ဘောလုံးလောကရဲ့ မိုက်ရိုင်းအကျည်းတန်ဆုံး ပြစ်ဒဏ်ကျူးလွန်မှုများ

Posted on - Apr 18 []

Htoo Yan Ag

စာရေးသူ

ဘောလုံးပွဲတိုင်းမှာ ပြစ်ဒဏ်ကျူးလွန်မှုတွေကို ကျွန်တော်တို့တွေ မြင်တွေ့ရလေ့ရှိပါတယ်။ အချို့တွေက မတော်တဆ ထိခိုက်မှုတွေ ရှိခဲ့သလို အချို့တွေကျတော့လဲ ရည်ရွယ်ချက်ရှိရှိ ရိုင်းရိုင်းစိုင်စိုင်း ပြစ်ဒဏ်ကျူးလွန် ခဲ့ကြပါတယ်။

ယခုရာသီ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်ဖြစ်တဲ့ အေဂျက်ဇ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ပွဲစဉ်မှာ ဘိုင်ယန်တိုက်စစ်မှူး မူလာဟာ အေဂျက်ကစားသမားကို ကရာတေးကစ်နဲ့ ကန်ကျောက်ခဲ့ပါတယ်။

သူဟာဘောလုံးကို လှည့်ကန်တာ ဖြစ်ပေမယ့်လဲ ပြိုင်ဘက်ကစားသမားက ခေါင်းကိုကန်ကျောက်သလို ဖြစ်ခဲ့တာကြောင့် တိုက်ရိုက်အနီကဒ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒီဖြစ်ရပ်ဟာ အတော်လေး ရုပ်ဆိုးအကျည်းတန်ခဲ့ပြီး လက်ရှိအချိန်မှာ ဟိုးလေးတကျော်ကျော် ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာလည်း မက်ဆီကို စမောလင်းက နောက်ကနေဝင်ဆောင့်ပြီး နှာခေါင်းရိုးကျိုးစေခဲ့ပါတယ်။

မူလာရဲ့စမောလင်းတို့ရဲ့ ဖြစ်ရပ် တွေအပြင် ဘောလုံးလောကမှာ မိုက်ရိုင်းအကျည်းတန်ဆုံး ဖြစ်ခဲ့တဲ့ ပြစ်ဒဏ်ကျူးလွန်မှုတွေကို စုစည်းတင်ဆက် ပေးလိုက်ပါတယ်။

Worst Tackles & Fouls Ever in Football

ပရိသတ်ကြီးလည်း ဘောလုံးလောကရဲ့ ကြောက်စရာကောင်းလှတဲ့ ပြစ်ဒဏ်ကျူးလွန်မှုတွေကို တစ်စုတစ်စုတည်း ကြည့်ရှုခံစားပြီး ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်...

HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။