Social Media တွေကို အသုံးမပြုတဲ့ Kim Ji Won ရဲ့ ရည်ရွယ်ချက်

Posted on - Nov 8 []

Mia Zin

စာရေးသူ

တောင်ကိုရီးယားမှာ နာမည်ရမင်းသမီးတစ်လက်ဖြစ်တဲ့ Kim Jiwon ကို မြန်မာပရိတ်သတ်တွေလည်းရင်းနှီးပြီးသားဖြစ်မှာပါ။ မင်းသမီးဖြစ်သူ Kim Jiwon ဟာ သိပ်မကြာခင်Cosmopolitan Korea နဲ့အင်တာဗျုးပြုလုပ်ခဲ့ပြီး သူမဟာဘာကြောင့် လူမှုကွန်ယက်စာမျက်နှာထက်က Account တွေအသုံးပြုခြင်းမှ ရှောင်ကြဉ်သလဲဆိုတာပြောပြခဲ့ပါတယ်။

SNS တွေအသုံးပြုခြင်းမရှိတဲ့ သူမရဲ့ အဓိက ရည်ရွယ်ချက်ကို ယခုလိုပဲပြောပြခဲ့ပါတယ်။ "ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ နဲ့ အလုပ်ကိစ္စတွေကို ခွဲခြားထားခြင်ပါတယ်။ ပြည်သူလူထုတွေကိုလည်း ကျွန်မရဲ့ ကိုယ်ပိုင်ဘ၀ထက် ကျွန်မရဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေ ကျွန်မသရုပ်ဆောင်တဲ့ ဇာတ်ကောင်တွေအပေါ်မှာပိုပြီး အာရုံစိုက်စေချင်ပါတယ်။ " လို့ သူမကဖြေရှင်းခဲ့ပါတယ်။

သူမဟာ Descendants Of The Sun ဇာတ်လမ်းတွဲနဲ့နာမည်ကြီးလာတာဖြစ်ပြီးFight My Way ဇာတ်လမ်းတွဲကိုရိုက်ကူးပြီးချိန်မှာတော့ သူမကို လူတော်တော်များများ သတိထားမိလာကြပါတယ်။အဲ့ဒီနောက်မှာတော့ ပရိတ်သတ်တွေဟာဆိုရင် သူမနဲ့ Personal အရပါခင်မင်ခွင့်ရချင်ခဲ့ပြီး သူမကိုဆက်သွယ်နိုင်ဖို့ကြိုးစားခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့်လည်း Kim Ji Won တစ်ယောက်ကတော့ အလုပ်ကိစ္စ နဲ့ ကိုယ်ရေးကိုယ်တာတွေကိုတော့ တင်းကြပ်စွာနဲ့ ခွဲခြားထားခဲ့ပါတယ်။

သူမဟာ ပူပန်သောက အလွယ်တကူရောက်တတ်တဲ့အကြောင်းကိုလည်း ယခုလိုပဲရှင်းပြလာခဲ့ပါတယ်။ "ကျွန်မ ဘယ်လိုထုတ်လုပ်ရေးတွပဲ လုပ်လုပ် အရမ်းစိတ်ပူတတ်ပြီး စိုးရိမ်သောကတွေအမြဲရှိတယ်။ ကျွန်မ ပတ်ဝန်းကျင်ကလူတွေက ကျွန်မကို 'ပူပင်သောကရောက်နေတဲ့ အရုပ်ကလေး' လို့တောင် ခေါ်တတ်ကြတယ်။ " လို့ ၀န်ခံခဲ့ပါတယ်။

သူမမှာ follower ၄သန်းကျော်ရှိတဲ့ Instagram Account တစ်ခုလည်းရှိပါတယ်။ ဒါပေမယ့်လည်း အဆိုပါ အကောင့်ပေါ်ကို တစ်ခါတစ်လေမှသာရောက်ရှိလာပြီး အသုံးပြုမှုမရှိသလောက်နည်းပါးပါတယ်။

နောက်ပြီးတော့ သူမဟာနာမည်အရင်းဖြစ်တဲ့ Kim Ji Won ဆိုတဲ့ နာမည်ထက် သူမရဲ့ ဇာတ်ကားထဲက နာမည်တွေခေါ်တာကိုသဘောကျပါတယ်တဲ့။ သူမဖြေဆိုသွားတဲ့အကြောင်းအရာတွေကိုကြည့်ခြင်းအားဖြင့် Jiwon ဟာသရုပ်ဆောင်အလုပ်ကိုဘယ်လောက်တောင်အလေးထားလဲဆိုတာကိုတွေ့မြင်ရမှာပါပရိတ်သတ်ကြီးရေ။ ပရိတ်သတ်ကြီးကော သူမရဲ့သရုပ်ဆောင်ချက်တွေကိုသဘောကျကြရဲ့လား။

Ref : Koreaboo
Mia (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။