ဒယ်ဆယ်ဒေါ့အသင်းလို ပင်နယ်တီမျိုးရသွားပါက ရည်ရွယ်ချက်ရှိရှိ မ၀င်အောင်ကန်သွားမယ်လို့ မူလာ ဆို

Posted on - Apr 15 []

Gunner Ksr

စာရေးသူ

ပြီးခဲ့တဲ့ ဘွန်ဒက်လီဂါပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဒယ်ဆယ်ဒေါ့အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ပွဲစဉ်မှာတော့ ဧည့်သည်ဘိုင်ယန်မြူးနစ်အသင်းက ၁-၄ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရသွားခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ ဘိုင်ယန် အတွက်ဂိုးတွေကို ကိုးမန်းက နှစ်ဂို၊ ဂနာဘရီနဲ့ ဂိုဂက်စ်ကာတို့က သွင်းယူပေးသွားခဲ့တာပါ။ ဒယ်ဆယ်ဒေါ့အသင်းအတွက် တစ်ဂိုးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် ၈၉ မိနစ်မှာ လူစားဝင်ကစားသမားလူကီဘာကီယိုက ပင်နယ်တီကနေတစ်ဆင့် သွင်းယူပေးသွားခဲ့တာပါ။

ဒယ်ဆယ်ဒေါ့အသင်းရရှိခဲ့တဲ့ ပင်နနယ်တီဟာ အငြင်းပွားဖွယ်အနေအထားဖြစ်ပြီး ဂိုးဧရီယာစည်းအတွင်းမှာ ဘိုင်ယန်နောက်ခံလူဟမ်းမဲလ်က လက်နဲ့ထိသွားခဲ့တာပါ။ အဲဒီနောက် ဒိုင်လူကြီးက VAR ကိုပြန်လည်ကြည့်ရှုကာ ပင်နယ်တီအဖြစ် သတ်မှတ်ခဲ့ရာမှာတော့ ကီဘာကီယိုက ဂိုးအဖြစ် ပြောင်းလဲခဲ့တာပါ။

အဲဒီပင်နယ်တီနဲ့ ပတ်သက်ပြီး ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးမူလာက မကျေမချမ်းဖြစ်နေကာ တကယ်လို့သူသာ အဲဒီပင်နယ်တီကန်သွင်းသူဆိုပါက မရသင့်ဘဲရခဲ့တဲ့အတွက် အဲဒီလိုပင်နယ်တီမျိုးကိုသာရခဲ့ရင် ရည်ရွယ်ချက်ရှိရှိ လွဲချော်အောင် ကန်သွားမယ်လို့ ဆိုခဲ့ပါတယ်။

မူလာက "'ဘောလုံးက လက်ကိုလာမှန်ခဲ့တာ အရှင်းကြီးပါ။ ဂျာမနီဒိုင်လူကြီးတွေအနေနဲ့ ဘယ်လိုမြင်ခဲ့ကြသလဲတော့ ကျွန်တော်မသိဘူး။ ဒါပေမယ့် တိုက်စစ်မှူးတစ်ယောက်အနေနဲ့ အဲဒီလိုပင်နယ်တီမျိုးကို မလိုချင်ပါဘူး။ တကယ်လို့ ကျွန်တော်သာ အဲဒီလို ပင်နယ်တီမျိုးကန်ရမယ်ဆိုရင် ရည်ရွယ်ချက်ရှိရှိ လွဲချော်အောင် ကန်မှာပါ"လို့ ဆိုသွားခဲ့တာပါ။

မူလာအနေနဲ့ ပွဲချိန်မိနစ် ၇၀ မှာ ဒဏ်ရာကြောင့် လူးစားလဲခံခဲ့ရပြီး ဘိုင်ယန်အသင်းကလည်း မူလာအနေနဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ ဘိုင်နယ်မြူးနစ်အနေနဲ့ လက်ရှိဘွန်ဒက်လီဂါ ၂၉ ပွဲကစား ပြီးချိန်မှာ ၆၇မှတ်ရရှိကာ ဒေါ့မွန်ထက် တစ်မှတ်အကွာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်လျက်ရှိနေပါတယ်။ ဒါကြောင့် ဘိုင်ယန်မြူးနစ်အနေနဲ့ ချန်ပီယံဆုဖလားကို ဆက်လက်ကာကွယ်သွားနိုင်မလားဆိုတာက တော့ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

Ref Be Soccer

PPT(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။