ဂိုးဧရိယာအပြင်ဘက်ကနေ အပြင်းကန်သွင်းယူခဲ့တဲ့ ဆာလတ်ရဲ့ ဒုံးပျံကန်ချက်

Posted on - Apr 15 []

Gunner Ksr

စာရေးသူ

ပရီးမီးယားလိဂ်ပွဲစဉ် ၃၄ ရဲ့အကောင်းဆုံးပွဲစဉ်ဖြစ်တဲ့ လီဗာပူးနဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ပွဲစဉ်ကတော့ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး လီဗာပူးအသင်းက ၂-၀ ဂိုးနဲ့အနိုင်ရရှိသွားခဲ့ပါတယ်။ ဒါကြောင့် လီဗာပူးအနေနဲ့ မန်စီးတီးထက် တစ်ပွဲပိုကစားကာ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ လီဗာပူးအသင်းအနေနဲ့ ချန်ပီယံဆုအတွက် အမှားခံလို့မရတဲ့ပွဲစဉ်ဖြစ်လို့ ဆာလတ်၊ ဖာမီနို၊ မာနေး စတဲ့ အဓိက ကစားသမားတွေ ကိုပဲ အသုံးပြုသွားခဲ့သလို ချဲလ်ဆီးကလည်း ဟာဇက်၊ အိုဒွိုင်း၊ ၀ီလီယံတို့နဲ့ လူစုံခဲ့ပါတယ်။ နှစ်သင်းစလုံးအတွက် အရေးပါတဲ့ပွဲစဉ်ဖြစ်လို့ ပွဲကအကြိတ်အနယ်ရှိကာ ကြည့်ကောင်းခဲ့ပါတယ်။

ပထမပိုင်းမှာ နှစ်သင်းစလုံးအခွင့်အရေးကိုယ်စီရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ ဂိုးမရှိသရေနဲ့ပဲ ပြီးဆုံးခဲ့ရတယ်။ ဒုတိယပိုင်းမှာတော့ လီဗာပူးအသင်းကပိုမိုထိုးဖောက်လာနိုင်ခဲ့ပြီးတိုက်စစ်ဆင်ဖိအားပေးကစားလာနိုင်ခဲ့ပါတယ်။

ဒါကြောင့် လီဗာပူးတို့ ပွဲချိန် ၅၁ မိနစ်မှာ ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး ဒီဂိုးကိုတော့ ဟန်ဒါဆန်ရဲ့ ဖြတ်တင်ပေးပို့မှုကို မာနေးက ခေါင်းတိုက်အဆုံးသတ်သွားခဲ့တာပါ။ ဂိုးရပြီးသွားတဲ့နောက်ပိုင်းမှာလည်း လီဗာပူးကပဲ ချက်ချင်းဆိုသလို တိုက်စစ်ဆင်ခဲ့ပါတယ်။

၅၃ မိနစ်မှာ လီဗာပူးတို့ ဒုတိယမြောက်ဦးဆောင်ဂိုးရသွားခဲ့ပြီး ဒီဂိုးကိုတော့ အဓိကတိုက်စစ်မှူးဆာလတ်က သွင်းယူသွားခဲ့တာပါ။ ဆာလတ်အနေနဲ့ ဂိုးဧရိယာအပြင်ဘက်ကနေ ဒုံးပျံတစ်စင်းလို အပြင်းကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဆာလတ်ရဲ့သွင်းဂိုးက တကယ့်ကို အဆင့်အတန်းမြင့်မားလွန်းပြီး ဒီနှစ်ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးသွင်းဂိုးတွေထဲကတစ်ဂိုးအပါအ၀င်ပါ။ ၂၀၁၈ဖီဖာအကောင်းဆုံးဂိုးဆုရှင် ဆာလတ်ရဲ့ဂိုးကတော့ ပရိသတ်အားလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။

လီဗာပူး ၂-၀ ချယ်လ်ဆီး ဟိုက်လိုက်

PPT(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။