ထိပ်တန်းနာမည်ကြီးမင်းသားတွေနဲ့ ရွှေလက်တွဲခဲ့ကြတဲ့ ဒိတ်ဒိတ်ကြဲမင်းသမီးများ

Posted on - Apr 16 []

Mia Zin

စာရေးသူ

အနုပညာရှင်တွေဟာဆိုရင် များသောအားးဖြင့် အချင်းချင်းနားလည်မှုရှိမယ့် အနုပညာရှင်တွေကိုသာ လက်ထပ်ကြပြီး များသောအားဖြင့်လည်း လုပ်ငန်းခွင်ရဲ့ သဘာဝတရားခြင်းတူညီမှုတွေ ရှိကြပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာဆိုရင်တော့ မိုမိုလေးမှ ထိပ်တန်းမင်းသားတွေကို လက်ထပ်ခဲ့ကြတဲ့ ဒိတ်ဒိတ်ကြဲမင်းသမီးတွေ အကြောင်းကိုဖော်ပြပေးချင်ပါတယ်။ ဘယ်သူတွေဖြစ်မလဲဆိုတာကိုတော့ မိုမိုလေးနဲ့တူတူလိုက်ပါစီးမြောကြည့်ရှုလိုက်ရအောင်။

1. Song Hye Kyo & Song Joong Ki

Song Hye Kyo နဲ့ Song Joon Ki တို့စုံတွဲကတော့ အာရှတစ်လွှားမှာ ၀က်ဝက်ကွဲအောင်မြင်ခဲ့တဲ့ Descendants of the Sun ဇာတ်လမ်းတွဲကို အတူတကွရိုက်ကူးခဲ့ပါတယ်။ အဲ့ဒီအချိန်ကတည်းက သူတို့စုံတွဲကို တောင်ကိုရီးယားတစ်နိုင်ငံလုံးသာမက အာရှတစ်လွှားကပါ ကောင်းချီးမင်္ဂလာပေးအပ်ခဲ့ကြပါတယ်။

2. Park Soo Jin & Bae Yong Jun

မင်းသမီးတစ်ဖြစ်လဲ အစားအသောက်အစီအစဉ်တွေရဲ့ နာမည်ကြီးတင်ဆက်သူ Park Soo Jin ဟာဆိုရင် အာရှရဲ့ အသည်းစွဲမင်းသား Bae Yong Jun နဲ့ ဂျုလိုင်လ ၂၀၁၅ခုနှစ်မှာ မင်္ဂလာပွဲကျင်းပခဲ့ပါတယ်။ သူတို့ (၂)ယောက်ဟာ အသက် (၁၃)နှစ်ကွာခြားတဲ့ ဦးနဲ့ ကလေး စုံတွဲလို့ ချစ်စနိုးပြောရရင်လည်းမမှားပါဘူး။

လက်ရှိအချိန်မှာတော့ သားတစ်ယောက်၊ သမီးတစ်ယောက်ထွန်းကားနေပြီဖြစ်ပြီး သာယာဖို့ကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။

3. Lee Min Jeong & Lee Byung Hun

Lee Min Jeong နဲ့ Lee Byung Hun တို့ကတော့ ၂၀၁၃ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ သားတစ်ယောက် ထွန်းကာခဲ့ပါတယ်။ Lee Byung Hun က Lee Min Jeong ထက် အသက် (၁၂)နှစ်ကြီးပါတယ်။ ဒါပေမယ့်လည်း အချစ်မှာ အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပါပဲ ဆိုတာကို သူတို့ စုံတွဲကသက်သေပါပဲနော်။

4. Kim Tae Hee & Rain

Kim Tae Hee နဲ့ Rain တို့ကတော့ ၅နှစ်ကြာ Dating လုပ်ခဲ့အပြီး ၂၀၁၇ခုနှစ် ဇန်န၀ါရီလမှာလက်ထပ်ခဲ့ကြပါတယ်။ အောက်တိုဘာ ၂၀၁၇ ခုနှစ်မှာပဲ ကလေးတစ်ယောက် မွေးဖွားခဲ့ပြီး လက်ရှိအချိန်မှာဆိုရင်တော့ Kim Tae Hee တစ်ယောက်ဟာ နောက်ထပ် ကိုယ်ဝန်ရှိနေပြီလို့သိရပါတယ်။

5. Lee Bo Young & Ji Sung

မင်းသမီး Lee Bo Young နဲ့ မင်းသား Ji Sung တို့ကတော့ ၂၀၀၄ ခုနှစ်မှာ ထုတ်လွှင့်ခဲ့တဲ့ Save Last Dance for Me ဇာတ်လမ်းတွဲမှာ အတူသရုပ်ဆောင်ရင်း တွေ့ဆုံခဲ့ကြပါတယ်။ ၂၀၀၇ခုနှစ်မှာတော့ သူတို့ရဲ့ သမီးရည်းစားဆက်ဆံရေးကို အတည်ပြုပြီး 2013 စက်တင်ဘာမှာတော့ လက်ထပ်ခဲ့ကြပါတယ်။ လက်ရှိအချိန်မှာတော့ ကလေး (၂)ယောက်ထွန်းကားခဲ့ပြီးဖြစ်ပါတယ်။

6. Lee Na Young & Won Bin

မင်းသမီး Lee Na Young ဟာဆိုရင်တော့ ဇာတ်လမ်းတွဲတော်တော်များများမှာ ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အာရှတိုက်ရဲ့အချစ်ဦးတစ်ဖြစ်လဲ လက်ရှိ ကိုရီးယားအနုပညာလောကမှာ သရုပ်ဆောင်ကြေးအမြင့်ဆုံးမင်းသားတစ်လက်ဖြစ်တဲ့ Won Bin နဲ့ မေလ ၂၀၁၅ ခုနှစ်မှာလက်ထပ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သားတစ်ယောက်ရှိပါတယ်။

7. Ko So Young & Jang Dong Gun

သူ့ခေတ်နဲ့ သူ့အခါက ဒိတ်ဒိတ်ကြဲမင်းသမီးဖြစ်တဲ့ Ko So Youn ဟာ မြန်မာပရိတ်သတ်တွေ လည်းသိကြတဲ့ ဒါရိုက်တာရင် တစ်ဖြစ်လဲ တောင်ကိုရီးယားရဲ့ သရုပ်ဆောင်ကြေးအမြင့်ဆုံးမင်းသားတွေထဲက တစ်ယောက်ဖြစ်တဲ့ Jang Dong Gun နဲ့ မေလ ၂၀၁၀ခုနှစ်မှာလက်ထပ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သားတစ်ယောက်၊ သမီး (၁)ယောက်ရှိပါတယ်။

8. Kim Nam Joo & Kim Seung Woo

Kim Nam Joo နဲ့ Kim Seung Woo တို့ကတော့ တောင်ကိုရီးယားရဲ့ နာမည်ကျော် ၀ါရင့်သရုပ်ဆောင်တွေဖြစ်ကြပြီး ၂၀၀၅ခုနှစ်မှာလက်ထပ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ကလေး (၂)ယောက်ရှိပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားရှိပါတယ်။

Ref : Koreaboo
Mia (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။