အွန်​လိုင်း​ပေါ်မှာ ဂယက်​ထ​နေတဲ့ Screenshot ​တွေနဲ့ပတ်​သတ်​ပြီး ပညာသားပါပါ ​ဖြေရှင်းလိုက်​တဲ့ ​ဖွေး​ဖွေး

Posted on - Apr 16 []

Myint Myat

စာရေးသူ

သုံးထပ်ကွမ်း အကယ်ဒမီဆုရှင်လေး ဖွေးဖွေးကတော့ မြန်မာနိုင်ငံမှာ အအောင်မြင်ဆုံးသော မင်းသမီးတွေထဲက တစ်ဦးဖြစ်တဲ့အပြင် သူမရဲ့အနုပညာအပေါ်ထားရှိတဲ့ စိတ်ကြောင့် ချစ်ကြတဲ့ပရိသတ်တွေ ပိုပိုပြီး များလာသူလေးပဲ ဖြစ်ပါတယ်။ လတ်​​တ​လောမှာတော့ ဖွေးစိန်လေးက ဇတ်​ပို့သရုပ်​​ဆောင်​တစ်​ဦးနဲ့ စကား​ပြောထားတဲ့ Screenshot အတု​တွေ ထွက်​လာတာ​ကြောင့်​ ပရိသတ်​​တွေကြားမှာ ​တော်​​တော်​​လေး ဂယက်​ထသွားတာပါ။ အဆိုပါ Screenshot ​တွေနဲ့ပတ်​သတ်​ပြီး​တော့ ​ဖွေးစိန်​​လေးက ပညာသားပါပါနဲ့ ပရိသတ်​​တွေကို ပြန်​လည်​ရှင်းပြခဲ့တာ ​တွေ့ရပါတယ်​။

မိုမို​လေးချစ်​ပရိသတ်​​တွေအတွက်​ အွန်​လိုင်း​ပေါ်မှာ ဂယက်​ထ​နေတဲ့ Screenshot ​တွေနဲ့ပတ်​သတ်​ပြီး ပညာသားပါပါ ​ဖြေရှင်းလိုက်​တဲ့ ​ဖွေး​ဖွေးရဲ့အ​ကြောင်းကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

ဖွေး​ဖွေးကို​တော့ ပရိသတ်​တစ်​ဦးက "Screenshoot ဒီမနက် တက်လာတဲ့ အခြားသရုပ်ဆောင် တယောက်နဲ့ ss ကိစ္စလေးလဲသိပြီးရင် ရှင်းပါအုံးဗျ တချို့နားမလည်သေးဘဲ သို့လော သို့လော ဖြစ်နေကြတဲ့သူတွေလဲ ရှင်းသွားတာပေါ့။ I ကတော့အရင်ကလဲ ချစ်တယ် ခုလဲချစ်တုန်းပါ။ ချစ်လို့ပြောတာ peace နော် ..(smile Phway Phway)" ဆိုပြီး သူမဆီက ​ဖြေရှင်းချက်​​လေး ​တောင်းဆိုခဲ့တာပါ။

အဆိုပါ​မေးခွန်းကို​တော့ ​ဖွေး​ဖွေးက "Wow...ဖွေးတောင်မသိရပါလား.. အဲ့လိုတောင် တခါမှ မပြောမိဖူးဘူး May be that's fake acc . Just keep calm and enjoy Myanmar new year my dear .. တချို့အတုအယောင်တွေကြောင့် အကုသိုလ်မဖြစ်ပဲ စိတ်ချမ်းသာ ကြပါစေ နော် 💙 ဖွေး Fans မှန်ရင် အဲ့လိုမပြောတတ်ဘူးဆိုသာ သိမှာပဲမို့ ရှင်းစရာ မလိုပါဘူး ထားလတ်ပါ ယူနှစ်သစ်မှာ အပူ အပုတ်အကုန်ကင်းစင်ကြပါစေ 😚😚😚😚😚😚😚😚 မုန့်ပြန်စားလိုက်အူးမယ်နော်​" ဆိုပြီး တည်​ငြိမ်​​အေး​ဆေးစွာနဲ့ ပညာသားပါပါ ​ဖြေရှင်းခဲ့တာပါ။

ဖွေးဖွေးကတော့ လတ်တလောမှာ ကျန်းမာရေးအခြေအနေကြောင့် ရုပ်ရှင်ရိုက်နားထားတယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း သူမမဟုတ်​ရင်​ ပြတ်​ပြတ်​သားသား ​ဖြေရှင်းတတ်​တဲ့ ​ဖွေး​ဖွေးကို ချစ်​ရင် Share သွားကြပါဦး​နော်​။

Myint Myat
Source:Phway Phway's facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။