2019 မှာ သင်လက်လွှတ်မခံပဲ စောင့်ကြည့်ရမယ့် Disney ရဲ့ အမိုက်စားရုပ်ရှင်ကားများ

Posted on - Apr 16 []

Douglas Thura

စာရေးသူ

2019 ခုနှစ်ကတော့ နိုင်ငံတကာရုပ်ရှင်ချစ်ပရိသတ်တွေအတွက် တော်တော်လေးကံကောင်းမယ့် နှစ်တစ်နှစ်လို့ ဆိုရမှာပါ။ အကြောင်းအရင်းကတော့ 2019 ခုနှစ်အတွင်းမှာပဲ Horror ရုပ်ရှင်ချစ်သူတွေအတွက် Us, The Curse of La Llorona, Pet Sematary ... စတဲ့ ထိတ်လန့် သည်းဖိုဇာတ်ကားကောင်းတွေ၊ Superhero ရုပ်ရှင်ချစ်သူတွေအတွက် Captain Marvel, Avengers; Endgame, Dark Phoenix, Shazam ... စတဲ့ Visual ခပ်လန်းလန်းနဲ့ ကြည့်ရမယ့် ရုပ်ရှင်ကားတွေ၊ Animation ဇာတ်ကားချစ်သူတွေအတွက် Frozen 2, Toy Story 4, The Secret Life of Pets 2, Angry Birds 2 ... စတဲ့ ကာတွန်းဇာတ်ကားကောင်းတွေများစွာနဲ့ Genre ပေါင်းစုံခံစားကြည့်ရှုရမှာဖြစ်တာကြောင့်ပါပဲ။ Hollywood ရုပ်ရှင်ချစ်သူတွေအတွက် အခုဖော်ပြပေးချင်တာကတော့ ယခု 2019 ခုနှစ်အတွင်းမှာ မဖြစ်မနေစောင့်ကြည့်သင့်တဲ့ Disney ရဲ့ အမိုက်စားရုပ်ရှင်ကားတွေပဲဖြစ်ပါတယ်။ 2019 မှာ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် Disney က ဘယ်လိုဇာတ်ကားမျိုးတွေနဲ့ တင်ဆက်ပေးသွားမလဲဆိုတာ ကြည့်လိုက်ကြရအောင် ...

Captain Marvel

ရုပ်ရှင်ချစ်ပရိသတ်တွေတော်တော်များများ စောင့်မျှော်ခဲ့ကြရတဲ့ Captain Marvel ရုပ်ရှင်ကတော့ မတ်လ(၈)ရက်နေ့ (International Women's Day) မှာ ကမ္ဘာအနှံ့ ရုံတင်ပြသခဲ့ပြီဖြစ်ပြီး လက်ရှိမှာ ကမ္ဘာအနှံ့ ရုံတင်ဝင်ငွေစုစုပေါင်း $ 1 Billion ကျော် ပြန်လည်ရရှိထားပြီးဖြစ်ပါတယ်။

Dumbo

ဒါရိုက်တာ Tim Burton ကိုယ်တိုင်ရိုက်ကူးပုံဖော်ထားပြီး Eva Green, Michael Keaton နဲ့ Colin Farrell တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဆင်ကလေး Dumbo ရုပ်ရှင်ကားကိုတော့ မတ်လ(၂၉)ရက်နေ့ မှာ ရုံတင်ပြသခဲ့ပြီဖြစ်ပြီး ကမ္ဘာအနှံ့ ရုံတင်ဝင်ငွေစုစုပေါင်း $ 266 Million ကျော် ပြန်လည်ရရှိထားပါတယ်။

Avengers: Endgame

ဝင်ငွေအကောင်းဆုံး Superhero ရုပ်ရှင် Avengers ဇာတ်ကားရဲ့ အဆုံးသတ်ဖြစ်တဲ့ Avengers: Endgame ရုပ်ရှင်ဇာတ်ကားကိုတော့ ဧပြီလ(၂၆)ရက်နေ့ မှာ ကမ္ဘာအနှံ့ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

Aladdin

Disney ရဲ့ နာမည်ကျော် ကာတွန်းဇာတ်ကားဖြစ်တဲ့ Aladdin ကို live-action အဖြစ်ရိုက်ကူးထားတဲ့ Aladdin ရုပ်ရှင်ကိုတော့ မေလ(၂၄)ရက်နေ့ မှာ ပြသဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ (Aladdin ရုပ်ရှင် trailer ထွက်ရှိပြီးနောက် cast တွေနဲ့ မလိုက်ဖက်ဘူးဆိုပြီး ပရိသတ်တွေကြားမှာ အပြင်းအထန်ဝေဖန်ခံနေရတာလည်းဖြစ်ပါတယ်)

The Lion King

ပရိသတ်တွေကြား စိတ်ဝင်စားမှုမြင့်တက်နေတဲ့ The Lion King live-action ရုပ်ရှင်ကိုတော့ ဇူလိုင်လ(၁၉)ရက်နေ့ မှာ ကမ္ဘာအနှံ့ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

Frozen 2

နိုင်ငံတကာပရိသတ်တွေကြား လတ်တလော ရေပန်းအစားဆုံး Frozen 2 ဇာတ်ကားကတော့ နိုဝင်ဘာလ(၂၂)ရက်နေ့ မှာ ကမ္ဘာအနှံ့ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

Ref : digitalspy
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။