ပရိသတ်တွေသဘောကျနေကြတဲ့ ရွှေမှုံရတီနဲ့ ငွေမှုံရတီတို့ညီအမနှစ်ဦးရဲ့ငယ်ဘဝပုံရိပ်

Posted on - Apr 16 []

Myint Myat

စာရေးသူ

အနုပညာလောကမှာ နေရာတစ်ခု ခိုင်ခိုင်မာမာရရှိနေပြီဖြစ်တဲ့ ရွှေမှုံရတီကတော့ အိမ်ထောင်ကျပြီးသွားပေမယ့်လည်း ပရိသတ်တွေရဲ့အားပေးမှုကို ဆက်တိုက်ရရှိနေဆဲဖြစ်တဲ့ မင်းသမီးချောလေးပဲ ဖြစ်ပါတယ်။ သူမရဲ့ညီမလေးဖြစ်တဲ့ ငွေမှုံရတီကလည်း အမဖြစ်သူနဲ့တူလို့ အနုပညာဝါသနာပါပြီး သရုပ်ဆောင်လောကမှာ လျှောက်လှမ်းနေသူလေးပါ။ လတ်တလောမှာတော့ ငွေမှုံရတီလေးက အမဖြစ်သူနဲ့ ရိုက်ကူးထားတဲ့ ငယ်ငယ်ကပုံရိပ်လေးကို လူမှုကွန်ယက်ပေါ်မှာ ချစ်စဖွယ်လေး တင်ထားတာ တွေ့ရပါတယ်။ ငယ်ငယ်ကတည်းက အရမ်းကိုချစ်စရာကောင်းတဲ့ သူတို့ညီအမနှစ်ဦးရဲ့ပုံရိပ်လေးကိုတော့ ပရိသတ်တွေအားလုံးက သဘောကျနေကြတာပါ။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကိုချစ်စရာကောင်းတဲ့ ရွှေမှုံရတီနဲ့ ငွေမှုံရတီတို့ညီအမနှစ်ယောက်ရဲ့ပုံရိပ်လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ငယ်ငယ်လေးကတည်းက မျက်နှာချိုပြီး ချစ်ဖို့ကောင်းကြတဲ့ ရွှေမှုံလေးတို့ညီအမနှစ်ဦး

ငွေမှုံရတီကတော့ လတ်တလောမှာ အနုပညာအလုပ်တွေ ခပ်ကြဲကြဲလုပ်ဖြစ်နေပြီး ခရီးတွေလည်း ဆက်တိုက်ထွက်ဖြစ်နေတာပဲ ဖြစ်ပါတယ်။

ရွှေမှုံရတီကတော့ လတ်တလောမှာ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေပြီး ခင်ပွန်းဖြစ်သူနဲ့အတူ သီချင်းတွေလည်း လိုက်ဆိုဖြစ်နေတာပါ။ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်လွန်းတဲ့ ရွှေမှုံလေးကိုတော့ သူမရဲ့ပရိသတ်တွေက ဒီနှစ်အတွက် အကယ်ဒမီမှန်းထားကြပါသေးတယ်။ မိုမို​လေးချစ်​ပရိသတ်​​တွေလည်း အရမ်းတွေချစ်စရာကောင်းလွန်းတဲ့ ရွှေမှုံလေးနဲ့ ငွေမှုံလေးတို့ရဲ့ငယ်ငယ်ကပုံရိပ်လေးကို သဘောကျရင်​ Share သွားကြဖို့မ​မေ့ပါနဲ့​နော်​။

Myint Myat
Photo;Ngwe Hmone Yati's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။