'ဒီဂိုးလောက်ကတော့ငါတောင်သွင်းတတ်တယ်'လို့ပြောတဲ့ ပရိသတ်ကို တကယ့်ကွင်းထဲထည့်ကန်ပြီး စိန်ခေါ်ခဲ့တဲ့ ရိုးမားအသင်း

Posted on - Apr 15 []

Gunner Ksr

စာရေးသူ

ဘောလုံးသမားတစ်ယောက်ဖြစ်ရတာမလွယ်ကူပါဘူး။ ကျွန်တော်တို့ဟာ ပါးစပ်လေးနဲ့ 'ဟာ ဒီကောင် ဒီလောက်တောင် အသုံးမချဘူးလားကွာ'ဆိုပြီး ပြောဆိုနေပေမယ့် တကယ့်တကယ့် ကွင်းထဲမှာ ကန်နေရတဲ့သူတစ် ယောက်အဖို့ လွယ်ကူလှတဲ့အရာမဟုတ်ပါဘူး။ ဒါကို ဘောလုံးကစားဖူးသူတိုင်း သိကြမှာပါ။ ရိုးမားပရိသတ်တစ်ယောက်ဖြစ်တဲ့ မာကို့စ်နီကိုလိုင်ကတော့ အဲဒီလိုပါးစပ်ကနေ ဝေဖန်လေကန်ခဲ့လို့ အရှက်ရခဲ့တဲ့ကိစ္စတစ်ခု ကို ကြုံတွေ့ခဲ့ရပါတယ်။

ဖြစ်ပုံက ဒီလိုပါ။ ရိုးမားအသင်းဟာ အခုနှစ်ရာသီအစောပိုင်းတုန်းက ပါးမားအသင်းနဲ့တွေ့ဆုံခဲ့စဉ်က တိုက်စစ်မှူးအန်ဒါသွင်းယူခဲ့တဲ့ဂိုးကို လှုမှုကွန်ရက်မှာ တင်ထားခဲ့ပါတယ်။ အဲဒီပွဲမှာ အန်ဒါက အသင်းဖော်ရဲ့ပေးပို့မှုကို အလိုက်သင့် အသာအယာပိတ်သွင်းယူသွားခဲ့တာပါ။

အဲဒါကို နီကိုလိုင်က "ဒီဂိုးလောက်ကတော့ ငါတောင်သွင်းတတ်တာပေါ့ကွာ"ဆိုပြီး မှတ်ချက်လာရောက်ရေးသားခဲ့ပါတယ်။ ပြဿနာက အဲဒီမှာစတာပါပဲ။ နီကိုလိုင်ရဲ့မှတ်ချက်ကို ရိုးမားအသင်း သဘောကျနှစ်သက်ခြင်း မရှိလို့ နီကိုလိုင်ကို စိန်ခေါ်မှုတစ်ခုတစ်ခုပြုလုပ်ခဲ့ပါတယ်။

အဲဒါကတော့ သူပြောသလို အဲဒီလိုဂိုးသွင်းနိုင်ဖို့အတွက် အိုလံပီကိုကွင်းကြီးထဲကို ဖိတ်ခေါ်ခဲ့တာပါပဲ။ နီကိုလိုင်ကို အိုလံပီကိုကွင်းကြီးထဲကို ဖိတ်ခေါ်ပြီး အန်ဒါသွင်းယူခဲ့တဲ့ပုံစံအတိုင်း တစ်ထေရာတည်းတူအောင်ကန်သွင်း ခိုင်းခဲ့ပါတယ်။ ပထမဆုံးအကြိမ် ကန်သွင်းရာမှာတော့ နီကိုလိုင် ခြေချော်ကျသွားခဲ့ပါတယ်။

ဗီဒီယိုဖိုင်ကြည့်ရှုရန်

ဒုတိယအကြိမ်ကြိုးစားရာမှာလည်း ဘောလုံးကဘေးထွက်သွားခဲ့ပါတယ်။ နောက်ဆုံး တတိယအကြိမ်ကြိုးစားရာမှာတော့ ဂိုးသွင်းဖို့နီးစပ်ခဲ့ပေမယ့် ဂိုးတိုင်ဘေးကကပ်ထွက်သွားခဲ့ရပါတယ်။ အဲဒါကြောင့် နီကိုလိုင်အနေနဲ့ အရှုံးပေးခဲ့ရပြီး နောက်နောင်အဲဒီလိုမှတ်ချက်မျိုးမရေးသားတော့ဘူးလို့ကတိပေးခဲ့ရပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့လည်း ဘောလုံးသမားတွေ အံ့အားသင့်စရာလွဲချော်မှုတွေကို ကြုံတွေ့သွားတဲ့အခါတိုင်းမှာ ဘာမှ မပြောဘဲ တိတ်တိတ်လေးပဲ နေလိုက်ကြရအောင်။

PPT(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။