ချဲလ်ဆီးနဲ့ပွဲမှာ ရုပ်ဆိုးအကျည်းတန်စွာ ထပ်ပြီး ဒိုင်ဗင်ပစ်ခဲ့ပြန်တဲ့ ဆာလတ်

Posted on - Apr 15 []

Gunner Ksr

စာရေးသူ

လီဗာပူးတိုက်စစ်မှူးဆာလတ်ကတော့ ချဲလ်ဆီးနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရှက်စရာကောင်းလောက်တဲ့အပြုအမှုမျိုးနဲ့ထပ်မံပြီး ဒိုင်ဗင်ပစ်ခဲ့ပြန်ပါပြီ။ အဲဒီအတွက် ပရိသတ်အများအပြားကတော့ ဆာလတ်ကို ဝေဖန်နေကြပါတယ်။ ဆာလတ်အနေနဲ့ အဲဒီပွဲစဉ်မှာ လီဗာပူးအတွက်အနိုင်သေချာစေမယ့်ဂိုးကို လှလှပပသွင်းယူသွားခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၁၃ မိနစ်မှာ ဖြစ်ပွားခဲ့တဲ့သူ့ရဲ့လုပ်ရပ်ကတော့ ရုပ်ဆိုးအ ကျည်းတန်လွန်းခဲ့ပါတယ်။

ဆာလတ်အနေနဲ့ ချဲလ်ဆီးဂိုးဧရိယာစည်းထဲကိုဝင်လာခဲ့ပြီး ချဲလ်ဆီးနောက်ခံလူဒေးဗစ်လူးဝစ်နဲ့ ရင်ဆိုင်အတွေ့မှာ ဒိုင်ဗင်ပစ်ခဲ့တာပါ။ ဒေးဗစ်လူးဝစ်ရဲ့ဖြတ်ထုတ်မှုက ဆာလတ်ကို လုံးဝမထိခဲ့တာ သိသာထင်ရှားလှပါ တယ်။ ဒါပေမယ့် ဆာလတ်က လှဲချကာဟန်ဆောင်ဒိုင်ဗင်ပစ်ခဲ့ပြီး ပင်နယ်တီရယူဖို့ ကြိုးစားခဲ့ပါတယ်။

ကွင်းလယ်ဒိုင်မိုက်ကယ်အိုလီဗာအနေနဲ့ ပင်နယ်တီပေးခဲ့ခြင်းမရှိပေမယ့် ဆာလတ်ကို အ၀ါကတ်မပြသခဲ့ပါဘူး။ ဆာလတ်ရဲ့လုပ်ရပ်က ရှက်စရာဖြစ်ပြီး အဲဒီအတွက် ပရိသတ်တွေကလည်း ဝေဖန်ရှုတ်ချမှုတွေပြုလုပ်နေကြပါတယ်။

"ဆာလတ်ကလုံးဝအရှက်မရှိတဲ့သူပဲ"။ "လီဗာပူးရဲ့အမာခံပရိသတ်တစ်ယောက်အနေနဲ့ ဆာလတ်ရဲ့ဒိုင်ဗင်တွေကို မမြင်ချင်တော့ပါဘူး"လို့ ပရိသတ်တွေမှတ်ချက်ပြုရေးသားသွားခဲ့ပါတယ်။ ဆာလတ်အနေနဲ့ အခုနှစ်ရာသီမှာ ဟန်ဆောင်ဒိုင်ဗင်ပစ်မှုတွေပြုလုပ်နေလို့ ပရိသတ်တွေရဲ့ဝေဖန်မှုတွေကို ခံနေရသူပါ။ ဟန်ဆောင်ဒိုင်ဗင်ပစ်တာဟာ ရှက်စရာကောင်းတဲ့လုပ်ရပ်ဖြစ်ပြီး ဆာလတ်လိုကစားသမားကောင်းတစ်ယောက်ဆီ မှာ လုံးဝမရှိသင့်တဲ့အရာပါ။ ဆာလတ်အနေနဲ့ သူ့ရဲ့အကျင့်ဆိုးတွေကို ပြုပြင်သွားနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဆာလတ်ရဲ့ဒိုင်ဗင်ပစ်ပုံ

Ref Daily Mail

PPT(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။