2NE1 ရဲ့ Fire နဲ့ BLACKPINK ရဲ့ BOOMBAYAH ကို ရောသမမွှေထားတဲ့ အလန်းစား Mashup သီချင်းကြီး

Posted on - Apr 16 []

Mia Zin

စာရေးသူ

Blackpink အဖွဲ့ဟာ လက်ရှိအချိန်မှာ တောင်ကိုရီးယားရဲ့ K-Pop လောကမှာ နာမည်အကြီးဆုံးအမျိုးသမီး idol အဖွဲ့ဖြစ်သလို 2ne1 ကလည်း တစ်ခေတ်နဲ့ တစ်ခါက ရေပန်းစားခဲ့သလို လက်ရှိအချိန်မှာလည်း ပရိတ်သတ်တွေ အမှတ်တရရှိနေဆဲဖြစ်ပါတယ်။ လတ်တလောမှာတော့ အရင်က သူတို့ရဲ့ debut သီချင်းတွေကို ရောသမမွှေထားတဲ့ video တစ်ပုဒ်က ပြန်လည်ခေတ်စားလာခဲ့ပါတယ်။

2ne1 fire

fire သီချင်းဟာ hip-hop/reggae သီချင်းတစ်ပုဒ်ဖြစ်ပြီး May 6 ရက် ၊ ၂၀၀၉ခုနှစ်မှာထုတ်ဝေခဲ့ပါတယ်။ Teddy ရေးစပ်ပေးထားခဲ့တဲ့ သီချင်းဖြစ်ပါတယ်။ 2ne1 အနေနဲ့ အနုပညာလောကထဲကို ပထမဆုံးရောက်ရှိခဲ့တဲ့ သီချင်းဖြစ်ပြီး အင်တာနက်ပေါ်မှာလည်း အရမ်းနာမည်ကြီးခဲ့တဲသီချင်းဖြစ်ခဲ့ပါတယ်။

2NE1 - FIRE

blackpink boombayah

blackpink အဖွဲ့ကလည်း 2NE1 လိုပဲ YG Entertainment မှ ၂၀၁၆ခုနှစ်မှာ ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ Debut သီချင်းကလည်း Teddy နဲ့ Future Bounce တို့ထုတ်လုပ်ပေးခဲ့တာဖြစ်ပြီး ကိုရီးယားပြည်ပမှာကော နိုင်ငံတကာမှာပါ အလွန်နာမည်ကြီးခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။ Big room house နဲ့ hip house အမျိုးအစားဖြစ်ပါတယ်။

Big room house/ hip house အမျိုးအစားသီချင်းဖြစ်တဲ့ Boombayah နဲ့ hip-hop/reggae သီချင်းအမျိုးအစားဖြစ်တဲ့ Fire သီချင်းတို့ကိုရောစပ်လိုက်တဲ့အချိန်မှာတော့ ထင်ထားတာထက်ကိုကောင်းမွန်နေတာကိုကြားခဲ့ရပါတယ်။ ညွှန်းနေတာကြာပါတယ်။ ပရိတ်သတ်ကြီးလိုက်ပါကြည့်ရှုပေးပါအုံး။

[MASHUP] BLACKPINK & 2NE1 - 붐바야 (BOOMBAYAH) X FIRE

သင်ကော ဘယ်လိုသဘောရပါသလဲ။နှစ်ခြိုက်တယ်ဆိုရင် share ပေးကြပါအုံးနော်။

Ref : 김동우
Mia (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။