သင်္ကြန်မဏ္ဍပ်မှာ သီချင်းစာသားမှားပြီး သီဆိုခဲ့တာကြောင့် ဝေဖန်ခံနေရတဲ့ ချမ်းမြေ့မောင်ချို

Posted on - Apr 14 []

Rowena

စာရေးသူ

Myanmar Idol Season 3 ရဲ့ ဒုတိယဆုရှင် ချမ်းမြေ့မောင်ချိုဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အဆိုတော် တစ်ဦးပါ ။ သူမက ပွဲတွေမှာ သီချင်းတွေတောက်လျှောက်ဆို ဖြစ်နေပြီး အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ကိုင်နေပါတယ်။ ချမ်းမြေ့မောင်ချိုက လက်ရှိသင်္ကြန်ကာလမှာတော့ ရန်ကုန်မြို့က (၁၉)လမ်း မဏ္ဍပ်မှာ တခြားသော အနုပညာရှင်မောင်နှမတွေနဲ့ ပျော်ပျော်ရွှင်ရွှင် သီချင်းတွေ သီဆိုဖျော်ဖြေပေးနေတာပဲ ဖြစ်ပါတယ်။

ရန်ကုန်မြို့က မဏ္ဍပ်တွေမှာ လာရောက်အားပေးသူ ပရိသတ်တွေ အများအပြား အုံနဲ့ကြင်းနဲ့ ရှိသလို တီဗီရုပ်သံလိုင်းတွေကလဲ တစ်နိုင်ငံလုံးက ပရိသတ်တွေ ကြည့်ရှုရအောင် တိုက်ရိုက်ထုတ်လွှင့် ပြသပေးနေတာပဲ ဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချိုကလဲ ပရိသတ်တွေကို မြူးမြူးကြွကြွ သီချင်းတွေနဲ့ အားရပါးရ ဖျော်ဖြေပေးနေတာကို တွေ့ရပါတယ်။

ဒါပေမယ့် မောင်ချိုတစ်ယောက် စိတ်လှုပ်ရှားပြီး စာသားတွေ မှားဆိုမိတာကို တချို့သော ပရိသတ်တွေက သတိထားမိကြပါတယ်။ တချို့ကတော့ မောင်ချိုကို ဝေဖန်ပြောဆိုတာတွေ ရှိခဲ့ပေမယ့် ပရိသတ်အများအပြားကတော့ ဒါကို အပြစ်ကြီးတစ်ခုလို့ လုံးဝမမြင်ကြပါဘူး။

အားကိုးမယ်နော် - ချမ်းမြေ့မောင်ချို

သီချင်းစာသားမှားလဲ မောင်ချိုလေးက နောက်ဆုံးထိ ပရိသတ်ကို စွဲဆောင်ပြီး ဖျော်ဖြေပေးနိုင်ခဲ့ပါတယ်။ မှားတာကို အပြစ်မမြင်ပဲ မေတ္တာနဲ့သာ ခံစားနားထောင်ပေးပါလို့ တောင်းဆိုပါတယ်နော်။ မောင်ချိုလေးလဲ ဒီထက်မက အောင်မြင်မှုတွေ ဆွတ်ခူးရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
source: Nyi Aung's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။