ရန်ကုန်သင်္ကြန်အကြတ်နေ့မှာ နွားလှည်းလေးစီးပြီး ရေပက်ခံထွက်ခဲ့တဲ့ အေးမြတ်သူ

Posted on - Apr 16 []

Rowena

စာရေးသူ

သရုပ်ဆောင် မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ အေးမြတ်သူ ဟာဆိုရင် သရုပ်ဆောင်မှုအပိုင်းမှာ အပိုအလိုမရှိတဲ့ သရုပ်ဆောင်ကွက်တွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေတင်ဆင်ပေးခဲ့တဲ့ သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတဲ့ သူမကတော့ မတ်လ ၂၃ ရက်နေ့က ကျင်းပပြုလုပ်တဲ့ အကယ်ဒမီ ဆုချီးမြှင့်ပွဲအခမ်းအနားကြီးမှာ ထိုက်တန်တဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကို ဆွတ်ခူးရရှိထားခဲ့ရတာပဲဖြစ်ပါတယ်။

နှစ်စဉ်နှစ်တိုင်း သင်္ကြန်ဆိုရင် သာမာန်လူတစ်ယောက်လို ဖြတ်သန်းပျော်ရွှင်လေ့ရှိတဲ့ အေးမြတ်သူက ဒီနှစ် (၂၀၁၉) သင်္ကြန်မှာတော့ ပရိသတ်တွေနဲ့အတူတူ မုန့်စား ရေပက်ရင်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

သင်္ကြန်အကြက်နေ့မှာတော့ အေးမြတ်သူက ရန်ကုန် အင်းယျားလမ်း လမ်းလျှောက်သင်္ကြန်မှာ မြန်မာ့ရိုးရာ နွားလှည်းလေးနဲ့ ပျော်ပျော်ပါးပါး ရေကစားထွက်ခဲ့တာကို တွေ့ရပါတယ်။

အေးမြတ်သူက သင်္ကြန်အကြတ်နေ့မနက်ပိုင်းမှာလဲ ကျိုက်ဝိုင်း မသန်စွမ်းကလေးငယ်များ ပြုစုစောင့်ရှောက်ရေးဂေဟာမှ ကလေးငယ်လေးတွေနဲ့ အတူတူ ပျော်ရွှင်စွာ ရေဆော့ပေးခဲ့ပါသေးတယ်။

လှည်းပေါ် ရေပုံးလေးတင်ပြီး လမ်းကလူတွေကိုပါ ရေပြန်ပက်သေးတာ ချစ်စရာလေးကွယ်

ပရိသတ်တွေကို အအေးတိုက်ရင်း ကုသိုလ်ယူနေတဲ့ အေးမြတ်သူ

အေးမြတ်သူကတော့ သင်္ကြန်မှာ သူမလုပ်ချင်တာလေးတွေ လုပ်ပြီး အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းခဲ့တာကို တွေ့ရပါတယ်။ အမြဲလိုလို ပျော်ပျော်နေတတ်တဲ့ မမြတ်လေးကတော့ အပူအပင်ကင်းကင်းနဲ့ တစ်ကိုယ်တည်း အပျိုကြီးဘဝနဲ့ ပျော်ရွှင်နေတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Aye Myat Thu's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။