အချိန်တိုအတွင်း ပြတ်စဲသွားကြတဲ့ နာမည်ကြီးဆယ်လီဘရစ်တီစုံတွဲများ

Posted on - Apr 16 []

Douglas Thura

စာရေးသူ

ဒရာမာဆန်တဲ့ အချစ်ဇာတ်လမ်းအရှုပ်အထွေးတွေဟာ ရုပ်ရှင်တွေထဲမှာပဲ ဖြစ်တည်နေတာမျိုးမဟုတ်ပါဘူး။ တစ်ကယ့်လက်တွေ့ ဘ၀က အချစ်ဇာတ်လမ်းတွေဟာ ရုပ်ရှင်တွေထဲမှာထက်ကို ပိုမိုရှုပ်ထွေးလွန်းတယ်ဆိုတာ ကမ္ဘာကျော်ဆယ်လီဘရစ်တီစုံတွဲတွေက သက်သေပါပဲ။ အနောက်တိုင်းက ဆယ်လီဘရစ်တီစုံတွဲတွေဟာ တစ်ယောက်နဲ့ တစ်ယောက် စိတ်သဘောထားမတိုက်ဆိုင်တဲ့အခါမျိုးမှာ စိတ်ရှုပ်မခံတော့ပဲ နှစ်ဦးသဘောတူ ချက်ချင်းလမ်းခွဲလိုက်ကြဖို့ ကိုလည်း ၀န်မလေးကြပါဘူး။ ကမ္ဘာကျော်ဆယ်လီဘရစ်တီစုံတွဲတွေထဲမှာ တွဲပြီး အချိန်တိုအတွင်းပြတ်စဲခဲ့ကြတဲ့ စုံတွဲတစ်ချို့ ကို တင်ဆက်ပေးလိုက်ပါတယ်။

Justin Bieber နဲ့ Sofia Richie

Justin Bieber တစ်ယောက် မော်ဒယ်ချောလေး Sofia Richie နဲ့ တွဲတုန်းက Belieber တွေတော်တော်များများဟာ Sofia ကို Justin နဲ့ မထိုက်တန်ဘူးဆိုတဲ့ အပြစ်တင်ဝေဖန်ပြောဆိုတာတွေ များစွာထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် တစ်ပတ်လောက်ပဲ တွဲပြီးတဲ့အခါမှာတော့ Justin ဘက်ကပဲ Sofia ကို စတင်လမ်းခွဲခဲ့တာဖြစ်ပါတယ်။

Jennifer Lawrence နဲ့ Darren Aronofsky

Mother ရုပ်ရှင်ရိုက်ကူးရင်း ဖူးစာဆုံခဲ့ကြတဲ့ မင်းသမီးချော Jennifer Lawrence နဲ့ ဇာတ်ညွှန်းရေးဆရာ Darren Aronofsky တို့ စုံတွဲဟာ တစ်နှစ်လောက်ကြာအောင် လက်တွဲခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ အဆင်မပြေမှုတွေများစွာကြောင့် နှစ်ဦးသဘောတူ လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။

Tom Hiddleston နဲ့ Taylor Swift

ပြီးခဲ့တဲ့ 2016 ခုနှစ်၊နွေရာသီပိုင်းတုန်းက ပရိသတ်တွေကြား နာမည်ကြီးနေခဲ့တဲ့ စုံတွဲကတော့ Tom Hiddleston နဲ့ Taylor Swift တို့ စုံတွဲပဲဖြစ်ပါတယ်။ တွဲပြီးပြီးချင်း (၅) ရက်အကြာမှာ Tom ဟာ Taylor ကို သူ့ မိဘတွေဆီတောင် အလည်ခေါ်သွားပြီး မိတ်ဆက်ပေးခဲ့သေးပေမဲ့ စက်တင်ဘာလအစောပိုင်းမှာတော့ သူတို့ ရဲ့ ချစ်ဇာတ်လမ်းလေးအဆုံးသတ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် အခုဆိုရင် Tom နဲ့ ပတ်သက်ခဲ့တဲ့အကြောင်းအရာတစ်ချို့ ကို စပ်ဆိုထားတဲ့ Taylor ရဲ့ သီချင်းကောင်းလေးတွေကိုလည်း ပရိသတ်တွေအနေနဲ့ နားဆင်နိုင်ကြမှာပါ။

Michael Thalassitis နဲ့ Megan McKenna

TV Show စတားနှစ်ယောက်ဖြစ်တဲ့ Michael Thalassitis နဲ့ Megan McKenna တို့ စုံတွဲကတော့ တွဲပြီး (၂)လအကြာမှာ ပြတ်စဲခဲ့ကြပြီး နှစ်ယောက်လုံးရဲ့ အင်စတာဂရမ်က စုံတွဲပုံရိပ်တွေကိုလည်း ဖျက်ပစ်ခဲ့ကြပါတယ်။

The Weeknd နဲ့ Selena Gomez

The Weeknd နဲ့ Selena Gomez တို့ စတင် Date လုပ်ခဲ့တုန်းက ပရိသတ်တွေတော်တော်များများ အံ့အားသင့်ခဲ့ကြပါသေးတယ်။ သူတို့ စုံတွဲဟာ တွဲပြီး (၁၀)လအကြာမှာ The Weeknd ရဲ့ Tour လှည့်လည်ဖျော်ဖြေနေစဉ် Selena နဲ့ ကာလအတော်ကြာ အနေဝေးခဲ့တာကြောင့် ပြတ်စဲသွားတာပဲဖြစ်ပါတယ်။ ပြတ်စဲပြီးပြီးချင်းမှာပဲ Selena က ချစ်သူဟောင်း Justin Bieber နဲ့ ပြန်တွဲခဲ့တာပါ။

Kim Kardashian နဲ့ Kris Humphries

ကောက်ကြောင်းအလှကြောင့် ကျော်ကြားသူ Kim Kardashian နဲ့ ခင်ပွန်းဟောင်းဖြစ်သူ Kris Humphries တို့ ဟာ လက်ထပ်ပြီး (၇၂)ရက်အကြာမှာ ကွာရှင်းခဲ့ကြတာဖြစ်ပါတယ်။

Ref : Mirror.UK
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။