ခံစစ်ပိတ်ကစားတဲ့ အသင်းတွေနဲ့တွေ့ရင် ဘယ်လိုရင်ဆိုင်ခဲ့လဲဆိုတာ ပြောပြလိုက်တဲ့ဇီဒန်း

Posted on - Apr 18 []

Htoo Yan Ag

စာရေးသူ

ရီးရဲမက်ဒရစ်အသင်းရဲ့ နည်းပြ ဇီဒန်းက သူ့အနေနဲ့ ခံစစ်ပိတ်ကစားတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်တွေမှာ ဘယ်လိုနည်းဗျူဟာနဲ့ ရင်ဆိုင်ခဲ့လဲဆိုတဲ့ လျို့ဝှက်ချက်ကို ဖွင့်ဟသွားခဲ့ပါတယ်။ ဇီဒန်းဟာ ရီးရဲအသင်းကို ချန်ပီယံလိဂ်ဖလား ၃နှစ်ဆက်တိုက် ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ ဂြိုဟ်သားနည်းပြ တစ်ဦးလဲဖြစ်ပါတယ်။ သူ့ရဲ့နည်းပြဘ၀ အတွေ့အကြုံတွေထဲက တစ်ခုဖြစ်တဲ့ ခံစစ်ပိတ်ကစားတဲ့ အသင်းတွေကို ရင်ဆိုင်ခဲ့ရတဲ့ အတွေ့အကြုံနဲ့ ပက်သက်ပြီး အခုလိုပဲ ပြောပြသွားခဲ့ပါတယ်။

ဇီဒန်းက “ကျွန်တော်က တိုက်စစ်ကစားသမား တစ်ယောက်ဖြစ်ခဲ့လို့လား မသိဘူး၊ ခံစစ်ပိတ် ကစားတဲ့ အသင်းတွေ ကျွန်တော်အရမ်းမုန်းပါတယ်။ ဒါပေမယ့် နည်းပြဘ၀မှာ ဒီလိုအသင်းတွေကို ရင်ဆိုင်ရတော့လဲ ရှောင်လွှဲလို့မရဘူးပေါ့။ "

" ခံစစ်ပိတ် ကစားတတ်တဲ့ အသင်းတွေနဲ့တွေ့တိုင်း ကျွန်တော် ဘယ်တော့မှ တိုက်စစ်ဆင် မကစားဖို့ အကြံတစ်ခု ရခဲ့ပါတယ်။ အဲ့ဒါကတော့ ပြိုင်ဘက်ကို ဘောလုံးပေး ကစားလိုက်တာပါ။ "

" ခံစစ်ပိတ်ကစားတဲ့ အသင်းတော်တော်များများဟာ ပွဲမစခင်ကတည်းက ခံစစ်ပိတ်ဖို့သာ နည်းဗျူဟာ ချမှတ်လေ့ရှိပြီး သူတို့ခြေထဲ ဘောလုံးရသွားတဲ့အခါ သူတို့အတွက် ကစားရခက်သွားစေပါတယ်။ အဲ့ဒီအချက်က ကျွန်တော့အတွက်တော့ အတော်လေး အလုပ်ဖြစ်ခဲ့ပါတယ်” လို့ ဖွင့်ဟသွားခဲ့ပါတယ်။

အထူးသဖြင့် ဇီဒန်းဟာ ချန်ပီယံလိဂ် ၃နှစ်ဆက်တိုက် ဆွတ်ခူးခဲ့ရမှာ အက်သလက်တီကို၊ ဂျူဗင်တပ်တို့လို ခံစစ်အားပြုတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။ ဒါပေမယ့်လဲ ဇီဒန်းဟာ အဆိုပါဗျူဟာနဲ့ နှစ်သင်းလုံးရဲ့ ခံစစ်တွေကို ဖြိုခွင်းနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဖလားတွေကို ဆွတ်ခူးနိုင်ခဲ့ပါတာ ဖြစ်ပါတယ်။

HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။