မက်ဆီနဲ့ဟယ်ရီကိန်း ပေါင်းစပ်လိုက်ရင် ဘာတွေဖြစ်လာမလဲဆိုတာ ပြောပြလိုက်တဲ့ မိုက်ကယ်အိုဝင်

Posted on - Apr 18 []

Htoo Yan Ag

စာရေးသူ

ဘာစီလိုနာအသင်းဟာ စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို ပေါင်သန်း၂၀၀နဲ့ ခေါ်ယူဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲပြီးနောက် အင်္ဂလန်အသင်းရဲ့ တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင် အနေနဲ့ ဟယ်ရီကိန်းသာ ဘာစီလိုနာကို ပြောင်းရွှေ့ပြီး မက်ဆီနဲ့ ပေါင်းစပ်ခဲ့ရင် ဘာတွေဖြစ်လာမလဲ ဆိုတာကို ပြောပြသွားခဲ့ပါတယ်။

အိုဝင်က “ဟယ်ရီကိန်းဟာ တိုက်စစ်မှူးကောင်း တစ်ယောက်ပြီး နယ်မြေသစ်မှာ စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ဖို့ အချိန်တန်ပါပြီ။ ဘာစီလိုနာနဲ့ သတင်းတွေ ထွက်နေတာက သူ့အတွက်တော့ သတင်းကောင်းပါပဲ။ တကယ်လို့ သူဟာဘာစီလိုနာကို ပြောင်းရွှေ့ပြီး မက်ဆီနဲ့ တွဲဖက်ကစားခဲ့ရင် ယခုထက်ပိုပြီး ဂိုးတွေသွင်းနိုင်မှာ သေချာပါတယ်။ "

" မက်ဆီရဲ့ အကွက်မြင်ပြီး တိကျတဲ့ ပေးပို့မှုတွေနဲ့ ဟယ်ရီကိန်းရဲ့ အဆုံးသတ်သေချာမှု အမြင့်ဘော ကျွမ်းကျင်မှုတွေသာ ပေါင်းစပ်လိုက်မယ်ဆိုရင် ခမ်းနားတဲ့ သွင်းဂိုးတွေလဲ အများကြီး မြင်တွေ့ရဖို့ရှိပါတယ်။ "

" နောက်ဆုံး ဟယ်ရီကိန်းဟာ ကမ္ဘာ့အကောင်းဆုံး စာရင်းဝင် တိုက်စစ်မှူး တစ်ဦးဖြစ်တာကြောင့် Balloon d’Or ဆုကိုပါ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ အစောပိုင်းတည်းက တိုက်စစ်ပိုင်းအတွက် ကြီးမားတဲ့ ကစားသမား ခေါ်ယူမှုတစ်ခု ပြုလုပ်သွားမယ်လို့ အတိအလင်း ကြေငြာထားခဲ့ပြီး လူးဝစ်ဆွာရက်ဇ်ရဲ့နေရာကို အစားထိုးဖို့ နောက်ဆုံးမှာ ဟယ်ရီကိန်းကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

တကယ်လို့ ဘာစီလိုနာအသင်း အနေနဲ့ ဟာရီကိန်းကိုသာ ပေါင်သန်း၂၀၀နဲ့ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အဆိုပါ အပြောင်းအရွှေ့ဟာ ဘောလုံးလောကရဲ့ အမြင့်မားဆုံး အပြောင်းအရွှေ့အဖြစ် မှတ်တမ်းဝင်သွားမှာ ဖြစ်ပါတယ်။

HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။