ပရီးမီးယားလိဂ်ကိုရောက်ပြီး တစ်နှစ်မပြည့်ခင်မှာပဲ ဒီဂီယာရဲ့အကောင်းဆုံးစံချိန်ကို လိုက်မီသွားတဲ့ အယ်လစ်ဆန်

Posted on - Apr 15 []

Gunner Ksr

စာရေးသူ

လီဗာပူးဂိုးသမားအယ်လစ်ဆန်ဟာ ချဲလ်ဆီးနဲ့ပွဲမှာ အကောင်းဆုံးလက်စွမ်းပြကစားပြီး ဂိုးမပေးရအောင် စွမ်းဆောင်ခဲ့ပြီးနောက် သူ့ရဲ့ဒီရာသီမှာ ဂိုးမပေးခဲ့ရတဲ့ပွဲဟာ ၁၈ ပွဲအထိရှိသွားခဲ့ပါပြီ။ အဲဒါကြောင့် ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ကမှ လီဗာပူးကိုရောက်ရှိလာခဲ့တဲ့အယ်လစ်ဆန်ဟာ ပရီးမီးယားလိဂ်ကိုရောက်ရှိပြီး တစ်နှစ်မပြည့်ခင်မှာပဲ ဒီဂီယာရဲ့ ပရီးမီးယားလိဂ်တစ်ရာသီအတွင်း clean sheet အရေအတွက်ကို လိုက်မီသွားခဲ့တာ ဖြစ်ပါတယ်။ အယ်လစ်ဆန်ဟာ အခုရာသီမှာ လက်စွမ်းကောင်းတွေကို ပြသထားသူတစ်ယောက်ပါ။

အယ်လစ်ဆန်အနေနဲ့ အခုလို clean sheet အရေအတွက်ကို လွယ်လွယ်ကူကူ ရရှိခဲ့တာမဟုတ်ဘဲ ပွဲစဉ်တိုင်းမှာ အကောင်းဆုံးသော ကာကွယ်မှုတွေပြုလုပ်ခဲ့ရပါတယ်။ အယ်လစ်ဆန်အနေနဲ့ ရာသီအစမှာ သူ့ရဲ့မလို လားအပ်တဲ့ စွန့်စားကစားပုံကြောင့် ဝေဖန်မှုတွေ ခံခဲ့ရပေမယ့်လည်း နောက်ပိုင်းမှာ သူ့ရဲ့အမှားကို ပြုပြင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အချိန်တိုအတွင်းမှာလည်း အယ်လစ်ဆန်ဟာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးဂိုးသမားစာရင်းဝင်တစ်ယောက် ဖြစ်လာခဲ့တယ်။ ပရီးမီးယားလိဂ်တစ်ရာသီအတွင်း clean sheet အရေအတွက်အများဆုံးရရှိပြီး စံချိန်တင်ထားသူကတော့ အာဆင်နယ်ဂိုးသမားပီတာချက်ဖြစ်ပါတယ်။

ပီတာချက်ဟာ ၃၈ ပွဲကစားပြီး ၂၄ ပွဲအထိ ဂိုးမပေးရအောင် စွမ်းဆောင်ထားနိုင်ခဲ့တာပါ။ ပီတာချက်ရဲ့နောက်မှာတော့ လီဗာပူးဂိုးသမားဟောင်းရိန်နာက ပွဲ ၂၀ ဂိုးမပေးရအောင်ကစားပြီး ဒုတိယနေရာမှာ ရပ်တည်နေပါ တယ်။ ဒါကြောင့် အယ်လစ်ဆန်အနေနဲ့ လက်ကျန် ၄ ပွဲစလုံး ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင်တော့ ရိန်နာရဲ့စံချိန်ကို လိုက်မီသွားနိုင်မှာဖြစ်ပါတယ်။

လီဗာပူးအသင်းအနေနဲ့ ပရီးမီးယားလိဂ်လက်ကျန် ၄ ပွဲမှာ ကာဒစ်ဖ်၊ ဟက်ဒါဖီးလ်၊ နယူးကာဆယ်၊ ၀ုဖ်အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ လီဗာပူးအနေနဲ့ လက်ရှိပရီးမီးယားလိဂ် ၃၄ ပွဲယှဉ်ပြိုင်ကစားပြီးတဲ့အချိန် မှာ မန်စီးတီးထက် တစ်ပွဲပိုကစားကာ ၂ မှတ်အသာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ လီဗာပူးအနေနဲ့ အခုရာသီမှာ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြန်လည်ရယူနိုင်ဖို့ မျှော်မှန်းထားလျက်ရှိနေပါတယ်။

PPT(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။