နာပိုလီနဲ့ပွဲမတိုင်ခင် ဆိုကရာတစ်ကို ချီးကျူးသွားတဲ့ အာဆင်နယ်နည်းပြအမ်မရီ

Posted on - Apr 18 []

Gunner Ksr

စာရေးသူ

ပရီးမီးယားလိဂ်ကလပ်အာဆင်နယ်အသင်းနည်းပြအမ်မရီကတော့ နာပိုလီနဲ့ယူရိုပါလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ် မတိုင်ခင်မှာ နောက်ခံလူဆိုကရာတစ်နဲ့ ပတ်သက်လို့ ချီးကျူးစကားပြောကြားသွားခဲ့ပါတယ်။ ဆိုကရာတစ်ဟာ အခုရာသီအစကမှ ဒေါ့မွန်ကနေ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ရောက်ရှိလာခဲ့သူပါ။ ဒါပေမယ့်လည်း ဆိုကရာတစ်ဟာ အသင်းသစ်မှာ လျင်လျင်မြန်မြန် အထိုင်ချခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့ပါ တယ်။ ဆိုကရာတစ်ဟာ အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမားအဖြစ် ပွဲထွက်ခွင့်ရနေသူဖြစ်ပါတယ်။

ဆိုကရာတစ်ဟာ အာဆင်နယ်အတွက် ပရီးမီးယားလိဂ် ၂၂ ပွဲ ပွဲထွက်ကစားထားပြီး ယူရိုပါလိဂ်မှာလည်း ၈ ပွဲ ပါဝင်ကစားထားခဲ့သူပါ။ အဲဒီ အသက် ၃၀ နှစ်အရွယ်ရှိ ဂရိနောက်ခံလူဟာ နာပိုလီနဲ့အဝေးကွင်းပွဲစဉ်မှာ လည်း ပွဲထွက်ပါဝင်ကစားရဖို့ရှိနေပြီး နည်းပြအမ်မရီကတော့ ဆိုကရာတစ် စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ဖို့ မျှော်လင့်နေပါတယ်။

"ကစားသမားသစ်တစ်ယောက်အနေနဲ့ အသင်းသစ်မှာ စစချင်း အထိုင်ကျဖို့က အရေးကြီးပြီး အဲဒါက လုံးဝမလွယ်ကူပါဘူး။ ရာသီအကြိုမှာတုန်းကတော့ ဆိုကရာတစ်အကြောင်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ စကားပြော ဖြစ်ခဲ့ကြတယ်။

သူက လေ့ကျင့်ရေးကွင်းမှာတော့ အထိုင်ကျခဲ့ပါတယ်။ ဒါပေမယ့် အင်္ဂလန်မှာက ပွဲကစားတာနဲ့ လေ့ကျင့်ခန်းဆင်းတာ ကွဲပြားပါတယ်။ သူဟာ အခုတော့ ကျွန်တော်တို့ကို စွမ်းဆောင်ရည်ကောင်းတွေနဲ့ ကူညီပေးနေပါတယ်။ သူ့ကို ရရှိတဲ့အတွက် ကျွန်တော်တို့အားလုံး ပျော်ရွှင်ရပါတယ်။

နာပိုလီနဲ့ပွဲက ကျွန်တော်တို့အတွက် ပွဲကြီးပါပဲ။ ဒါကြောင့် အဲဒီပွဲမှာ အတွေ့အကြုံရင့်ကျက်တဲ့ကစားးသမားတွေ လိုအပ်ပါတယ်။ ဆိုကရာတစ်ကတော့ အဲဒီကစားသမားတွေထဲက တစ်ယောက်ပါပဲ"လို့ အာဆင်နယ်နည်းပြ အမ်မရီက ပြောကြားသွားခဲ့တာပါ။

ဆက်လက်ပြီး အမ်မရီက နာပိုလီကို ကျော်ဖြတ်ပြီး နောက်တစ်ဆင့်တက်ရောက်နိုင်မလားဆိုတဲ့ မေးခွန်းကို "၅၀-၅၀ ပါပဲ။ ကျွန်တော့်အတွက်တော့ မပြောင်းလဲပါဘူး။ ပထမအကျော့အိမ်ကွင်းမှာ ကစားခဲ့ရတုန်းက ကျွန် တော်တို့ အနိုင်ရခဲ့တယ်။ ဒါက ပုံမှန်ရလဒ်ပါပဲ။ ကျွန်တော်တို့ကတော့ နိုင်ပွဲရရှိဖို့ အစွမ်းကုန် ကြိုးစားကစားသွားမှာပါ"လို့ ပြောကြားသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ နာပိုလီနဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ဒုတိယ အကျော့ပွဲစဉ်ဖြစ် ဒီနေ့ညမှာ နာပိုလီအသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဒီနှစ်ယူရိုပါလိဂ်မှာ ဗိုလ်စွဲဖို့ ရည်မှန်းထားနေတဲ့အသင်းလည်းဖြစ်ပါတယ်။

Ref Be Soccer

PPT(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။