်အဖြစ် ရပ်တည်နေနိုင်ပြီဖြစ်ပါတယ်။

Ref : wittyfeed
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။