ဇနီးသည်နဲ့ ကလေးဖြစ်သူကို လူကြားထဲပွဲထုတ်ဖို့ဆန္ဒမရှိတဲ့ Rain ရဲ့ ပညာသားပါလှတဲ့အတွေးအခေါ်

Posted on - Apr 16 []

Mia Zin

စာရေးသူ

တောင်ကိုရီးယားရဲ့နာမည်ကျော် အနုပညာရှင်ဖြစ်တဲ့ Rain ဟာ ဒိတ်ဒိတ်ကြဲမင်းသမီး ကင်တေဟီးနဲ့ လက်ထပ်ထားခဲ့ပြီး သူတို့ ၂ယောက်စလုံးဟာ အိမ်ထောင်ရေးနဲ့ ကလေးကို လူသိမခံရတဲ့အကြောင်းအရင်းကိုပြောပြခဲ့ပါတယ်။ Rain နဲ့ ကင်တေဟီးတို့ ဇနီးမောင်နှံဟာ အောက်တိုဘာလ ၂၀၁၇ခုနှစ်မှာ သမီးဦးမွေးဖွားခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ကလေးကို မီဒီယာတွေကို အသိမပေးသလို လူကြားထဲချပြတာတွေလည်းမလုပ်ခဲ့ပါဘူး။ အဆိုပါ အကြောင်းအရာနဲ့ ပတ်သတ်လို့ Rain က သူ့ရဲ့ 'Uhm Bok-dong' ဇာတ်ကား သတင်းစာရှင်းလင်းပွဲမှာ ယခုလိုပဲအသိပေးပြောကြားခဲ့ပါတယ်။

Rain က ယခုလိုပဲရှင်းပြခဲ့ပါတယ်။ " ကျွန်တော်မိသားစုတစ်ခုရလာတဲ့အချိန်မှာတော့ ကွဲပြားသွားတယ်လို့ ထင်တယ်။ ဖခင်တစ်ယောက်ဖြစ်တာကြောင့် အထူးတလည်ဖော်ပြစရာဘာမှမရှိပေမယ့် ကျွန်တော့်မှာ စည်းမျဉ်းတွေရှိတယ်။ အရင်တုန်းက ကျွန်တော့်မိသားစုကိုဘယ်လိုလေးဖန်တီးမယ်ဆိုတဲ့အကြောင်ကို စိတ်အားထက်သန်ပြောခဲဖူးးပေမယ့် အခုတော့ ကမ္ဘာကြီးက ကြောက်ဖို့ကောင်းလာတယ်ဗျ..။" လို့ပြောပြခဲ့ပါတယ်။

Rain က ယခုလိုပဲဆက်လက်ရှင်းပြခဲ့ပါတယ်။ "ကျွန်တော့် ကလေးကို ထုတ်ပြချင်ပါတယ်။ ဒါပေမယ့်လည်း နောက်ကျရင် ဒါတွေက ဓားတစ်လက်အနေနဲ့ ပြန်လာလိမ့်မယ် လို့ခံစားနေရတယ်။ အနာဂတ်မှာ အလုပ်နဲ့ မိသားစုကြား နံရံခြားဖို့ စီစဉ်ထားတယ်။ အဓိကကတော့ ကျွန်တော့်မိသားစုကို မထိခိုက်စေချင်လို့ပါ။ မိသားစုရှိတာ ကျွန်တော့် အလုပ် ပရော့ဂျက်တွေကို မထိခိုက်စေပါဘူး။ ဒါပေမယ့်လည်း ကျွန်တော့်မိသားစုအကြောင်းကိုတော့ ထုတ်မပြောချင်ပါဘူး။" လို့ ပြတ်သားလှတဲ့ဆုံးဖြတ်ချက်ကိုပြောပြခဲ့ပါတယ်။

ဘာကြောင့် အခုလိုဆုံးဖြတ်ခဲ့ရသလဲဆိုတာကိုပြောပြခဲ့ပါသေးတယ်။ " ကျွန်တော်သတိထားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အတိတ်က ကျွန်တော့်မိခင်ရဲ့ အဖြစ်အပျက်တစ်ခုကြောင့် ကျွန်တော်အပြစ်ရှိသလိုဖြစ်ခဲ့ဖူးပါတယ်။ ကျွန်တော်က အနုပညာရှင်တစ်ယောက်အနေနဲ့အလုပ်လုပ်နေတော့ ကျွန်တော့်အနေနဲ့ နားလည်မှုလွဲမှားတာတွေရှိလာနိုင်ပါတယ်။ ကျွန်တော်နဲ့ပတ်သတ်ပြီး ကစားလို့ရတယ်၊ ပြောချင်တာပြောလို့ရတယ်၊ လွှင့်ပစ်လိုက်လည်းရတယ်၊ ဒါပေမယ့်လည်း စည်းကျော်ပြီးတော့ ကျွန်တော့်မိသားစုကိုတော့ ထိလို့မရဘူး။ " လို့ပြတ်ပြတ်သားသားပြောခဲ့ပါတယ်။

လက်ရှိမှာတော့ Kim Tae Hee ဟာ သမီးလေးကို မွေးဖွားခဲ့ပြီး နောက်ထပ်ကိုယ်ဝန်လည်းရှိနေပြီလို့ သိရပါတယ်။ Rain ကတော့ သမီးလေးအတွက်လည်း ကောင်းမွန်တဲ့ဖခင်တစ်ယောက်ဖြစ်သလို မိသားစုတာဝန်ကြေပွန်တဲ့ အမျိုးသား ဟာ တကယ့်ကိုအမျိုးသားကောင်း၊ ခင်ပွန်းကောင်း၊ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပါပဲနော်။

Mia (momolay)
Ref : Allkpop

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။