အမာခံပရိသတ်တွေတောင် မသိသေးတဲ့ ကမ္ဘာကျော်ရုပ်ရှင်တွေနောက်ကွယ်က အကြောင်းအရာများ

Posted on - Apr 15 []

Douglas Thura

စာရေးသူ

နိုင်ငံတကာအဆင့်မီ ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာ ပရိသတ်တွေဘယ်လိုမှ သတိထားမိနိုင်မှာမဟုတ်တဲ့ နောက်ကွယ်က အကြောင်းအရာတွေ၊ လျှို့ ဝှက်ထားတဲ့ မြှုပ်ကွက်တွေများစွာ ပါဝင်နေတတ်ပါတယ်။ ဒါပေမဲ့လည်း အကင်းပါးတဲ့ တစ်ချို့ ပရိသတ်တွေကတော့ ရုပ်ရှင်ကြည့်ရင်းနဲ့ ပဲ မြှပ်ကွက်လေးတွေကိုပါ ဖော်နိုင်စွမ်းရှိကြတာကိုလည်း တွေ့ ရပြန်ပါတယ်။ အခုဖော်ပြပေးမှာကတော့ အမာခံပရိသတ်တွေတောင် ရှော့ခ့်ရသွားလောက်အောင် ဖြစ်စေမဲ့ နာမည်ကြီးရုပ်ရှင်တစ်ချို့ ရဲ့ နောက်ကွယ်က အကြောင်းအရာလေးတွေတစ်ချို့ုဖြစ်ပါတယ်။

Black Mirror ဇာတ်ကားထဲက စာချုပ်ချုပ်တဲ့ ဇာတ်ဝင်ခန်းတစ်ခန်းမှာ စာချုပ်ထဲမှာ ..."သင် ဒါကိုမဖတ်ပဲကျော်သွားမိပါက (၂၈)ရက်အတွင်း လူ(၅)ယောက်ဆီကို ဒီစာမပို့ ရင် သင် သေဆုံးရလိမ့်မယ်" လို့ ရေးသားထားတဲ့ စာကြောင်းတစ်ကြောင်းပါဝင်နေတာကို တွေ့ ရမှာပါ။

Jurassic Park ဇာတ်ကားထဲက Velociraptor ဒိုင်နိုဆောတွေရဲ့ အသံဟာ လိပ်နှစ်ကောင် မိတ်လိုက်တဲ့အချိန်မှာ ထွက်တဲ့အသံကို ထည့်သွင်းအသုံးပြုထားတာဖြစ်ပါတယ်။

မင်းသားချော Keanu Reeves ဟာ သူနဲ့ အတူ တွဲဖက်သရုပ်ဆောင်တဲ့ စတန့် မင်းသားတွေကို အမှတ်တရအနေနဲ့ မော်တော်ဆိုင်ကယ်တစ်စီးစီ ၀ယ်ပေးလေ့ရှိပါတယ်။

ပရိသတ်တွေ သတိမထားမိလိုက်ကြပေမဲ့ Pirates of the Caribbean: Dead Men Tell No Tales ဇာတ်ကားထဲမှာ အဆိုတော်ကြီး Paul McCartney ဟာ Jack ရဲ့ ဦးလေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။

Deadpool 2 ဇာတ်ကားထဲမှာ မင်းသားချော Matt Damon လည်း Cameo အနေနဲ့ ပါဝင်ခဲ့ပေမဲ့ စာတန်းထိုးတဲ့အခါမှာတော့ သူ့ နာမည်ပါမလာခဲ့ပါဘူး။

နာမည်ကြီး Twilight ရုပ်ရှင်ထဲက အက်ဒ်ဝပ်တစ်ယောက် ဘယ်လာကို ကားမတိုက်မိအောင် တွန်းလိုက်တဲ့ဇာတ်ဝင်ခန်းမှာလည်း သင်သာသတိထားမိမယ်ဆိုရင် ဘယ်လာ့ရဲ့ ဆံပင်ဟာ ကုတ်အင်္ကျီထဲမှာ ၀င်လိုက်၊အပြင်ကို ရောက်သွားလိုက်ဖြစ်နေတာကို တွေ့ ရမှာပါ။

Suspiria ဇာတ်ကားထဲမှာ အမည်မသိရတဲ့ ဂျာမန်သရုပ်ဆောင်ဖြစ်သူဟာ အမှန်တစ်ကယ်တော့ မင်းသမီးကြီး Tilda Swinton ပဲဖြစ်ပါတယ်။

Ref : BrightSide
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။