မတန်မရာသရုပ်ဆောင်ကြေးနဲ့ လက်ခံရိုက်ကူးခဲ့ရတဲ့ ကမ္ဘာကျော်သရုပ်ဆောင်တွေ

Posted on - Apr 15 []

Douglas Thura

စာရေးသူ

ပရိသတ်တွေအားလုံးသိကြပြီးတဲ့အတိုင်း Hollywood က ထိတ်ထိတ်ကြဲမင်းသား၊မင်းသမီးတွေရဲ့ ဇာတ်ကားတစ်ကားစာအတွက် သရုပ်ဆောင်ကြေးတွေဟာ ဒေါ်လာသန်းပေါင်းများစွာရရှိကြတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း တစ်ခါတစ်ရံမှာ ကမ္ဘာ့ထိပ်တန်းသရုပ်ဆောင်တွေဟာ သူတို့ မရိုက်ဖူးတဲ့ ဇာတ်ကောင်တစ်ကောင်ကိုရိုက်ကူးချင်တာကြောင့်ဖြစ်စေ၊ ဒါရိုက်တာက မငှားပေမဲ့လည်း ဇာတ်ညွှန်းကို သဘောကျပြီး ပါဝင်ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်တာကြောင့်ဖြစ်စေ ... ထိုဇာတ်ကားအတွက် သူတို့ ရဲ့ ဝင်ငွေတွေဟာ သူတို့ ပုံမှန်ရတဲ့ အနုပညာကြေးနဲ့ ယှဉ်ရင် မုန့် ဖိုးသာသာပမာဏလောက်ကိုပဲ ရလေ့ရှိကြပါတယ်။ ဇာတ်လမ်းကိုသဘောကျတာကြောင့် မစို့ မပို့ သရုပ်ဆောင်ကြေးပမာဏနဲ့ လက်ခံရိုက်ကူးခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းသရုပ်ဆောင်တစ်ချို့ ကို ဖော်ပြပေးလိုက်ပါတယ်။

The Graduate ဇာတ်ကားမှာ သရုပ်ဆောင်ခ $17,000 သာရရှိခဲ့တဲ့ Dustin Hoffman

Half Nelson ဇာတ်ကားမှာ သရုပ်ဆောင်ခအတွက် တစ်ပတ်မှာ $1,000 သာရရှိခဲ့တဲ့ Ryan Gosling

Boys Don’t Cry ဇာတ်ကားမှာ သရုပ်ဆောင်ခ $3,000 သာရရှိခဲ့တဲ့ Hilary Swank

Winter’s Bone ဇာတ်ကားမှာ သရုပ်ဆောင်ခ $3,000 သာရရှိခဲ့တဲ့ Jennifer Lawrence

The Wolf of Wall Street ဇာတ်ကားမှာ သရုပ်ဆောင်ခ $60,000 သာရရှိခဲ့တဲ့ Jonah Hill

Thelma & Louise ဇာတ်ကားမှာ သရုပ်ဆောင်ခ $6,000 သာရရှိခဲ့တဲ့ Brad Pitt

Magnolia ဇာတ်ကားမှာ သရုပ်ဆောင်ခ $100,000 သာရရှိခဲ့တဲ့ Tom Cruise

ပရိသတ်ကြီးရေ ... ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေလည်း အခုလို မုန့် ဖိုးသာသာသရုပ်ဆောင်ကြေးတွေကို လက်ခံပြီး မတန်မရာရိုက်ကူးပေးခဲ့ရတဲ့ ဇာတ်ကားတွေလည်း ရှိနေတာကိုတွေ့ ရပါတယ်။ ဇာတ်ကားတွေက ကမ္ဘာတစ်ဝှမ်းလုံးက ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်ခဲ့ပေမယ့်လည်း သရုပ်ဆောင်တွေရဲ့ အနုပညာကြေးတွေကတော့ အခုမြင်တွေ့ ရတဲ့အတိုင်း မစို့ မပို့ လေးသာ ရရှိကြတာဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ မိုမိုလေးပရိသတ်တွေကိုလည်း ကျေးဇူးအထူးပဲ တင်ရှိပါတယ်နော်။

Ref : BrightSide
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။