ချဲလ်ဆီးမှာ သူရဲ့အချစ်ဆုံးသူငယ်ချင်းက ဘယ်သူလဲဆိုတာကို ထုတ်ဖော်ဖွင့်ချပြခဲ့တဲ့ ရူဒီဂါ

Posted on - Apr 14 []

Gunner Ksr

စာရေးသူ

ဂျာမနီလက်ရွေးစင်အသင်းနောက်ခံလူရူဒီဂါဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်နွေရာသီအပြောင်းအရွှေ့က စီးရီးအေကလပ်ရိုးမားအသင်းကနေ ချဲလ်ဆီးကို ပြောင်းရွှေ့ကြေး ပေါင် ၂၉ သန်းနဲ့ပြောင်းရွှေ့ရောက်ရှိလာခဲ့သူပါ။ သူဟာ ချဲလ်ဆီးအသင်းမှာ အဓိကကစားသမားတစ်ယောက်အဖြစ် ခြေစွမ်းပြကစားထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ရူဒီဂါဟာ နည်းပြသစ်ဆာရီလက်ထက်မှာလည်း အမာခံကစားသမားအဖြစ် ပွဲထွက်ခွင့်ရနေသူဖြစ်ပြီး ပရိသတ်တွေကလည်း ရူဒီဂါရဲ့ခြေစွမ်းကို သဘောကျလျက်ရှိနေကြပါတယ်။

အဆိုပါ အသက် ၂၆ နှစ်အရွယ်ရှိနောက်ခံလူရူဒီဂါဟာ Soccer AM နဲ့တွေ့ဆုံခဲ့ရာမှာတော့ ချဲလ်ဆီးအသင်းမှာ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းကို ထုတ်ဖော်ဖွင့်ချသွားခဲ့ပါတယ်။ ရူဒီဂါရဲ့အချစ်ဆုံးသူငယ်ချင်းကို ပရိသတ်တွေ ကြားလိုက်ရရင် နည်းနည်းတော့အံ့သြသွားလိမ့်မယ်ထင်ပါတယ်။

ရူဒီဂါပြောခဲ့တဲ့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းကတော့ အင်္ဂလန်လူငယ်တိုက်စစ်မှူးအိုဒွိုင်းပဲဖြစ်ပါတယ်။ ရူဒီဂါက "ကျွန်တော်နဲ့ အိုဒွိုင်းရဲ့ဆက်ဆံရေးက အရမ်းကို ကောင်းမွန်ပါတယ်။ ကျွန်တော်တို့နှစ်ယောက်စလုံးဟာ ဟာသဥာဏ်တွေရှိသူပါ။ အဲဒါကြောင့် ကျွန်တော်တို့ဟာ အရယ်သန်တဲ့သူတွေပါ။

ကျွန်တော်က သူ့ကိုတကယ်သဘောကျတာဗျ။ သူက လူတော်တစ်ယောက်ပါ။ ဘောလုံးနဲ့ပတ်သက်ရင် အရမ်းထူးချွန်ပြီး အရာရာမှာ တော်တဲ့သူပါ။"လို့ ထုတ်ဖော်ဖွင့်ဟသွားခဲ့တာပါ။ ဆက်လက်ပြီး ရူဒီဂါက "အိုဒွိုင်းက ပိန်းပါးပေမယ့် တကယ့်ကိုသန်မာပါတယ်။ နောက်ပြီး သူက ရင်ဆိုင်ရခက်တဲ့ပြိုင်ဘက်မျိုးပါ"လို့ ပြောကြားသွားခဲ့ပါတယ်။ အိုဒွိုင်းဟာ ချဲလ်ဆီးအကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး အင်္ဂလန် ရဲ့ကြယ်ပွင့်အဖြစ် သတ်မှတ်ခံထားရသူပါ။

PPT(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။