လုံးဝကို မချီးကျူးဘဲ မနေနိုင်တဲ့ ပဲလေ့စ်နဲ့ပွဲက စတာလင်ရဲ့အဆုံးသတ်စွမ်းရည်

Posted on - Apr 15 []

Gunner Ksr

စာရေးသူ

ပရီးမီးယားလိဂ်ပွဲစဉ် ၃၄ အဖြစ် ပဲလေ့စ်အသင်းနဲ့ မန်စီးတီးတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ မန်စီးတီးအသင်းက ၁-၃ ဂိုးနဲ့အနိုင်ရရှိသွားခဲ့ပါတယ်။ မန်စီးတီးအနေနဲ့ လီဗာပူးအသင်း ပွဲကျပ်ကြုံတွေ့နေရချိန်မှာ အခွင့်အရေးကို အသုံးချနိုင်ဖို့အတွက် ဒီပွဲစဉ်ကို အဂူရို၊ ဆာနေး၊ စတာလင်၊ ဒီဘရိုင်း စတဲ့အဓိကစားသမား အစုံအလင်နဲ့ပဲ ပွဲထွက်လာခဲ့တာပါ။ အိမ်ရှင်ပဲလေ့စ်အသင်းကလည်း အမှတ်လိုအပ်ချက်မပြင်းထန်တော့ပေမယ့် မန်စီးတီးကို အကောင်းဆုံးတုံ့ပြန်နိုင်ဖို့အတွက် အဓိက ကစားသမားအစုံအလင်နဲ့ပဲ ပွဲထွက်လာခဲ့ပါတယ်။

ချန်ပီယံလိဂ်ဆုအတွက် အမှားခံလို့ မရတဲ့ မန်စီးတီးဟာ ဖိဖိစီးစီးနဲ့ အာရုံစိုက်ကစားသွားခဲ့လို့လည်း အခုလိုနိုင်ပွဲရယူသွားနိုင်ခဲ့တာပါ။ မန်စီးတီးအတွက် ဂိုးတွေကိုတော့ စတာလင်က ပွဲချိန် ၁၅ မိနစ်၊ ၆၃ မိနစ်နဲ့ ဂျီးဆပ်စ် က မိနစ် ၉၀ တို့မှာ သွင်းယူပေးသွားခဲ့တာပါ။

ပဲလေ့စ်အသင်းအတွက် ချေပဂိုးကိုတော့ အသင်းခေါင်းဆောင် မီလီဗိုဂျီဗစ်က ဖရီးကစ်ကနေ လှလှပပသွင်းယူပေးသွားခဲ့တာပါ။ ဒီပွဲမှာ အဓိကပြောချင်တာက စတာလင်ရဲ့အဆုံးသတ်စွမ်းရည်ကိုပါ။ စတာလင်ဟာ ဂွါဒီယိုလာလက်အောက်မှာ တစ်နှစ်ပြီးတစ်နှစ် တိုးတက်ကောင်းမွန်ပြီး အရည်အချင်းတွေကို ပြသထားနိုင်သူပါ။

သူ့ရဲ့အဆုံးသတ်စွမ်းရည်ကလည်း တစ်ပွဲထက်တစ်ပွဲပိုကောင်းလာနေပြီး ပဲလေ့စ်နဲ့ပွဲက အဆုံးသတ်စွမ်းရည်ကတော့ မချီးကျူးဘဲမနေနိုင်အောင်ပါပဲ။ ပထမဂိုးမှာ လျင်မြန်မှုနဲ့ ချိန်သားကိုက်မှုတို့ကိုပေါင်းစပ်ပြီး အဆုံးသတ် သေချာစွာ အဆင့်အတန်းမြင့်မားတဲ့ သွင်းဂိုးတစ်ဂိုးကို သွင်းယူခဲ့သလို ဒုတိယဂိုးမှာလ်း စတာလင်ရဲ့အဆုံးသတ်တည်ငြိမ်ပုံက အံ့မခန်းပါပဲ။

ပဲလေ့စ် ၁-၃ မန်စီးတီး ဟိုက်လိုက်

ဒါကြောင့် စတာလင်အနေနဲ့ လက်ရှိပုံစံအတိုင်းဆိုရင်တော့ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးတိုက်စစ်မှူးဖြစ်ဖို့သိပ်မလိုတော့ပါဘူး။ လီဗာပူးနဲ့ ချဲလ်ဆီးပွဲမှာ လီဗာပူးက အနိုင်ရရှိခဲ့လို့ မန်စီးတီးအနေနဲ့ တစ်ပွဲလျော့ကာ အမှတ်ပေးဇယားအဆင့်နှစ်နေရာကို ဆင်းပေးလိုက်ရပါတယ်။ အခုဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံလုပွဲက အကြိတ်အနယ်အရှိဆုံးဖြစ်လာပြီး ရင်ခုန်စွာနဲ့ စောင့်ကြည့်ရမှာပါ။

PPT(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။