အွန်လိုင်းအသုံးပြုတွေ အမုန်းများတဲ့ အမျိုးသမီး Idol (၄) ယောက်

Posted on - Apr 16 []

Mia Zin

စာရေးသူ

အောင်မြင်တဲ့လူတစ်ယောက်ဖြစ်လာပြီဆိုရင် အချစ်ခံရတာနဲ့အတူတူ အမုန်းခံရတဲ့ဇာတာကလည်း ဒွန်တွဲပြီးပါလာတတ်တာ သဘာဝပါ။ ဒါ့ကြောင့် အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဆိုရင် ချစ်စကားကိုရော မုန်းစကားကိုပါ လက်ခံတတ်ရမယ်လို့ ရှေးကအနုပညာရှင်ကြီးတွေပြောခဲ့ကြတာပါ။ အခုဖော်ပြပေးမှာကတော့ ကိုရီးယားက အွန်လိုင်းအသုံးပြုသူ ဝေဖန်ရေးသမားတွေ အမုန်းများဆုံးဖြစ်တဲ့ အမျိုးသမီး ၄ ယောက်ဖြစ်ပါတယ်။

Park Bom (2NE1)

ဝေဖန်ရေးသမားတွေ Park Bom ကို တိုက်ခိုက်တဲ့အချက်တွေထဲမှာ သူမရဲ့မျက်နှာကို အဓိကထားပြီးတိုက်ခိုက်တာဖြစ်ပါတယ်။ ပလတ်စတစ်ဆာဂျရီလုပ်ထားတဲ့သူမရဲ့ဟာ တကယ့်အရုပ်မတစ်ရုပ်လိုလှနေတယ်ဆိုတာကို အားလုံးအသိပါပဲ။ ဒါမေယ့် မုန်းသူတွေ၊ မလိုသူတွေကတော့ အဲဒီအချက်ကိုပဲ ထပ်ဖန်တလဲလဲတိုက်ခိုက်နေကြတာပါ။ 'ပလတ်စတစ်ဆာဂျရီရောဂါသည်ကြီး'၊ 'ပလတ်စတစ်မျက်နှာကြီး'၊ 'မျက်နှာတစ်ခုလုံး ပလတ်စတစ်ကြီးပါကွာ' ဆိုတဲ့ အစရှိသော စကားလုံးဆိုးဆိုးဝါးဝါးတွေနဲ့ တိုက်ခိုက်တာဖြစ်ပါတယ်။

ဒီလိုမျိုး ဆိုးဝါးတဲ့ဝေဖန်ချက်တွေကို Bom အနေနဲ့ မနည်းအားတင်းပြီး သည်းခံဖြတ်သန်းခဲ့ရပါတယ်။ မူးယစ်ဆေးသုံးတယ်ဆိုပြီး အစွပ်စွဲခံရစဉ်အခါတုန်းကလည်း အကြိမ်ပေါင်းများစွာတောင်းပန်ပြီး လူရှေ့ထွက်မပြပဲနေခဲ့တာတောင် Park Bom ကို တာဝန်ယူစိတ်မရှိသူတစ်ယောက်ဖြစ်တယ်ဆိုပြီး ဝေဖန်သူတွေက ဆက်လက်တိုက်ခိုက်နေခဲ့တာပါ။ ဒီလိုမျိုးဖိအားတွေကြောင့် သူမရဲ့အနုပညာလှုပ်ရှားမှုတွေကိုရပ်နားပြီး 2NE1 ကနေတောင် ထွက်ဖို့ဆုံးဖြတ်ချက်ချခဲ့တယ်လို့ဆိုပါတယ်။

သူမ ဘယ်လိုတွေပဲတောင်းပန်ပြီး လူလုံးထွက်မပြပဲနေပါစေ သူမကိုမုန်းတဲ့ဝေဖန်ရေးသမားတွေကတော့ သူမကို အပြင်ဘယ်နေရာမှာ ဘယ်အချိန်ပဲတွေ့တွေ့ တိုက်ခိုက်ပြီးမကောင်းပြောနေခဲ့ပါတယ်။ ဒီလိုသာဆက်ပြီးတိုက်ခိုက်နေမယ်ဆိုရင် သူမကို အရင်လိုအဆိုတော်အဖြစ်နဲ့မြင်ရဖို့က ဆက်လက်ခက်ခဲနေဦးမှာပဲဆိုပြီး သူမကိုချစ်တဲ့ပရိသတ်တွေကတော့ စိတ်ပူခဲ့ကြရဖူးပါတယ်။

ဒါပေမယ့်လည်း တိုက်ခိုက်မှု၊ ဝေဖန်မှုတွေကြောင့် ၄ နှစ်လောက် အနားယူပြီးတဲ့အခါမှာတော့ Park Bom ဟာ ပရိသတ်တွေအရှေ့ကို သူမရဲ့ 'Spring" ဆိုတဲ့ သီချင်းအသစ်နဲ့ ပရိသတ်တွေအရှေ့ကို ပြန်လည်ရောက်ရှိလို့လာခဲ့ပါပြီ။

Jennie (BLACKPINK)

YG ရဲ့ အဆိုတော် Idol တစ်ယောက်ဖြစ်တဲ့ Jennie က ပွဲမထွက်ခင်ကတည်းက အာရုံအစိုက်ခံနေခဲ့ရတာဖြစ်ပါတယ်။ ဒါပမေယ့် ပွဲထွက်ပြီးနောက်မှာတော့ မကောင်းပြောတဲ့ဝေဖန်ချက်တွေ အများကြီးရရှိခဲ့တဲ့သူပါ။ သူမဟာ စတိတ်ကျောင်းသူဘ၀ကတည်းက အနိုင်ကျင့်သူတစ်ယောက်ဖြစ်တယ်ဆိုတဲ့ ကောလဟာလတွေက အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ဖုးပါတယ်။

အဲဒီအခါမှာတော့ သူမကသာ အနိုင်ကျင့်ခံခဲ့ရသူတစ်ယောက်ဖြစ်တဲ့အကြောင်းကို လူတစ်ယောက်က သူမရဲ့ကျောင်းသူဘ၀ကပုံကိုတင်ပြီး အစွပ်စွဲခံရတာသာဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ကိစ္စက ဒီနေရာမှာတင် ပြီးမသွားခဲ့ပါဘူး။ အဲဒီနောက်တော့ သူမ နိုင်ငံခြားမှာ ပညာသင်ကြားစဉ်က ပုံတစ်ပုံပျံ့နှံ့ခဲ့ပါတယ်။ ပုံထဲမှာ သူငယ်ချင်းတွေနဲ့ပါတီမှာ ပျော်ပါးနေတဲ့ သူမကို ဝေဖန်သူတွေက သူမဟာ ငယ်စဉ်က မိုက်မဲရိုင်းစိုင်းခဲ့တဲ့ကလေးတစ်ယောက်ဖြစ်မယ်ဆိုတာကို မှတ်ချက်ချခဲ့ပါတယ်။

လက်ရှိမှာ ထိပ်တန်း Idol အဖြစ်နဲ့ အောင်မြင်နေပြီဖြစ်တဲ့ သူမဟာ အဖွဲ့ထဲမှာတော့ ဝေဖန်တိုက်ခိုက်မှုတွေကို အများဆုံးရရှိသူတစ်ယောက်ဖြစ်တယ်လို့ ဆိုကြပါတယ်။ အထူးသဖြင့် သူမရဲ့ တစ်ကိုယ်တော်သီချင်းဖြစ်တဲ့ "Solo" ထွက်ပြီးတဲ့နောက်မှာ တိုက်ခိုက်မှုအရှိန်တွေက ပိုပြီးမြင့်မားလာခဲ့ပါတယ်။

ဒါပေမယ့်လည်း စိတ်ဓာတ်ခိုင်မာတဲ့ Jennie ကတော့ တိုက်ခိုက်သမျှတွေကို အပြုံးမပျက်ပဲလက်ခံကာ BLACKPINK အဖွဲ့ဝင်တွေနဲ့အတူတူ အောင်မြင်မှုတွေကို သိမ်းပိုက်နေတယ်ဆိုတာကို Blink တွေ အသိပါပဲနော်။

Yeri (Red Velvet)

Red Velvet မှာ အဖွဲ့ဝင်တစ်ယောက်ထပ်တိုးတော့မယ်ဆိုကတည်းက Yeri အပေါ်မှာ အာရုံစိုက်မှုများခဲ့ကြတာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Red Velvet ရဲ့ အဖွဲ့ဝင်အရေအတွက်ဟာ လုံလောက်ပြီး သင့်တော်နေပြီလို့ ဝေဖန်သူအများစုက ယူဆတာကြောင့်ဖြစ်ပါတယ်။

ဒါကြောင့် Yeri အနေနဲ့ အလုပ်ပိုလုပ်လေလေ ဝေဖန်သူတွေဆီက အမုန်းခံရလေလေပါပဲ။ သူမမှာ ရုပ်ချောတာလေးပဲရှိပြီး တခြား ထူးခြားတဲ့အရည်အချင်းမရှိတာကြောင့် ဘာအတွက်နဲ့ သူမကိုအဖွဲ့ထဲထည့်ပေါင်းလဲဆိုတာကို ဝေဖန်သူတွေအနေနဲ့ နားမလည်နိုင်ဘူးလို့ဆိုပါတယ်။ သူမ ဘာပဲလုပ်လုပ် ဝေဖန်သူတွေက အပြစ်မရှိ အပြစ်ရှာနေခဲ့ကြတာဖြစ်ပါတယ်။

ဓာတ်ပုံရိုက်ရင်လည်း သူမတစ်ယောက်တည်းပါဖို့အတွက်နဲ့ ကျန်တဲ့အဖွဲ့ဝင်တွေကို တွန်းထုတ်တဲ့လောဘကြီးသူတစ်ယောက်ဖြစ်တယ်လို့လည်း အစွပ်စွဲခံခဲ့ရပါသေးတယ်။ ယဉ်ကျေးမှုမရှိ ရိုသေသမှုမရှိတဲ့မိန်းကလေးတစ်ယောက်လို့လည်း အပြစ်တင်ခဲ့ကြပြီး အနေအထိုင်မတတ်သူတစ်ယောက်လို့လည်း အဝေဖန်ခံခဲ့ရပါတယ်။

Nayeon (Twice)

ချစ်ခင်တဲ့သူတွေပေါများလာသလောက် မုန်းသူတွေလည်းတိုးလာတဲ့သူကတော့ Twice ရဲ့ Nayeon ဖြစ်ပါတယ်။ အဖွဲ့ထဲမှာ အရည်အချင်းအရှိဆုံးသူတွေထဲကတစ်ယောက်ဖြစ်တာကြောင့် ဝေဖန်ခံရမှုတွေကိုလည်း အများဆုံးရရှိသူလည်းဖြစ်ပါတယ်။ Nayeon ဟာ ဆိုးတဲ့မိန်းကလေးတစ်ယောက်၊ လူမှုဆက်ဆံရေးညံ့တဲ့သူ၊ အဖွဲ့ဝင်တွေအပေါ်မှာ အနိုင်ကျင့်တဲ့သူ အစသဖြင့် မကောင်းတဲ့ဝေဖန်ချက်တွေနဲ့ အတိုက်ခိုက်ခံခဲ့ရဖူးပါတယ်။

Nayeon ဟာ Idol တစ်ယောက်နဲ့ကြိုက်ပြီး နောက်ထပ် Idol တစ်ယောက်နဲ့ပါ ခြေရှုပ်ပရောပရည်လုပ်ကြောင်း စတဲ့ မရည်မတွက်နိုင်တဲ့ Dating ကောလဟာလတွေလည်း ထွက်ဖူးခဲ့တာကြောင့် ဒီအချက်ကလည်း သူမကို မုန်းသူတွေတိုးလာစေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်လို့နေပါတယ်။

ဒီလိုမျိုးသော မကောင်းတဲ့ ကောလဟာလတွေကြောင့် Nayeon ဟာ သူမရဲ့ အပြုအမူ အပြောအဆိုတွေကို သတိကြီးကြီးထားပြီး နေခဲ့ရသူဖြစ်ပါတယ်။ Jung Yeon အနောက်မှာ ပုန်းကွယ်ပြီးမျက်ရည်တွေကျနေတဲ့ သူမရဲ့ပုံစံက သူမကိုချစ်တဲ့ ပရိသတ်တွေကို နာကျင်စေခဲ့တယ်လို့ ပရိသတ်တွေက ဆိုပါတယ်။

ဝေဖန်သူတွေ မုန်းသူတွေကတော့ ကိုယ် ဘယ်လောက်ပဲကောင်းအောင်လုပ်ပြနေပါစေ မုန်းနေတတ်ကြတာ သဘာဝပါ။ ဒါပေမယ့် မုန်းသူတွေကိုပဲ စိတ်ထဲထည့်ထားရင် ကိုယ် ကိုယ်တိုင်ပဲ ပင်ပန်းရတာလေ။ ဒီတော့ ကိုယ့်ကို မုန်းတဲ့သူတွေရှိနေတာသိရင် ကိုယ့်ကိုချစ်တဲ့သူ၊ တွယ်တာတဲ့သူတွေလည်း ရှိတာပါပဲလားလို့တွေးလိုက်တာ ပိုကောင်းပါတယ်နော်။

Ref : K-Buzz
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။