ပြိုင်ဘက်နည်းပြကို သွားနှစ်ချောင်းကျွတ်သွားတဲ့အထိ ဆော်ခဲ့ပြန်တဲ့ ဂျိုယေးဘာတန်

Posted on - Apr 15 []

Gunner Ksr

စာရေးသူ

ဂျိုယေးဘာတန်လို့ပြောလိုက်ရင် ဘောလုံးပရိသတ်တွေအနေနဲ့ ပြဿနာပေါင်းများစွာကို ဖန်တီးခဲ့တဲ့ ဘောလုံးလူဆိုးအဖြစ်ပဲ ပြေးမြင်ကြမှာပါ။ ဂျိုယေးဘာတန်ဟာ ကစားသမားဘ၀မှာ ပြဿနာပေါင်းများစွာရှာခဲ့သူဖြစ် ပြီး ထောင်ထဲလည်း ခဏခဏ ၀င်ရောက်ခဲ့ဖူးသူဖြစ်ပါတယ်။ ဘာတန်အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဘန်လေမှာနောက်ဆုံးကစားရင်း ကစားသမားကို နှုတ်ဆက်ခဲ့ပါတယ်။ အဲဒီနောက် ဘာတန်ဟာ ၂၀၁၈ ခုနှစ်အတွင်း မှာ လိဂ်ဝမ်းကလပ်ဖလီးဝုဒ်တောင်းအသင်းကို နည်းပြခဲ့ပါတယ်။ ဘောလုံးသမားဘ၀ကနေ အနားယူပြီး နည်းပြဘ၀ရောက်သွားပေမယ့် ဘာတန်ကတော့ အခုအချိန်အထိ မရင့်ကျက်သေးတာအမှန်ဖြစ်ပြီး ပြဿနာတွေ ကို ဖန်တီးနေတုန်းပါပဲ။

ပြီးခဲ့တဲ့ စနေနေ့မှာ ဘာတန်ဟာ ပြိုင်ဘက်နည်းပြကို ဥမင်ထဲမှာ တိုက်ခိုက်ခဲ့ပြီး ပြိုင်ဘက်နည်းပြအနေနဲ့ သွားနှစ်ချောင်းကျိုးသွားခဲ့ပြီး အရေးပေါ်ခွဲစိတ်ကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့စနေန့မှာ ဘာတန်ရဲ့ ဖလီးဝုဒ်တောင်းအသင်းနဲ့ ဘန်စလေအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ ဘန်စလေအသင်းက ၄-၂ ဂိုးနဲ့အနိုင်ရရှိသွားခဲ့ပါတယ်။ ပွဲချန်အတွင်းမှာကတည်းက ဘာတန်နဲ့ ဘန်စလေနည်းပြစတန်ဒယ်တို့အနေနဲ့ အပြန်အလှန်စကားများခဲ့ကြပါတယ်။ ပွဲပြီးဆုံးချိန်မှာလည်း သူတို့ရဲ့ပြဿနာက အဆုံးမသတ်နိုင်ဘဲ ဥမင်ထဲမှာ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။

အဲဒီမှာ စိတ်မထိန်းနိုင်တဲ့ ဘောလုံးလူဆိုးကြီးဘာတန်က ဘန်စလေနည်းပြကို တွန်းထိုးကာဦးခေါင်းနဲ့တိုက်ခဲ့တယ်လို့ သိရပါတယ်။ ဘာတန်ကြောင့် စတန်ဒယ်ဟာ သွားနှစ်ချောင်းကျိုးသွားခဲ့ပြီး မျက်နှာမှာလည်းသွေးများ စွာ ထွက်ခဲ့တယ်လို့ သိရပါတယ်။

ဘာတန်အနေနဲ့ ကွင်းထဲကနေ ကားမောင်းထွက်ရာမှာတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဘာတန်ရဲ့ကားကိုတားထားခဲ့ပါတယ်။ အဲဒီအတွက်ဘာတန်ဟာ စစ်ဆေးမှုတွေနဲ့ရင်ဆိုင်နေရပြီး ၈ လကနေ ၁၁ အထိဘောလုံးလောက ကနေ ပိတ်ပင်ခံရဖို့ရှိနေပါတယ်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အနေနဲ့လည်း ဖလီးဝုဒ်တောင်းအသင်းအား ဘာတန်ကိုရာထူးကနေထုတ်ပယ်ဖို့ ဖိအားပေးသွားဖွယ်ရှိတယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် ဘာတန်ကတော့ သူ့အနေနဲ့ ရာထူးကနေ ဆုံးရှုံးမှာမဟုတ်ဘူးလို့ ယုံကြည်လျက်ရှိနေပါတယ်။ ဘာတန်ရဲ့ ဇ ကတော့မသေးဘဲ နည်းပြဘ၀ရောက်သွားချိန်မှာတောင် ဗီဇကမပျောက်ဘူးလို့ပဲ ဆိုရတော့မှာပါ။

ဗီဒီယိုဖိုင်ကြည့်ရှုရန်

Ref Daily Mail

PPT(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။