အသက်ရှုရပ်မတတ်ဖျော်ဖြေနေတဲ့ကြားထဲက Jennie နဲ့ Rosé တို့ကြားထဲက ဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်တစ်ခု

Posted on - Apr 14 []

Theingi Kyaw

စာရေးသူ

BLACKPINK ဟာဆိုရင်တော့ ဧပြီလ ၁၂ရက်နေ့မှာ ကမ္ဘာကျော် Coachella ပွဲမှာဖျော်ဖြေခဲ့ပြီး K-Pop သမိုင်းမှာ မှတ်တိုင်တစ်ခုရေးထိုးခဲ့ပါတယ်။ သီချင်း ၁၃ ပုဒ်ကို မနားတမ်းဖျော်ဖြေသွားခဲ့ပြီး ပွဲကြည့်သူပရိတ်သတ်တွေရဲ့ အားပါးတရ အားပေးမှုကို တစ်ခဲနက်ရရှိခဲ့ပါတယ်။

အဲ့ဒီပွဲမှာပဲ မျက်စိကောင်းတဲ့ blink တွေဟာ ဖျော်ဖြေရေးတစ်ခုမှာ Rose ရဲ့ အတွေးကောင်းပြီး နွေးထွေးစေတဲ့ အပြုအမူတစ်ခုကို ဖမ်းမိ တွေ့ရှိခဲ့ပါတယ်။

ဒါကတော့ တခြားမဟုတ်ပါဘူး။ Rose ဟာ ပွဲခင်းတစ်လျှောက် အားကြိုးမာန်တက်ဖျော်ဖြေနေတဲ့ Jennie ကို အသက်ရှုဖို့ မမေ့ဖို့အတွက်သတိပေးခဲ့ခြင်းဖြစ်ပါတယ်။ Rose ကိုယ်တိုင်လည်း အသက်ရှုရပ်မတတ်ဖျော်ဖြေနေပေမယ့်လည်း Jennie ကို ဖျော်ဖြေနေတဲ့ တောက်လျှောက်မှာ ကြည့်ရှုနေခဲ့ပါတယ်။မျက်လုံးချင်းဆုံတဲ့ အခိုက်အတန့်ခဏလေးမှာတင် အမိအရသတိပေးခဲ့တဲ့ Rose ဟာ တကယ့်ကို နတ်သမီး ပါပဲ။

အလွယ်တကူအမောဖောက်လွယ်တဲ့ Jennie ကို အသက်ရှုဖို့ မမေ့စေဖို့ အသိပေးနေတဲ့ Rose

Blackpink အနေနဲ့ အဆိုပါ ပွဲမှာဖျော်ဖြေရကြိုးနပ်တယ်လို့ဆိုရပါမယ်။ Kpop ပရိတ်သတ်မဟုတ်တဲ့သူတွေ၊ BLINK မဟုတ်တဲ့သူတွေတောင်မှ Blackpink in your area ဆိုတာကို တစ်ကွင်းလုံး ဟိန်းနေအောင် ကြားခဲ့ရပါတယ်။ တကယ့်ကိုပဲ ကြိုးစားမှုက အရာထင်ခဲ့ပါတယ်နော်။

GI GI(momolay)
Source : Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။