'2019 Hong Kong Film Awards' ကိုတက်ရောက်လာတဲ့ Song Hye Kyo

Posted on - Apr 15 []

Theingi Kyaw

စာရေးသူ

ကြည့်ရတာ သူမရဲ့ပရိတ်သတ်တွေအကုန်လုံး ဒီလိုပုံစံကိုကြိုက်ကြတဲ့ပုံမပေါ်ပါဘူး။ အဆိုပါအဖြစ်အပျက်တွေဟာ ဧပြီလ ၁၄ ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဧပြီလ ၁၄ရက်နေ့မှာ တောင်ကိုရီးယားရဲ့ထိပ်တန်းမင်းသမီးဖြစ်တဲ့ ဆောင်းဟေကိုဟာ '2019 Hong Kong Film Awards' ကို တက်ရောက်လာခဲ့ပါတယ်။ အဆိုပါ ဂုဏ်သရေကြီးမားလှတဲ့ပွဲကို တက်ရောက်ခဲ့တာ ၁၂ နှစ်အတွင်းမှာ ဆောင်းဟေကိုအနေနဲ့ ပထမဆုံးတက်ရောက်ခဲ့တာဖြစ်ပါတယ်။

လူအများကြီးရဲ့ရှေ့တော်မှောက်ကို အရောက်လာရမှာဖြစ်လို့ ဆောင်းဟေကိုတစ်ယောက် သေချာတာကတော့ အ၀တ်အစားဆင်ယင်မှုမှာ တော်တော်အားစိုက်ထုတ်ခဲ့ပါတယ်။ Mortitia Adam ရဲ့ အမည်းရောင်ဂါဝန်အရှည်ကို ကျက်သရေရှိစွာ ၀တ်ဆင်ထားပြီး Chaumet မှ ကျောက်မျက်ရတနာတွေကို ဆင်ယင်ထားခဲ့ပါတယ်။ သေချာတာကတော့ ဒီလို ၀တ်စားဆင်ယင်ဖို့ဆိုတာ ဒေါ်လာ သန်းနဲ့ချီပြီးကုန်ကျမယ်ဆိုတာ အထူးတလည်ညွှန်းဆိုနေစရာတောင်မလိုတော့ပါဘူး။

ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ပဲ အဲ့ဒီညမှာ ၀တ်ဆင်ထားတဲ့ ဆောင်းဟေကိုရဲ့ ၀တ်စုံကို လူတိုင်းလိုလိုတော့ သဘောကျခဲ့ခြင်းမရှိပါဘူး။ သူမရဲ့ ဖက်ရှင်ဟာ တအားကို ဗလာဖြစ်နေတယ်လို့ဆိုပါတယ်။ တစ်ချို့ကလည်း အဆိုပါ ၀တ်စုံတွေဟာ သူမကို တော်တော် အိုစာ စေတယ်လို့ဆိုကြပါတယ်။

ဒါပေမယ့်လည်း ဆောင်းဟေကိုဟာ ဘယ်ချိန်ကြည့်ကြည့်ကျက်သရေရှိပြီးနုပျိုနေတဲ့ အကြည့်တွေ ပုံစံတွေနဲ့ အဲ့ဒီညကို သိမ်းပိုက်ခဲ့ပါတယ်။

မျက်လုံး၊ မျက်ခုံး၊ အကြည့် တွေရဲ့ စူးရှနေမှုဟာဆိုရင်တော့..

သင်တို့ကော ဆောင်းဟေကိုရဲ့ဖက်ရှင်ကိုဘယ်လိုသဘောရပါသလဲ။

GI GI(momolay)
Source : KStarLive

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။