သင်္ကြန်မှာ ပရိသတ်တွေကို သီချင်းဆိုဖျော်ဖြေရင်း ခုန်ပေါက်ပျော်ရွှင်နေတဲ့ မိန်းမချော

Posted on - Apr 15 []

Rowena

စာရေးသူ

MRTV 4 ရုပ်သံလိုင်းမှာ ည(၈)နာရီကျော်ဆိုတာနဲ့ ပရိသတ်တွေ စောင့်မျှော်ကြည့်ရှုရတဲ့ "ကျွန်မက မဟေသီ" ဇာတ်လမ်းတွဲထဲက အဓိက ပဲ့ကိုင်ရှင် မိန်းမချော လို့ခေါ်တဲ့ သရုပ်ဆောင် သံသာမိုးသိမ့်က သူမရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာ ရရှိထားသူလေး တစ်ဦးဖြစ်ပါတယ်။ သံသာမိုးသိမ့်က ဒီနှစ်သင်္ကြန်မှာတော့ အမြို့မြို့အနယ်နယ်မှာရှိတဲ့ ပရိသတ်တွေကို သီချင်းဆို ဖျော်ဖြေပေးရင်း ပျော်စရာကောင်းတဲ့ အချိန်တွေကို ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ သင်္ကြန်အကြတ်နေ့မှာတော့ သံသာမိုးသိမ့်က ရမည်းသင်းမြို့က ပရိသတ်တွေကို သီချင်းတွေ အားရပါးရ ဆိုပြရင်း ဖျော်ဖြေပေးနေတာကို တွေ့ရပါတယ်။ သံသာမိုးသိမ့်တစ်ယောက် ပရိသတ်တွေကို ဖျော်ဖြေပေးရင်း သူမကိုယ်တိုင်ကလဲ အရမ်းကို ပျော်ရွှင်နေပြီး ချစ်စရာကောင်းနေတာမို့ မိုမိုလေးပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။

ရမည်းသင်း ပရိသတ်တွေကို အားရပါးရ ဖျော်ဖြေပေးနေတဲ့ သံသာမိုးသိမ့်

ကလေးလေးလို ခုန်ပေါက်ပျော်ရွှင်နေတဲ့ ချော

သံသာမိုးသိမ့်က သရုပ်ဆောင်ကောင်းသလို သီချင်းဆိုလဲ တော်တော်ကောင်းတာပဲနော်။ သံသာမိုးသိမ့်ရဲ့ သီဆိုဖျော်ဖြေမှုကို သဘောကျကြိုက်နှစ်သက်ရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Than Thar Moe Theint's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။