BTS ရဲ့ Idol သီချင်းနဲ့ ကပြီး ခက်ခက်ခဲခဲ mission ဆော့ခဲ့ကြတဲ့ Running Man

Posted on - Apr 15 []

Theingi Kyaw

စာရေးသူ

သေချာတာကတော့ သူ့အတို့အနေနဲ့ အဆိုပါက အကကို cover ဖို့ဆိုတာ ဘယ်လိုမှမလွယ်ကူတဲ့အနေအထားပါ။ ဧပြီလ ၁၄ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ SBS ရဲ့ 'Running Man,' အပိုင်းမှာ Running Man အဖွဲ့သားတွေဟာ BTS ရဲ့ Idol သီချင်းကို cover dance ကပြီး mission တစ်ခုဆော့ခဲ့ရပါတယ်။ ဘယ်လိုတွေ အူတက်အောင် ရီနေရသလဲဆိုတာကိုတော့ မိုမိုလေးနဲ့တူတူလိုက်ပါစီးမြောကြည့်ရှုလိုက်ရအောင်။

Running Man အဖွဲ့သားတွေဟာ တောင်ကိုရီးယားရဲ့အတော်ဆုံးအကသမားတွေဖြစ်တဲ့ J-Black နဲ့ Mary တို့ရှေ့မှာ mission ပြီးဆုံးအောင်ဆောင်ရွက်ရမှာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒါဟာ သူတို့အတွက်တော့ လုံးဝကို လွယ်ကူတဲ့ ကိစ္စတစ်ရပ်မဟုတ်ခဲ့ပါဘူး။

အသက်အကြီးဆုံးအဖွဲ့ဝင်ဖြစ်တဲ့ Ji Sukjin ဟာ အဖွဲ့အတွက် ဒီနေရာမှာ BLACK HOLE ဖြစ်တာကြောင့် ဆက်တိုက်ဆိုသလို မှားယွင်းခဲ့ပြီး Tempo ကို လည်း အမြဲလိုလိုလွတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကြိုးစားမှုဟာမှန်ကန်တယ်ဆိုရင်တော့ ဘယ်သောအခါမှ သစ္စာဖောက်မှာမဟုတ်ပါဘူး။

BTS ရဲ့ Idol အကကို ခဲရာခဲဆစ် ကနေကြတဲ့ Running Man အဖွဲ့သားများ

ကြိမ်ဖန်များစွာကြိုးစားပြီးနောက်မှာတော့ အဖွဲ့ဝင်တွေဟာ သေသေချာချာ cover dance က နိုင်ခဲ့ပါတယ်။ သူတို့ ကတာကို ကြည့်ပြီး အူလှိုက်သဲလှိုက်ရီနေရသလို BTS ရဲ့ သီချင်းကိုလည်း ကချင်စိတ်ပေါက်သွားစေလေရဲ့။ ကိုယ့်မှာ အက ပါရမီမပါလာခဲ့ရင်တောင်မှ သူတို့ကိုကြည့်ပြီး ကိုယ်လည်း ကလို့ရသားပဲဆိုတဲ့အတွေးမျိုးဝင်မိမှာအသေအချာပါပဲ။

GI GI(momolay)
Source : KStarLive

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။