အဲရစ်ဆင်ကို စပါးမှာရနေတဲ့လစာ ၃ ဆအထိပေးကာ ခေါ်ယူဖို့ပစ်မှတ်ထားနေတဲ့ မန်ယူ

Posted on - Apr 14 []

Gunner Ksr

စာရေးသူ

မန်ယူအသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အပြောင်းအလဲကြီးကြီးမားမားပြုလုပ်ဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။ ဒါကြောင့် မန်ယူဟာ အသင်းကိုအင်အားဖြည့်တင်းဖို့ ထိပ်တန်းကစားသမားအများအပြားကို ခေါ်ယူဖို့ စီစဉ်လျက်ရှိနေပါတယ်။ နောက်ဆုံးထွက်ပေါ်လာတဲ့အသင်းတွေအရတော့ မန်ယူအသင်းပစ်မှတ်ထားနေတဲ့အထဲမှာ စပါးကွင်းလယ်ကူအဲရစ်ဆင်လည်း ပါဝင်လာတယ်လို့ သိရပါတယ်။ အဲရစ်ဆင်ဟာ လက်ရှိ စပါးအသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၈ သောင်းသာရရှိနေသူဖြစ်ပါတယ်။ အဲရစ်ဆင်နဲ့ စပါးအသင်းတို့ရဲ့စာချုပ်သက်တမ်းဟာ ကုန်ဆုံးခါနီးပြီဖြစ်ပြီး လက်ရှိအချိန်အထိ အသင်းနဲ့ စာချုပ်သက်တမ်းတိုးမြှင့်ချုပ်ဆိုသေး ခြင်းမရှိသေးပါဘူး။

အဲရစ်ဆင်အနေနဲ့ စပါးကနေ ထွက်ခွာပြီး ကစားသမားဘ၀မြင့်တက်စေမယ့် နောက်ထပ်ထိပ်တန်းအသင်းတစ်သင်းကို ပြောင်းရွှေ့လိုလျက်ရှိကြောင်းလည်း သတင်းတွေထွက်ပေါ်နေပါတယ်။ မန်ယူအသင်းက အဲဒီအခြေ အနေကို အခွင့်ကောင်းယူကာ အဲရစ်ဆင်ကို ခေါ်ယူဖို့ ပစ်မှတ်ထားလာတာဖြစ်ပါတယ်။

မန်ယူအသင်းဟာ အဲရစ်ဆင်ကို လက်ရှိစပါးမှာ ရရှိနေတဲ့ လုပ်ခလစာထက် ၃ ဆအထိတိုးမြင့်ကာ မက်လုံးပေးပြီး ခေါ်ယူဖို့ကြိုးစားမှာဖြစ်ပါတယ်။ မန်ယူအသင်းအနေနဲ့ အဲရစ်ဆင်ကို တစ်ပတ်လုပ်ခလစာ ပေါင် ၂ သိန်း ၄ သောင်းအထိပေးကာ ခေါ်ယူသွားမှာဖြစ်ပါတယ်။

အဲရစ်ဆင်ကို ခေါ်ယူဖို့ မန်ယူအပြင် စပိန်ထိပ်သီးကလပ်ရီးရဲမက်ဒရစ်အသင်းကလည်း ကြိုးပမ်းနေတာဖြစ်ပါတယ်။ အဲရစ်ဆင်ဟာ ၂၀၁၃ ခုနှစ်က အေဂျက်ဇ်အသင်းကနေ ပေါင် ၁၁.၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ် ပါတယ်။ အဲရစ်ဆင်ဟာ စပါးအသင်းအတွက်ခြေစွမ်းပြကာ အရေးပါတဲ့ကစားသမားအဖြစ် ရပ်တည်နေပြီး ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးစာရင်းဝင်တစ်ယောက်လည်းဖြစ်ပါတယ်။ ဒါကြောင့် မန်ယူအနေနဲ့ အဲရစ်ဆင်ကို အရခေါ်ယူနိုင်မလားဆိုတာကတော့ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

PPT(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။