နို့ရည်တွေထည့်ထားပြီး အိတ်ဖောက်ထားတဲ့ကွန်ဒုံကို Idol အတွက် လက်ဆောင်ပေးခဲ့တဲ့ ပရိတ်သတ်

Posted on - Apr 16 []

Mia Zin

စာရေးသူ

ကိုယ်ရံတော်တစ်ယောက်ကတော့ ရှောခ့်ရစေလောက်မယ့် ပုံပြင်တစ်ပုဒ်ရဲ့ အသေးစိတ်အကြောင်းအရာကိုပြောပြလာခဲ့ပါတယ်။ ဖေဖော်ဝါရီလ အစောပိုင်းမှာ "Idol တွေကို ကွန်ဒုံတွေ နဲ့ ခြိမ်းခြောက်တဲ့ ပရိတ်သတ်တွေရဲ့ ကောလဟာလ" ဆိုတဲ့ ခေါင်းစဉ်နဲ့ 'Studio V' Youtube channel မှာ တင်ခဲ့ပါတယ်။

ကိုယ်ရံတော်တစ်ယောက်ကတော့ ရှောခ့်ရစေလောက်မယ့် ပုံပြင်တစ်ပုဒ်ရဲ့ အသေးစိတ်အကြောင်းအရာကိုပြောပြလာခဲ့ပါတယ်။ ဖေဖော်ဝါရီလ အစောပိုင်းမှာ "Idol တွေကို ကွန်ဒုံတွေ နဲ့ ခြိမ်းခြောက်တဲ့ ပရိတ်သတ်တွေရဲ့ ကောလဟာလ" ဆိုတဲ့ ခေါင်းစဉ်နဲ့ 'Studio V' Youtube channel မှာ တင်ခဲ့ပါတယ်။

"ပရိတ်သတ်တစ်ယောက်က ကျွန်တော့်ကို ဈေးဝယ်ထွက်တဲ့ အိတ်တစ်အိတ်ပေးပြီး အဲ့ဒီအိတ်ကို အနုပညာရှင်ကို ပေးဖို့ တောင်းဆိုလာတယ်။" လို့ပြောပြခဲ့ပါတယ်။ ဒါပေမယ့်လည်း မသင်္ကာလို့ စစ်ဆေးပြီးသကာလမှာံ့အားသင့်ဖို့ကောင်းတဲ့ ပစ္စည်းတစ်ခုကိုတွေ့ခဲ့ရပါတယ်။ အဆိုပါ လက်ဆောင်ပစ္စည်းက တခြားမဟုတ်ဘဲ ကွန်ဒုံတစ်ခုလို့သိရပါတယ်။

အဆိုပါ ကိုယ်ရံတော်က ယခုလိုပဲရှင်းပြခဲ့ပါတယ်။ "အဲ့ဒီကွန်ဒုံအိတ်က ဖွင့်ထားပြီးသားဖြစ်နေတဲ့အပြင် အဲ့ဒီကွန်ဒုံအိတ်ထဲမှာ နို့ရည်တွေပါထည့်ထားတယ်။ ကျွန်တော် အဲ့ဒီလက်ဆောင်ထုတ်ကို idol ကို မပေးရသေးခင်မှာပဲ ကျွန်တော် ရှာတွေ့ခဲ့တာ ကံကောင်းတယ်။ အကယ်၍သာ မတွေ့ခဲ့ရင်တော့ အဲ့ဒီ အနုပညာရှင်တော့ ပြဿနာတက်ပြီ။" လို့ရှင်းပြခဲ့ပါတယ်။

sasaeng fan တွေရဲ့အပြုအမူတစ်ချိုကို နားလည်ပေမယ့် အဲ့ဒီ ကွန်ဒုံပေးတဲ့ကိစ္စကိုတော့ ဘယ်လိုမှ နားမလည်နိုင်ပါဘူး။ ဘယ်လို အကျင့်စရိုက်တွေလည်းဆိုတာ မတွေးတတ်အောင်ပါပဲ။

ဘော်ဒီဂတ်တွေပြောပြခဲ့တဲ့ sasaeng တွေရဲ့အပြုအမူများ

နောက်ထပ် အဆိုပါ ကိုယ်ရံတော် ၅ယောက်ပြောပြခဲ့တဲ့ Idol တွေရဲ့နောက်ကွယ်က အလုပ်သဘောတရားအဖြစ်အပျက်လေးတွေလည်းရှိပါသေးတယ်။ ဗီဒီယိုဖိုင်ကိုတင်ပေးထားတာဖြစ်လို့ ပရိတ်သတ်ကြီးလိုက်ပါစီးမြောကြည့်ရှုနိုင်ပါတယ်နော်။

GI GI(momolay)
Source : KStarLive

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။