ချဲလ်ဆီးနဲ့ပွဲက ဆာလတ်ရဲ့ဂိုးကိုမြင်ပြီး ရှေးဂစ်ဗင်ရဲ့တုံ့ပြန်ပုံကို ပရိသတ်များ သဘောကျနေ

Posted on - Apr 15 []

Gunner Ksr

စာရေးသူ

ပရီးမီးယားလိဂ်ပွဲစဉ် ၃၄ အဖြစ် ကစားခဲ့တဲ့ လီဗာပူးနဲ့ ချဲလ်ဆီးအသင်းတို့ပွဲစဉ်မှာ လီဗာပူးအသင်းက ၂-၀ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ လီဗာပူးအတွက် အနိုင်ဂိုးတွေကို မာနေးနဲ့ဆာလတ်တို့က သွင်းယူပေး သွားခဲ့ကြတာပါ။ ဆာလတ်ရဲ့သွင်းဂိုးကတော့ တကယ့်ကိုလှပလွန်းပြီး ကြည့်ရှုသူပရိသတ်အားလုံးကို တအံ့တသြဖြစ်သွားစေခဲ့ပါတယ်။ ဆာလတ်အနေနဲ့ ဂိုးဧရိယာအပြင်ဘက်နေ လှလှပပ အပြင်းကန်သွင်းသွားခဲ့တာပါ။ အဲဒီသွင်းဂိုးဟာ ပရိသတ်တွေအကြိုက်များခဲ့ကာ ရေပန်းစားခဲ့တဲ့ဂိုးလည်းဖြစ်ပါတယ်။

ဒါပေမယ့် အဲဒါက နယူးကာဆယ်ဂိုးသမားဟောင်းရှေးဂစ်ဗင်အတွက်တော့ မမှန်ကန်ပါဘူး။ ဆာလတ်ရဲ့ဂိုးဟာ ရှေးဂစ်ဗင်အတွက် ရင်ခုန်စရာမကောင်းခဲ့ပါဘူး။ ရှေးဂစ်ဗင်ဟာ လီဗာပူးနဲ့ ချဲလ်ဆီးပွဲစဉ်အတွက် တီဗီအစဉ် တစ်ခုမှာ ဝေဖန်သူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။

ဆာလတ်တစ်ယောက်ဂိုးသွင်းပြီးချိန်မှာ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ အာဆင်နယ်ဂန္ထ၀င်ကစားသမားဟောင်းအီယန်ရိုက်အပါအ၀င် တခြားသူတွေက လက်ခုပ်လက်ဝါးတီးကာ တအံ့တသြဖြစ်ခဲ့ပေမယ့် ရှေးဂစ်ဗင်က တော့ အစားအသောက်တောင် မပျက်ခဲ့ပါဘူး။

ရှေးဂစ်ဗင်ရဲ့ အဲဒီတုံ့ပြန်ပုံဗီဒီယိုက အွန်းလိုင်းပေါ် ပျံ့နှံ့လာခဲ့ရာမှာတော့ ပရိတတ်အများအပြားက သဘောကျနှစ်ခြိုက်ခဲ့ကြပါတယ်။ တချို့ကလည်း ရှေးဂစ်ဗင်အနေနဲ့ ဒီလောက်ကောင်းတဲ့ဂိုးတစ်ဂိုးကို အနည်းဆုံးတော့ ဂုဏ်ပြုသင့်တယ်လို့ ပြောဆိုသူတွေလည်း ရှိခဲ့ပါတယ်။ ရှေးဂစ်ဗင်ဟာ ကစားသမားဘ၀မှာ နယူးကာဆယ်၊ မန်စီးတီး၊ အက်စတွန်ဗီလာ၊ မစ်ဒယ်ဘရော့၊ စတုတ်စီးတီးအသင်းတို့မျာ ကစားခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ ဘောလုံးသမားဘ၀ကနေ အနားယူခဲ့သူဖြစ်ပါတယ်။

ဗီဒီယိုဖိုင်ကြည့်ရှုရန်

Ref Joe

PPT(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။