ထိပ်တန်းစာဖိုမှုးတစ်ယောက်အနေနဲ့ V ကို အရမ်းသဘောကျမိရခြင်းရဲ့နောက်ကွယ်ကအကြောင်းပြချက်

Posted on - Apr 16 []

Mia Zin

စာရေးသူ

ဖေဖော်ဝါရီလ ၁၄ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ “We Will Channel You” အစီအစဉ်မှာ michelin star ဖြစ်သူ ထိပ်တန်းစာဖိုမှုး Hooni Kim ဟာ ဧသည့်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ အဆိုပါ အပိုင်းမှာ သူနဲ့ ဟာသသရုပ်ဆောင် Yang Se Hyung တို့ဟာ စားပွဲတွေမှာပြီး စားသောက်ဆိုင်မှာ ထိုင်စောင့်နေကြပါတယ်။

အဆိုပါအပိုင်းမှာ စာဖိုမှုးနဲ့ ဟာသသရုပ်ဆောင်ဟာ စားသောက်ဆိုင်မှာ ထိုင်စောင့်နေရင်း New York City မှာ ရှိတဲ့ စာဖိုမှုး Hooni ရဲ့ စားသောက်ဆိုင်ကို အနုပညာရှင်တွေအများအပြားလာရောက်ကြောင်းကို အဆိုပါ ဟာသသရုပ်ဆောင် Yang Se Hyung က ထောက်ပြခဲ့ပါတယ်။

အဆိုပါမြို့က စာဖိုမှုးရဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ ကိုရီးယားအနုပညာရှင်တွေအများအပြားလာရောက်လည်ပတ်ကြတဲ့အကြောင်းကို မေးမြန်းခဲ့တဲ့အချိန်မှာတော့ စာဖိုမှုးက ခပ်ရှက်ရှက်နဲ့ပဲ "ဟုတ်ပါတယ်။' လို့ဖြေခဲ့ပါတယ်။ အဆိုပါအကြောင်းကိုမေးမြန်းခဲ့တော့ စာဖိုမှုးက BTS ရဲ့ V အကြောင်းကိုပြောပြခဲ့ပါတယ်။

V က သူ့ရဲ့စားသောက်ဆိုင်ကို မန်နေဂျာ ၂ယောက်နဲ့အတူလာကြောင်းပြောပြခဲ့ပါတယ်။ "BTS ရဲ့ V က မန်နေဂျာ ၂ယောက်နဲ့ လာခဲ့တယ်လေ..။ သူက စားသောက်ပွဲ (၉)ပွဲမှာခဲ့ပြီး အဲ့တာတွေအားလုံးကို သူတစ်ယောက်တည်းအကုန်စားခဲ့တယ်။ သူက တကယ် အများကြီးစာနိုင်တာပဲ။" လို့ပြောပြခဲ့ပါတယ်။

V ရဲ့စားသောက်နိုင်ပုံကိုဖောက်သည်ချခဲ့တဲ့ စာဖိုမှုး

V ရဲ့ အစာအိမ်ကျယ်ပုံကို သူ့အနေနဲ့ရှောခ့်ရခဲ့ပြီး အဲ့ဒီအချိန်ကတည်း V ရဲ့ ပရိတ်သတ်တစ်ယောက်ဖြစ်သွားခဲ့တာပါတဲ့..။ Idol တစ်ယောက်ကို ရုပ်ချောလို့၊ အသံကောင်းလို့ ဆိုတာထက် အစားအများကြီးစားနိုင်လို့ သူ့ပရိတ်သတ်ဖြစ်လာတဲ့ စာဖိုမှုး Hooni Kim ရဲ့အကြောင်းပြချက်ကတော့ ပရိတ်သတ်တွေကြားမှာရေပန်းစားနေခဲ့ပါတယ်။ စာဖိုမှုးတစ်ယောက်က အစားအများကြီးစားတဲ့သူကို ချစ်တာကတော့ ထွေထွေထူးထူးညွှန်းနေစရာမလိုပါဘူးနော့..။

GI GI(momolay)
Source : jazminemedia

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။