ကင်မရာတွေရဲ့ နောက်ကွယ်က Baekhyun ရဲ့ သရုပ်အမှန်

Posted on - Apr 15 []

Mia Zin

စာရေးသူ

ရိုက်ကူးရေးကင်မရာတွေ အရှေ့နဲ့ စတိတ်စင်ပေါ်မှာပဲ အမြဲတွေ့မြင်နေရတဲ့ Idol တစ်ယောက်ရဲ့ ပင်ကိုယ်ပုံစံအစစ်အမှန်က ဘယ်လိုပုံစံမျိုးဖြစ်မလဲဆိုတာကို တွေးကြည့်ကြဖူးပါသလား။ ရိုက်ကူးရေးမရှိတဲ့ ကင်မရာနောက်ကွယ် (သို့မဟုတ်) စတိတ်စင်အနောက်ဘက်မှာဆိုရင် Idol တွေဟာ ဖန်သားပြင်အထက်က ပုံစံမျိုးတွေနဲ့ အနည်းငယ်ပြောင်းလဲမှုရှိနေပါတယ်။ ထို Idol တွေထဲမှာ EXO အဖွဲ့ဝင် Baekhyun လည်း ပါဝင်ပါတယ်။ ဒီလိုဆိုရင် Baekhyun ရဲ့ ပုံစံအစစ်အမှန်လေးက ဘယ်လိုပုံစံမျိုးဖြစ်မလဲဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြရအောင်။

Baekhyun ဟာ အစအနောက်သန်ပြီး ပျော်ပျော်နေတတ်တယ်ကို လူတိုင်းသိကြပေမယ့် ဒါတွေဟာစင်အောက်ရောက်သွားတဲ့အခါမှာတော့ အဲ့ဒီပုံစံတထပ်တည်းတော့မဟုတ်ပါဘူး။ သူ့ရဲ့ တကယ့်ပင်ကိုယ်ပုံစံကတော့ သူစိမ်းတွေနဲ့တွေ့တဲ့အခါမှာအရမ်းရှက်တတ်ပြီး အခုမှတွေ့တဲ့သူတွေနဲ့ ခင်ခင်မင်မင်ပေါင်းသင်းဆက်ဆံဖို့အတွက် အတော်လေးကို ကြိုးစားအားထုတ်ရတယ်လို့ ဆိုကြပါတယ်။

နောက်ထပ်ပုံစံတစ်ခုကတော့ သူ့ရဲ့အဖွဲ့ဝင်တွေကိုအရမ်းချစ်ကြောင်းကို ထုတ်ဖော်ပြောတတ်သူတစ်ယောက်လည်း ဖြစ်ပါသေးတယ်တဲ့။ သူ့အဖွဲ့ဝင်တွေအကြောင်းကိုသာ အမြဲမပြတ်ပြောတတ်ပြီး သူ့အကြောင်းကိုသိပ်မပြောပြတတ်ခြင်းအားဖြင့်လည်း Baekhyun ဟာ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချဆက်ဆံတတ်သူမှန်းသိသာထင်ရှားစေပါတယ်။

တစ်ခါကဆိုရင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ D.O က သူဟာဘယ်နေရာမှာမှမတော်တဲ့သူဖြစ်ကြောင်းကို ပြောတဲ့အခါမှာ Baekhyun ကချက်ချင်းပဲ D.O တော်တဲ့အရာတွေကိုတန်းစီရွတ်ပြခဲ့ပါတယ်။"D.O yaa မင်းကသရုပ်ဆောင်လဲတော်တယ်။ဘယ်နေရာမှာမှ မတော်ဘူးလို့ပြောတယ် ဟုတ်စ မင်းက သီချင်းဆိုလည်းတော်တယ် အကလည်းကောင်းတယ်။ သူက ကျွန်တော်တို့အဖွဲ့အတွက်တော့ရတနာတစ်ပါးပဲ " လို့ Baekhyun ကပြောပြခဲ့ပါတယ်။ ဘယ်လောက်တောင်မှ မြတ်နိုးဖို့ထိုက်တန်တဲ့ လူသားတစ်ဦးလဲနော်။

Baekhyun ဟာသူ့ပရိတ်သတ်တွေအပေါ်အရမ်းချစ်ပြီးခံစားချက်တွေအများကြီးရှိကြောင်းလည်အမြဲလိုလိုပင်ပြသတတ်တယ်။ သူ့ပရိတ်သတ်တွေအတွက် "Aeri" လို့ချစ်စရာကောင်းတဲ့နာမည်ပြောင်လေးပေးထားပြီး သူ အင်စတာဂရမ်အကောကင့် ဖွင့်ထားတဲ့အကြောင်းအရင်းကလည်း တစ်ကမ္ဘာလုံးက "Aeri" တွေနဲ့ဆက်သွယ်နိုင်ဖို့အတွက် ဖြစ်ပါတယ်တဲ့။ ဘယ်လောက်တောင်ကံကောင်းလိုက်တဲ့ Aeri တွေများပါလဲနော်။

Baekhyun ဟာ သူ့ပရိတ်သတ်တွေကို အမြဲအချစ်တွေပြည့်နှက်နေတဲ့မျက်ဝန်းတွေ အပြုံးတွေနဲ့ ကြည့်တတ်ပြီး ဒါဟာဆိုရင် တခြားသူတွေကတောင် သူ့အနေနဲ့ သူ့ပရိတ်သတ်တွေအပေါ်မှာ ဘယ်လောက်ချစ်ပြီးအလေးအနက်ထားလဲဆိုတာကို အသိအသာကြီးမြင်တွေ့နိုင်ပါတယ်။

Aeri လေးတို့ကတော့ Baekhyun ရဲ့ကင်မရာအရှေ့က ပုံစံပဲဖြစ်ဖြစ်၊ နောက်ကွယ်က ပုံစံပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေမျိုးမှာပဲရောက်နေပါစေ....Appa Baekhyun ကို ချစ်သွားကြမှာမဟုတ်လား။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။