Deadpool 2 ရုပ်ရှင်ရဲ့ နောက်ကွယ်က ပရိသတ်တွေမသိသေးတဲ့ စိတ်ဝင်စားစရာအကြောင်းအရာများ

Posted on - Apr 15 []

Douglas Thura

စာရေးသူ

Deadpool 2 ရုပ်ရှင်ကတော့ မပြသခင်တည်းက Superhero ရုပ်ရှင်ချစ်ပရိသတ်တွေကြားမှာ အတော်လေးကို ရေပန်းစားခဲ့ပြီး ရုံတင်ပြသတဲ့အခါမှာလည်း တစ်ကမ္ဘာလုံးက ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို ရရှိခဲ့တာဖြစ်ပါတယ်။ စတင်ပြသတဲ့ပထမအပတ်မှာလည်း Infinity War ရုပ်ရှင်ကိုကျော်ပြီး Box Office ရဲ့ No.1 နေရာကိုရယူနိုင်ခဲ့တဲ့ Deadpool 2 ရုပ်ရှင်ဟာ လက်ရှိမှာလည်း ကမ္ဘာအနှံ့ ရုံတင်ဝင်ငွေ $ 499 Million ကျော် ပြန်လည်ရရှိထားပြီမို့ တော်တော်လေးအခြေအနေကောင်းတယ်လို့ ဆိုရမှာပါ။ အနောက်တိုင်းက နာမည်ကြီးရုပ်ရှင်တော်တော်များများဟာ ပရိသတ်တွေကို မသိမသာပြချင်တဲ့ Message တွေ၊ တစ်ခြားရုပ်ရှင်တွေကို Reference ယူထားတာမျိုးတွေ ထည့်သွင်းရိုက်ကူးလေ့ရှိသလိုပဲ Deadpool 2 ရုပ်ရှင်မှာလည်း ပရိသတ်တွေသတိမထားမိတဲ့ အချက်လေးတွေရှိနေတာကြောင့် ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Wolverine

Wolverine ကတော့ Deadpool ရုပ်ရှင်ထဲမှာ ခဏခဏ Reference ယူထားတာကို တွေ့ ရမှာပါ။ ရုပ်ရှင်ရဲ့ အစမှာတည်းက Logan ရုပ်ရှင်ကို Reference ယူထားတာတွေ့ ရပြီး အဆုံးသတ် Post Credit Scene မှာလည်း Deadpool ဟာ သူ့ ကိုယ်သူ ပြန်သတ်ဖို့ အတွက် X-Men Origins: Wolverine ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းကိုပြန်သွားတာကိုလည်း တွေ့ ရမှာပါ။

Flashdance

ရုပ်ရှင်ရဲ့ အစ စာတန်းထိုးတဲ့နေရာမှာပါတဲ့ Deadpool ရဲ့ ပုံစံဟာ Flashdance the Musical ရဲ့ ပုံစံကို Reference ယူထားတာဖြစ်ပါတယ်။ မတူညီချက်တစ်ခုကတော့ ရေတွေအစား ကျည်ဆံတွေရွာချလာတာပါပဲ။

DC Extended Universe

DCEU လည်း အငြိမ်မနေရပါဘူး။ Cable နဲ့ တိုက်နေတဲ့အခန်းမှာ Deadpool က "You're so dark, you sure you're not from the DC Universe?" ဆိုပြီး Cable ကို မေးခဲ့ပါတယ်။ (DCEU ရဲ့ Superhero ရုပ်ရှင်တော်တော်များများ မှောင်မိုက်နေတတ်တာကြောင့်ပါ)

Tupac Shakur, Ice Cube နဲ့ Geto Boys

Russell တစ်ယောက် Juggernaut နဲ့ မိတ်ဆွေသွားဖွဲ့ တဲ့ဇာတ်ဝင်ခန်းမှာ Russell က ... "I am like Tupac, and you're like Ice Cube" လို့ ပြောခဲ့ပါတယ်။ သူပြောခဲ့တဲ့အကြောင်းအရင်းကတော့ Tupac နဲ့ Ice Cube တို့ ဟာ ဂိုဏ်းစတားအဖွဲ့ ဝင်တွေအဖြစ် လူသိများတာကြောင့်ဖြစ်ပါတယ်။ နောက်ဇာတ်ဝင်ခန်းတစ်ခန်းမှာလည်း Russell က ... "Damn it feels good to be a gangsta." လို့ ပြောခဲ့ပါသေးတယ်။ အဲ့စကားဟာ Geto Boys ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ Damn It Feels Good to Be a Gangsta သီချင်းကို ကိုးကားပြီး ပြောဆိုလိုက်တာဖြစ်ပါတယ်။

Taylor Swift ရဲ့ ကြောင်တွေ

Vanessa သေသွားပြီး Deadpool တစ်ယောက် သူ့ ကိုယ်သူသတ်သေခဲ့တဲ့အခါ Colossus က စောင့်ရှောက်ထားရတာဖြစ်ပါတယ်။ ထိုအတောအတွင်းမှာ Deadpool ဟာ Professor X ရဲ့ Wheelchair နဲ့ လျှောက်သွားနေတဲ့ဇာတ်ဝင်ခန်းမှာ Deadpool ၀တ်ထားတဲ့ T Shirt က ကြောင်ပုံလေးတွေဟာ ကမ္ဘာကျော်အဆိုတော် Taylor Swift ရဲ့ ကြောင်မလေးနှစ်ကောင်ဖြစ်တဲ့ Meredith နဲ့ Olivia တို့ ရဲ့ ပုံဖြစ်ပါတယ်။ ( Ryan တို့ လင်မယားနဲ့ Taylor တို့ ဟာ အပြင်မှာလည်း အတော်ရင်းနှီးကြတဲ့ မိတ်ဆွေတွေဖြစ်ပါတယ် )

Basic Instinct

အောက်ပိုင်းတစ်ခုလုံးပျက်စီးသွားပြီးတဲ့နောက်မှာ Deadpool တစ်ယောက် ခြေထောက်ပြန်ပေါက်ဖို့ စောင့်ခဲ့ရပါသေးတယ်။ ကလေးသာသာခြေထောက်လေးတွေပြန်ပေါက်နေတဲ့ ဇာတ်ဝင်ခန်းမှာ Deadpool ထိုင်နေတဲ့ပုံကိုကြည့်ပြီး Weasel က "It's his basic instinct." လို့ ပြောတဲ့အခါ Cable က "What's that?" လို့  ပြန်မေးခဲ့ပါတယ်။ မင်းသမီးချော Sharon Stone ရဲ့ Basic Instinct ရုပ်ရှင်ထဲက ပုံစံကို Reference ယူထားတာဖြစ်ပါတယ်။

Beyonce

Deadpool မွှေချက်ကတော့ ဘယ်သူ့ ကိုမှ မချန်ပါဘူး။ ဇာတ်ဝင်ခန်းတစ်ခန်းမှာလည်း "Like Beyoncé says, 'Please, please stop cheating on me.'" ဆိုပြီး အဆိုတော် Beyonce ရဲ့ Lemonade Album ထဲက စာသားတစ်ကြောင်းကိုပြောပြီး Reference လုပ်ခဲ့ပါသေးတယ်။

Ref : WittyFeed
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။