SHINee အဖွဲ့ဝင် Taemin ရဲ့ အုပ်ထိန်းသူနေရာကို ရောက်သွားတဲ့ EXO အဖွဲ့ခေါင်းဆောင် Suho

Posted on - Apr 16 []

Mia Zin

စာရေးသူ

SHINee ရဲ့ အဖွဲ့ဝင် ၄ ယောက်မှာ ၃ ယောက်ဟာ အခုဆိုရင် စစ်မှုထမ်းဆောင်နေကြရပြီဖြစ်ပါတယ်။ စစ်မှုထမ်းဆောင်ဖို့အတွက် ပထမဆုံးစစ်တပ်ထဲဝင်သွားတဲ့ အဖွဲ့ဝင်ကတော့ အဖွဲ့ခေါင်းဆောင် Onew ဖြစ်ပြီး အဲဒီနောက် သိပ်မကြာခင်ရက်ပိုင်းလောက်မှာတော့ Key ကလည်းပဲ စစ်မှုထမ်းဆောင်ဖို့အတွက် စစ်တပ်ထဲကို ၀င်သွားခဲ့ပါတယ်။ နောက်ထပ်အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Minho ကလည်းပဲ ဧပြီလ ၁၅ ရက်နေ့ မနေ့တုန်းက စစ်မှုထမ်းဆောင်ဖို့အတွက် မရိန်းတပ်ဖွဲ့ထဲကို ၀င်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒါကြောင့် အခုလက်ရှိမှာတော့ အငယ်ဆုံးလေးဖြစ်တဲ့ Taemin တစ်ယောက်တည်းကသာ အပြင်မှာကျန်ရှိနေခဲ့ပါတယ်။ Onew နဲ့ Key တို့ ၂ ယောက်ကို စစ်မှုထမ်းဆောင်ဖို့အတွက် လိုက်ပို့ပေးခဲ့တဲ့ Taemin ဟာ Minho ကိုလည်း လိုက်ပို့ပေးခဲ့ပါတယ်။ ဒါပေမယ့် သူတစ်ယောက်တည်းမဟုတ်ပဲ သူနဲ့ အေဂျင်စီတူတဲ့ တခြားသော Idol အဖွဲ့ဝင်တွေလည်းပါဝင်ပါတယ်။

သူတို့တွေကတော့ TVXQ အဖွဲ့ဝင် Changmin, Super Junior အဖွဲ့ဝင် Kyuhyun နဲ့ EXO အဖွဲ့ခေါင်းဆောင် Suho တို့ဖြစ်ကြပါတယ်။ အဲဒီသူတွေထဲမှာမှာ အစ်ကိုတွေ ၃ ယောက်လုံး စစ်မှုထမ်းသွားကြပြီဖြစ်တာကြောင့် တစ်ယောက်တည်းကျန်ခဲ့တဲ့ Taemin ရဲ့ အုပ်ထိန်းသူနေရာကို ယူလိုက်တဲ့သူကတော့ Suho ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒါပေမယ့် တကယ့် အုပ်ထိန်းသူအဖြစ်နဲ့တော့ မဟုတ်ပဲ ပရိသတ်တွေက ချစ်စနိုးအနေနဲ့ စနောက်ပြီး သတ်မှတ်ပေးလိုက်တဲ့ အုပ်ထိန်းသူဖြစ်ပါတယ်။ သတ်မှတ်ပေးလိုက်ရတဲ့အကြောင်းအရင်းကတော့ ဒီလိုပါ။ လူတစ်ယောက်က လာရောက်နှုတ်ဆက်တာကို Suho က ယဉ်ကျေးတဲ့အမူအရာ တောက်ပတဲ့အပြုံးတွေနဲ့ ပြန်လည်လက်ဆွဲနှုတ်ဆက်လိုက်တဲ့ပုံလေးကြောင့်ပါပဲ။

"မင်္ဂလာပါ။ ကျွန်တော်က Taemin ရဲ့ အုပ်ထိန်းသူ အသစ် Suho ပါ" ဆိုတဲ့ စာသားလေးနဲ့ ထိုပုံလေးကို တွဲကာစနောက်ထားကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်တစ်ပုံမှာဆိုရင် Taemin က Suho ရဲ့ လက်မောင်းကို ဆွဲကိုင်ထားတဲ့ပုံက အစ်ကိုတစ်ယောက်လို အကာအကွယ်အနေနဲ့ အားကိုးတဲ့ပုံစံဖြစ်နေတယ်လို့ ဆိုကြပါတယ်။

တကယ်တော့ Suho ဟာ Taemin ထက် အသက် ၂ နှစ်မျှသာ ပိုပြီးကြီးသူ ဖြစ်တာကြောင့် သူတို့ ၂ ဦးကအသက်အရွယ်က မတိမ်းမယိမ်းတွေဖြစ်ကြတဲ့ သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။

ဒါပေမယ့်လည်း Suho အနေနဲ့ Taemin ရဲ့ အုပ်ထိန်းသူနေရာကို Onew ပြန်မလာခင်အခ်ျိန်ထိ ယူထားပေးမယ်ဆိုရင်လည်း EXO အဖွဲ့ဝင်တွေ အများကြီးကို ဂရုစိုက်ထိန်းနေရတဲ့သူုအနေနဲ့တော့ ခက်ခဲမယ်မထင်ပါဘူးနော်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။