သက်သေအခိုင်အလုံနဲ့ dating သတင်းထွက်ခဲ့ဖူးကြသူများ

Posted on - Apr 15 []

Theingi Kyaw

စာရေးသူ

လူတစ်ချို့က အချင်းချင်း တွေ့နေရတာ အချိန်တွေကြာလာတဲ့အခါမှာ သံယောဇဉ်တွေငြိတွယ်လာကြပြီး တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေဖြစ်လာကြပါတယ်။ သရုပ်ဆောင်တွေလည်း ဒီအတိုင်းပါပဲ။ ရိုက်ကွင်းတွေမှာ နေ့တိုင်းလိုလို အချိန်တိုင်းလိုလိုမြင်တွေ့နေရတာကြာလာတော့ မလွဲမရှောင်သာဘဲ သံယောဇဉ်တွေဖြစ်လာပါပေပေါ့..။ တစ်ချို့ ခေါင်းဆောင်သရုပ်ဆောင်တွေက ရိုက်ကူးရေးတွေမှာပဲဆုံတွေ့ခဲ့ကြပြီး တကယ် dating လုပ်နေကြရာမှ တစ်ဆင့် လက်ထပ်တဲ့အဆင့်အထိကို ရောက်သွားခဲ့တယ်။ တစ်ချို့လည်း လုပ်ဖော်ကိုင်ဖက် အချင်းချင်းပဲဆိုပြီး အလုပ်သဘောသာ ဆက်ဆံကြကာ ရင်းနှီးတဲ့သူငယ်ချင်းတွေ အနေနဲ့ ပဲ ဖြစ်ခဲ့ကြတယ်။

ဒါကြောင့် ဒီတစ်ခါမှာဆိုရင်တော့ တကယ် dating မလုပ်ဘဲ သမီးရည်းစားတွေဖြစ်နေကြပါတယ်လို့ ကောလဟာလတွေ တစ်ပြုံကြီးထွက်လာခဲ့တဲ့ စုံတွဲ (၄)တွဲကိုဖော်ပြပေးလိုက်ပါတယ်။ ဘယ်သူတွေဖြစ်မလဲဆိုတာကိုတော့ မိုမိုလေးနဲ့တူတူလိုက်ပါစီးမြောကြည့်ရှုလိုက်ရအောင်။

1. Park Seojoon နဲ့ Park Minyoung

Park Seojoon နဲ့ Park Minyoung တို့ဟာ အချစ်ရိုမန်တစ်ဇာတ်လမ်းတွဲဖြစ်တဲ့ What’s Wrong With Secretary Kim မှာ ခေါင်းဆောင်မင်းသား၊ မင်းသမီး တွေအဖြစ်အတူပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဆိုပါ ဇာတ်လမ်းတွဲအပြီးမှာ ပဲ သူတို့ (၂)ယောက်တွဲနေကြတယ်လို့ ကောလဟာလတွေပေါ်ထွက်လာခဲ့ပါတယ်။ ကောလဟာလသာဖြစ်ပြီး သူတို့ (၂)ယောက်က ရင်းနှီးတဲ့သူငယ်ချင်းတွေသာဖြစ်ပါတယ်။

2. Hyun Bin နဲ့ Son Yejin

Hyun Bin နဲ့ Son Yejin တို့ကတော့ The Negotiation ဇာတ်ကားမှာ အတူပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဇာတ်ကားရိုက်ကူးပြီး အတော်ကြာတော့ သူတို့ (၂)ယောက်ဟာ LA မှာ ချိန်းတွေ့နေကြောင့် ဓာတ်ပုံတွေနဲ့တစ်ကွပေါ်ထွက်လာခဲ့ပါတယ်။ သူတို့ရဲ့ အေဂျင်စီတွေကတော့ အကြိမ်ကြိမ်အခါခါ ငြင်းဆိုခဲ့ပါတယ်။

3. Kang Dongwon နဲ့ Han Hyojoo

Kang Dongwon နဲ့ Han Hyojoo တို့ကတော့ Illang: The Wolf Brigade ဆိုတဲ့ ဇာတ်လမ်းတွဲမှာ အတူရိုက်ကူးပြီးနောက် Dating သတင်းတွေထွက်လာခဲ့ပါတယ်။

4. So Jisub နဲ့ Han Jimin

So Jisub နဲ့ Han Jimin တို့ကတော့ Cain and Abel ဇာတ်လမ်းတွဲရိုက်ကူးပြီးမှာ dating လုပ်နေတဲ့ကောလဟာလတွေပေါ်ထွက်လာခဲ့ပါတယ်။

GI GI(momolay)
Source : KStarLive

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။