ရော်နယ်ဒင်ဟိုက idol player ပါဆိုတဲ့ ဒေါ့မွန်ကြယ်ပွင့် ဆန်ချို

Posted on - Apr 18 []

Htoo Yan Ag

စာရေးသူ

ဒေါ့မွန်အသင်းမှာ အံ့ဖွယ်ခြေစွမ်းတွေကို ပြသနေတဲ့ လူငယ်ကစားသမားလေး ဆန်ချိုဟာ သူ့ရဲ့ idol ကစားသမားတွေအကြောင်း ဖွင့်ဟသွားခဲ့ပြီး ရော်နယ်ဒင်ဟိုရဲ့ ကစားပုံတွေကိုကြည့်ပြီး ကြီးပြင်းခဲ့ရတာပါလို့ ဖွင့်ဟသွားခဲ့ပါတယ်။

ဆန်ချိုက “ရော်နယ်ဒင်ဟိုဟာ ကျွန်တော့ရဲ့ idol player တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ပုံရိပ်တွေနဲ့ ကြီးပျင်းခဲ့ရတာပါ။ သူဟာ ခမ်းနားတဲ့ ကစားသမား တစ်ယောက်ဖြစ်သလို အမြဲတမ်း ပြုံးရွှင်စွာ ကစားတတ်သူ တစ်ယောက်ပါ။"

" အခုတော့ နေမာပေါ့။ သူဟာလဲ ရော်နယ်ဒင်ဟိုနဲ့ မတူညီတဲ့ ကစားသမားဖြစ်ပြီး ကျွန်တော် လေးစားအားကျရတဲ့ ကစားသမားပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

အင်္ဂလန်သားလေး ဆန်ချိုဟာ အသက်၁၈နှစ် အရွယ်သာရှိသေးပြီး ၂၀၁၇ခုနှစ်က မန်စီးတီး လူငယ်အသင်းကနေ ဒေါ့မွန်အသင်းကို ပြောင်းရွှေ့လာခဲ့တာပါ။ အဲ့ဒီနောက် ဆန်ချိုရဲ့ခြေစွမ်းဟာ တစ်ဟုန်ထိုး တိုးတက်လာခဲ့ပြီး ဒေါ့မွန်အသင်းမှာ နေရာအခိုင်အမာ ရလာခဲ့ကာ အင်္ဂလန် လက်ရွေးစင်အတွက်ပါ ရွေးချယ်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ အပတ်က ကစားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်မှာလည်း အင်္ဂလန် လက်ရွေးစင် အသင်းကြီးအတွက် ပွဲထွက်ပါဝင်ကစားခွင့် ရရှိခဲ့ပြီး ခြေစွမ်းလည်း ပြသနိုင်ခဲ့သူ ဖြစ်ပါတယ်။

HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။