လိဒ်တိုက်စစ်မှူး ဟာရီဆန် ဂိုးသွင်းပြီးချိန်မှာ ပရိသတ်တွေနဲ့အတူ အောင်ပွဲလိုက်ခံခဲ့တဲ့ခွေးလေး

Posted on - Apr 15 []

Gunner Ksr

စာရေးသူ

ပြီးခဲ့တဲ့စနေနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ လိဂ်ချန်ပီယံရှစ်ပွဲစဉ် ၄၂ မှာ လိဒ်အသင်းက ရှက်ဖီးဝင်းနက်ဒေးအသင်းကို ၁-၀ ဂိုးနဲ့အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီပွဲအနိုင်ကြောင့် လိဒ်အသင်းဟာ ပရီးမီးယားလိဂ်ကို တိုက်ရိုက်တန်းတက် ခွင့်ရမယ့် အဆင့်နှစ်နေရာကို ပြန်လည်တက်လှမ်းလာနိုင်ခဲ့ပါတယ်။ လိဒ်အသင်းဟာ ပြိုင်ပွဲပြီးဆုံးဖို့ ၄ ပွဲအလိုမှာ အဆင့်သုံးနေရာက ရှက်ဖီးလ်ယူနိုက်တက်အသင်းကို ၃ မှတ်ဖြတ်ထားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်တိုက်ရိုက် တန်းတက်ခွင့်ရရှိဖို့ အလားအလာကောင်းတွေကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။

အဲဒီပွဲစဉ်မှာ လိဒ်အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ပွဲချိန် ၆၅ မိနစ်မှာ တိုက်စစ်မှူးဟာရီဆန်က သွင်းယူပေးသွားခဲ့တာပါ။ ဟာရီဆန် ဂိုးသွင်းပြီးချိန်မှာတော့ လိဒ်အသင်းပရိသတ်တွေအနေနဲ့ အပျော်လွန်ခဲ့ ကြပြီး အားရပါးရ အောင်ပွဲခံခဲ့ကြပါတယ်။

အဲဒီမှာ ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ ဟာရီဆန်ဂိုးသွင်းပြီးတဲ့အချိန်မှာ ပွဲကြည့်စင်ပေါ်မှာရှိနေတဲ့ ခွေးလေးတစ်ကောင်ကလည်း ပရိသတ်တွေနဲ့ အောင်ပွဲခံတဲ့အမူအရာကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါကို ပရိသတ်တစ်ယောက်က မှတ်တမ်းတင်ထားခဲ့ပြီး အွန်းလိုင်းပေါ် ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

Sean Clare ဆိုသူက သူ့ရဲ့ကိုယ်ပိုင် Twitter အကောင့်ကနေ တစ်ဆင့် "ဒါက ငါမြင်ဖူးသမျှ ဘောလုံးပွဲတွေမှာ အကောင်းဆုံးသောအရာ ဖြစ်နိုင်ပါတယ်။ ဒီအမျိုးသမီးရဲ့ခွေးလေးဟာ ဟာရီဆန်ရဲ့အနိုင်ဂိုးအတွက် လိုက် ပြီး အောင်ပွဲခံခဲ့ပါတယ်"ဆိုတဲ့စာသားနဲ့အတူ အဲဒီဗီဒီယိုဖိုင်ကို မျှဝေခဲ့တာပါ။ အဲဒီဗီဒီယိုဖိုင်ကို လူကြိုက်များခဲ့ပြီး လူပေါင်း ၁၀၀၀ ကျော်က retweet ပြုလုပ်ခဲ့ကြပါတယ်။ လက်ရှိလိဂ်ချန်ပီယံရှစ်အမှတ်ပေးဇယားထိပ်ဆုံး မှာ နော့ဝှစ်ခ်ျအသင်းက ရမှတ် ၈၆ မှတ်နဲ့ ဦးဆောင်နေလျက်ရှိနေပြီး လိဒ်၊ ရှက်ဖီးယူနိုက်တက် အသင်းတို့က ပရီးမီးယားလိဂ်တိုက်ရိုက်တန်းတက်ခွင့်အတွက် အပြိုင်ဖြစ်လျက်ရှိနေကြပါတယ်။

ပရိသတ်တွေနဲ့အတူ အောင်ပွဲလိုက်ခံခဲ့တဲ့ခွေးလေး ဗီဒီယိုဖိုင်

Ref Joe

PPT(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။