ဆရာဟောင်းမော်ရင်ဟိုကို ဘိုင်ယန်နည်းပြအဖြစ် မြင်တွေ့လိုနေတဲ့ ဘောလက်

Posted on - Apr 18 []

Gunner Ksr

စာရေးသူ

ဂျာမနီဂန္ထ၀င်ကစားသမားဟောင်းဘောလက်တော့ သူ့ရဲ့ဆရာဟောင်းမော်ရင်ဟိုကို ဘိုင်ယန်မြူးနစ်နည်းပြအဖြစ် မြင်တွေ့လိုတဲ့အကြောင်းကို ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ မော်ရင်ဟိုသာ ဘိုင်ယန်မြူးနစ်ဖြစ်လာခဲ့ မယ်ဆိုရင် ဘိုင်ယန်ရော ဘွန်ဒက်လီဂါအတွက်ပါ ကောင်းတဲ့လက္ခဏာလို့ ဘောလက်က ဆိုသွားခဲ့တာပါ။ လက်ရှိဘိုင်ယန်မြူးနစ်နည်းပြ ကိုဗက်စ်အနေနဲ့ ပထမဆုံးရာသီမှာ ရုန်းကန်မှုတွေကြုံတွေ့ခဲ့ရပြီးနောက် သူ့ရဲ့အ နာဂတ်ကပါ မတည်မငြိမ်ဖြစ်လာခဲ့ပါတယ်။ ဘိုင်ယန်အနေနဲ့ အခုနှစ်ရာသီမှာ ဘွန်ဒက်လီင်္ဂါချန်ပီယံဆုကို အရင်ကလို သာသာယာယာရယူနိုင်ခြင်းမရှိဘဲ ဒေါ့မွန်နဲ့ အပြိုင်ယှဉ်ပြိုင်နေရပါတယ်။

ဒါ့အပြင် ဘိုင်ယန်မြူးနစ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း လီဗာပူးကို အရေးနိမ့်ပြီး ၁၆ သင်းအဆင့်ကနေပဲ စောစောစီးစီးလက်ပြနှုတ်ဆက်ခဲ့ရတာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ပြီးခဲ့တဲ့ဧပြီ ၆ ရက်နေ့မှာ အဓိကပြိုင်ဘက်ဒေါ့မွန်ကို ၅ ဂိုးပြတ်နဲ့ အနိုင်ယူပြီး ဘွန်ဒက်လီဂါချန်ပီယံဆုကို ၇ နှစ်ဆက်ရယူဖို့ အလားအလာကောင်းတွေကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီလို ဘွန်ဒက်လီဂါချန်ပီယံဆုကို ရယူနိုင်ခဲ့မယ်ဆိုရင်တောင် ဘိုင်ယန်အသင်းဥက္ကဋ္ဌအနေနနဲ့ ကိုဗက်စ်ရဲ့အနာဂတ်အတွက် အာမခံပေးဖို့ တွန့်ဆုတ်နေခဲ့ပါတယ်။ ဒါကြောင့် ဘိုင်ယန်အနေနဲ့ ကိုဗက်စ်ကိုထုတ်ပယ်ပြီး နည်းပြသစ်ခန့်အပ်ဖို့ ဆုံးဖြတ်မယ်ဆိုရင် အဲဒီနည်းပြသစ်ဟာ မော်ရင်ဟိုပဲ ဖြစ်သင့်တယ်လို့ ဘောလက်က ဆိုသွားခဲ့တာပါ။

"ကိုဗက်စ်ဟာ လက်ရှိမှာ ဘိုင်ယန်နည်းပြဖြစ်တဲ့အတွက် လေးစားမှုရှိရပါမယ်။ သူဟာ သူ့အလုပ်ကို အကောင်းဆုံးလုပ်ဆောင်နေပါတယ်။ ဒါပေမယ့် ဘိုင်ယန်အနေနဲ့ နည်းပြသစ်ခန့်အပ်မယ်ဆိုရင်တော့ မော်ရင်ဟိုက သူတို့အတွက် ဆွဲဆောင်မှုဖြစ်ပါလိမ့်မယ်။

ဂွါဒီယိုလာတုန်းကလည်း မြင်ခဲ့ရပြီးပါပြီ။ နောက်ပြီး မော်ရင်ဟိုကိုသာ ခန့်အပ်မယ်ဆိုရင် ထိပ်တန်းကစားသမားတွေကို ခေါ်ယူတဲ့နေရာမှာလည်း လွယ်ကူသွားလိမ့်မယ်။ ဘွန်ဒက်လီဂါဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်လို ထိပ်တန်းအဆင့်ကစားသမားတွေ အများကြီး ရှိမနေပါဘူး"လို့ ဘောလက်က ပြောဆိုသွားခဲ့တာပါ။ ဘောလက်ဟာ ၂၀၀၆ ကနေ ၂၀၁၀ ခုနှစ်အထိ ချဲလ်ဆီးမှာ ကစားသွားခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံ ဆုကို တစ်ကြိမ် ရယူနိုင်ခဲ့ပါတယ်။ မော်ရင်ဟိုအနေနဲ့ လာမယ့်ဘောလုံးရာသီမှာ နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်မယ်လို့ ဖွင့်ဟခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ မော်ရင်ဟိုဟာ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်အသင်း တို့နဲ့ သတင်းတွေ ထွက်ပေါ်နေပြီး ဘယ်အသင်းကို ရောက်သွားမလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။

Ref Be Soccer

PPT(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။