သမီးလေးရှေ့မှာ အနေအထိုင် ဆင်ခြင်ဖို့ ကတိကို ဖောက်ဖျက်လို့ ပေါက်ကွဲလိုက်တဲ့ ဘုဏ်းသိုက်

Posted on - Apr 19 []

Rowena

စာရေးသူ

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် ဘုဏ်းသိုက် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင် တစ်ဦးပါ။ ဘုဏ်းသိုက်က အများနဲ့မတူ တဲ့ လူအများသွားလာရ ခက်ခဲတဲ့ နေရာတွေထိ သွားရောက် ရိုက်ကူး ပြီး အရည်အသွေးမြင့် တဲ့ကားတွေကိုသာ ရိုက်ကူးပုံဖော်သူ ဖြစ်သလို ဒါရိုက်တာ တစ်ဦးအနေနဲ့လည်း ရပ်တည်နေသူပါ။ အနုပညာကိုကြိုးစားလုပ်ရင်း ချစ်ရတဲ့ သမီးလေးနဲ့ အတူဘဝကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဘုဏ်းသိုက်က သမီးလေး ခံစားရမှာစိုးလို့ အဖြစ်အပျက်တွေကို အခုလိုပဲ ပြောပြလာပါတယ်။

"လိမ် ပြန် ပြီ...။ကတိ ဖျက်ပြန်ပြီ။ ဒီတစ်ခါ နင် လိမ်တာ အရမ်းကို များတယ်ဟာ..။ သမီးလေး ရှေ့မှာ အနေအထိုင် ဆင်ခြင်ပေးပါလို့ တစ်ခွန်းပဲ တောင်းဆိုတယ်..။"ကျွန်မက ဘာလုပ်နေလို့လဲ ...ခိုးကြောင်ခိုးဝှက် လုပ်နေတာ တစ်ခုမှ မရှိဘူး..။ကျွန်မက ရိုးသားတယ်..ကျွန်မကိုဆို အကောင်းကို မမြင်ဘူး ...အဲဒါကြောင့် ပြောတာ.........ဆိုပြီး...ထုံးစံအတိုင်း ကိုယ်က တစ်ခွန်း...သူက ဆယ်ခွန်း ပြောသွားရော...။ ရိုးသားတာနဲ့ မျက်နှာပြောင်တိုက်တာကိုလည်း ရောထွေးနေပုံရတယ်..။"

"ထားပါ..အဓိက ပြောချင်တာက**** မင်း ပြောတဲ့ လူကြီးလူကောင်း ဆိုတဲ့ ပုဂ္ဂိုလ် နဲ့ ငါ့သမီးလေးကို မိတ်မဆက်ပေးပါနဲ့ ..။ မင်း နဲ့ အဲ့ဒီ လူကြီးလူကောင်း နဲ့ တွေ့ဖို့ ချိန်းထားရင် ငါ့သမီးလေးကို ခေါ်မသွားပါနဲ့ " လို့ ပြောတော့ ....မခေါ်ပါဘူးတဲ့...။ မင်းဆီကို တစ်ပတ်လုံး နေမှ ၂ရက်လောက်ပဲ ကလေးက လာနေတဲ့အတွက် နင် တယောက်ယောက်နဲ့ တွေ့ဖို့ဆို ကျန်တဲ့ ၅ရက် မှာ ကြိုက်တဲ့နေရာမှာ ကြိုက်တဲ့ လူနဲ့ တွေ့နိုင်တယ်။ အဲ့ဒီ ၂ရက်ကိုတော့ သမီးလေးကို အချိန်ပေးပါ။ အကယ်၍ နင် တစ်ပတ်လုံး မအားဘူးဆိုရင် တော့ ကလေးကို တစ်ပတ်လုံး ငါပဲထိန်းမယ် လို့ ပြောထားပြီးသား။"

"အဓိက ပြောချင်တာက ငါ့သမီးလေးကို ဒီအချိန်မှာ ပေးမသိစေချင်သေးတဲ့ အသိ..ပေးပြီး မမြင်စေချင်တဲ့ မြင်ကွင်းတွေရှိတယ်..။ အဲဒါက သူ့အမေက သူ့အဖေ မဟုတ်တဲ့ သူစိမ်းယောကျာ်းတစ်ယောက်နဲ့ ပုံမှန်ထက်ပိုပြီး ရင်းနှီးပူးကပ်နေတဲ့ မြင်ကွင်းမျိုး မပြောနဲ့ ပုံမှန်တွေ့ဆုံနေတယ် ဆိုတာကိုတောင် မမြင်စေချင်သေးဘူး...။ ပြီးတော့ အဲဒီလူက သူ့အမေနဲ့ ဘယ်လို ဆက်ဆံရေး ရှိတဲ့ လူလဲ လို့ မသိစေချင်သေးဘူး..။ အဲဒါ သမီးလေး အတွက်လည်း ဟုတ်တယ်..။ မင်း အတွက် လည်း ဟုတ်တယ်။"

"အဲ့တော့ငါတောင်းဆိုတာက ဒီ တစ်ခုတည်း..။ မင်းရဲ့ လူနဲ့ တွေ့ဖို့ သွားမယ်ဆို ငါ့သမီးလေးကို လုံးဝ ခေါ်မသွားပါနဲ့..။ ငါ့စိတ်က တော်တော် အဆင်မပြေလို့ပါ ဆိုတော့ ..အင်းပါ...ကျွန်မက အရူးမှ မဟုတ်တာ..တစ်ခါမှ လည်း ခေါ်မသွားဖူးပါဘူး တဲ့...။ ကဲ...ပြီးပြီးသား တွေထားပါတော့..။ သမီးလေးကို ငါချော့မေးပြီးသွားပါပြီ လိမ်မနေပါနဲ့တော့...။ နင်သမီးလေးကို နှစ်ခါ ခေါ်သွားဖူးတာ ငါသိပြီးပါပြီ။ သမီးလေးနဲ့ ပတ်သတ်လို့ ဒီစကားလေးတော့ နားထောင်ပေးပါလို့ ကြိုပြီး ပြောထားတယ်..။"

" ဒါပေမယ့်.....ကလေးက ၃ ရက်လောက် ပါသွားပြီး ပြန်ရောက်လာတော့... " မေမေ နဲ့ အဲ့ဒီ ဘိုကြီးက အာဘွားပေးနေကြတယ်လို့ .." သမီးလေး က ငိုပြီး ငါ့ကို ပြောတော့.. ငါ ဘယ်လို ဖြစ်သွားမလဲ...? တရားဝင် မကွာရှင်းရသေးတဲ့ ယောကျာ်း တစ်ယောက်ရဲ့ ခံစားချက်ကို ခဏ ဖယ်ထားပါဦး..သမီးရဲ့ အဖေ တစ်ယောက်အနေနဲ့ အဲ့ဒီစကားက ငါ့က်ု ဘယ်လောက်ထိ ဖြစ်သွားစေမလဲ ...? (အဲဒီလို တရားဝင် မကွာရှင်းရသေးဘူးဆိုတာ မသိဘဲ ပေါ်ပေါ်တင်တင်တွေ လျှောက်ပြီးသွားလာ လှုပ်ရှားနေတာက မင်းအတွက် ...မင်းတို့ နှစ်ယောက်စလုံးအတွက် အန္တရာယ်ရှိတယ်ဆိုတာကိုရော မင်းတို့ သိရဲ့လား...?)"

" ထားပါတော့ ...အဲ့လို ကိစ္စတွေက ငါသာ သေသွားမယ် ဘယ်တော့မှ လုပ်ဖြစ်မှာလည်း မဟုတ်သလို...ဘယ်သူ့ကိုမှလည်း မလုပ်ရက်ဘူး...။ အခု အဓိက ပြောချင်တာက မင်း နဲ့ မင်းရဲ့ လူအကြောင်း ပြောဖို့ မဟုတ်ဘူး။ သမီးလေး ကိစ္စ။ (ဒါကိုလည်း ဒရာမာ ချိုးတယ်လို့ ပြောဦးမယ် မလား..။)"

" သမီးလေး ကို အင်းလေး သင်္ကြန်ခေါ်သွားမယ်..တဲ့။ ဘယ်သူတွေ ပါလဲလို့ မေးတော့ ကျွန်မတို့ သားအမိ ၂ယောက်ရယ် ...ကျွန်မ အမေရယ် တဲ့ ..ပေါင်း သုံးယောက်တည်းလား ဘယ်သူပါသေးလဲ ဆိုတော့...။အေးလေ ..ဘယ်သူပါရမှာလဲ..သုံးယောက်တည်းပေါ့တဲ့....။ အမှတ်မရှိဘူး ငါကလည်း ယုံပြီး ထည့်ပေးလိုက်တယ်..။ အကြိုနေ့ သမီးလေးနဲ့ ဖုန်းပြောတယ်..။ဘယ်သူတွေ ပါသေးလဲ. သမီးလေး လို့မေးတော ကလေးက နည်းနည်း ဟမ်းသွားတယ်၊ဘေးမှာ ရှိနေတဲ့ နင်က ယူပြီး ဖြေတယ် "ကျွန်မရယ် အမေရယ် သမီးလေးရယ်..သုံးယောက်ပဲလေ.." တဲ့..။"

" အကြိုနေ့ည ....သတင်း တစ်ခု ငါ့ဆီ ရောက်လာတယ်..။ ပြီးတော့ ဓာတ်ပုံတွေရော...။ ဗီဒီယိုတွေရော...။ ငါအလေးအနက် အထားဆုံး ကိစ္စကိုလည်း ပေါ့ပေါ့ပါးပါး လေး နင် လိမ်ပစ်တာပဲ...။ "သွားတုန်းက တော့ သုံးယောက်တည်း ....သူကလည်း သူ့အလုပ်နဲ့ သူ လာရင်း ဟိုရောက်မှ တွေ့ကြတာလို့ ပလီ ဦး မလား...။ကားပေါ်က ဓါတ်ပုံက ? ရန်ကုန်က ထွက်ကတည်းက ကားပေါ်မှာ မိသားစုလေး တစ်ခု အပျော်ခရီးထွက်သလို... မင်းအမေကလည်း ငါနဲ့အတူတူ သွားလာနေတုန်းက ငါ့ကို ပြုံးပြတဲ့ အပြုံးအတိုင်းပဲ... မင်းကလည်း ငါနဲ့ သွားလာနေတုန်းက မျက်နှာပေးအတိုင်းပဲ ငါ့ကို ဗြောင်လိမ် ကတိတွေဖျက်ပြီး သွားလာနေတာကို ရိုးသားတာလို့ ပြောဦးမှာပဲ...လား..။"

" ည အိပ်ခါနီးဆို သမီးလေးက သူ့မွေးနေ့အတွက် ငါရယ် နင်ရယ် သူရယ် ဇန်နဝါရီ လ ၂၅ ရက်နေ့ တုန်းက ငါတို့ သုံးယောက်တည်း ကိတ်ခွဲကြတဲ့ နေ့အကြောင်း ပျော်ပြီး ပြောတုန်း။ သင်္ကြန်မတိုင်ခင် တစ်ရက် အလို မှာ သမီးလေးကို ငါ့ဆီက နင်လာခေါ်သွားတယ်။ကားနားအထိ သမီးကို ငါကိုယ်တိုင် ချီပြီး လိုက်ပို့တယ်။ နောက် ၂ရက်လောက်ကြာတော့... ဒီလူ နဲ့ လူတွေရှေ့မှာ...သမီးလေးရှေ့မှာ ပေါ့ပေါ့ပါးပါးနဲ့ ရယ်မော ပျော်ရွှင်နေပုံက ၁၁ နှစ်ကျော် ဖြတ်သန်းခဲ့တဲ့ သူ့အဖေနဲ့ နေခဲ့တဲ့ ပုံစံမျိုးပဲ...။ ဒီမြင်ကွင်းကို မြင်ရဖန်များလာခဲ့ရင် ကလေးအနေနဲ့...ဒီလို လုပ်ရပ်ဟာ မစိမ်းတော့ဘဲ မိန်းကလေး တစ်ယောက်(အထူးသဖြင့် သူ့အမေ )ဟာ ဒီလို မျိုး ...ကိုယ့်အဖေ အပြင် နောက်ထပ် သူစိမ်းယောကျာ်းတစ်ယောက်နဲ့ ဒီလောက်ထိ လွတ်လပ်ပွင့်လင်းပြီး နေလို့ ရတာပဲလား...။"

"ဒီလို လုပ်ရပ်ကမှ မင်းပြောသလို ရိုးသားတာ လို့... ငါ့သမီးလေးက အဲ့လိုအတွေး ဖြစ်သွားခဲ့ရင်...? အဲ့ဒီလိုခံစားမှုက စိတ်ဒဏ်ရာတစ်ခု လို သူကိုယ်တိုင်တောင် မသိလိုက်ဘဲ သူ့မသိစိတ်မှာ စွဲသွားခဲ့ရင်.....? ပြီးတော့လည်း သူ့အမေ နဲ့ ပတ်သတ်တဲ့ ဒီလိုမြင်ကွင်းမျိုးက
ဒီတစ်သက်လုံး ဒီလူ တစ်ယောက်နဲ့ပဲ တည်တည်တံ့တံ့ ရိုးမြေကျ နေသွားနိုင်ရင်တော့လည်း တစ်မျိုးပေါ့...။ အကယ်၍....သာ အကြောင်းကြောင်းတွေကြောင့် မဖြစ်ခဲ့ရင်....? နောက် ထပ် ဒီလို မြင်ကွင်းတွေ....? မလိုအပ်ဘူးလေ....။ ဒါ နင့်အတွက်ပဲ ပြောတာပါ..။"

" သမီးလေးတစ်ယောက် ...အထူးသဖြင့် အခုလိုအရွယ် ..အရာရာကို သင်ယူနေတဲ့ အရွယ်မှာ သူ့အနီးဆုံးမှာရှိတဲ့ လူတွေရဲ့ အပြုအမူ အနေအထိုင် တုံ့ပြန်တာ လက်ခံတာ ငြင်းဆန်တာ ဒါတွေကို အကုန်သင်ယူနေတဲ့ အချိန်မှာ ဒီအရွယ်က အရေးအကြီးဆုံးပဲ...။ သူ ဒီထက်ကြီးသွားလို့ ရင့်ကျက်လာတဲ့ အရွယ် ..လောက အကြောင်း ..လူတွေအကြောင်း..သူ့အဖေ အကြောင်း..သူ့အမေအကြောင်း...သူ့ဘာသာ သူ့နှလုံးသားနဲ့ သူ့ဦးနှောက်နဲ့ အစွဲကင်းကင်းနဲ့ ခံစားပါစေ...ရွေးချယ်ပါစေ.."

" မင်းကတော့ "အပိုတွေပါ"လို့ ပြောမှာပဲ..။ မထင်လိုက်ပါနဲ့ ...။ ပထမတစ်ခေါက်တုန်းက ဒီလိုမြင်ကွင်းကို ငိုပြီး တိုင်တဲ့ ကလေးက အခု ဘာမှ မထူးဆန်းတော့တဲ့ ပုံနဲ့ ရယ်မောနေပြီ..။ ချက်ချင်း လိုက်လာပြီး သမီးလေး ကို ပြန်ခေါ်လာဖို့ လေယဉ်လက်မှတ်တောင် ဝယ်ပြီးပြီ။ ကိုယ့်စိတ်ကိုယ် ထိန်းချုပ်ပြီး ဘယ်လို ပျော့ပြောင်းတဲ့ မျက်နှာနဲ့ ပဲ ငါ့သမီးလေးကို လာခေါ် လာခေါ် ... မင်းတို့ဘာသာ ပျော်ပြီး ရိုနေကြတာကို လာနှောက်ယှက်ဖျက်စီးတဲ့ ကောင် ဆိုပြီး ..အပြောခံရဦးမှာပဲ.. တရားဝင် ကွာရှင်းပြီးမှ တွဲတာလေ ဆိုပြီး..မင်းကိုယ်တိုင်က အသံကောင်းဟစ်ဦးမယ်.."

" ****သိစေချင်တာက(သတင်းစာထဲ ပါလာတဲ့နေ့အထိ )ငါတောင် မသိလိုက်ဘဲ ကွာရှင်းတဲ့ အကြောင်း တစ်ဘက်သတ် သွားထည့်လိုက်တာနဲ့ မင်း လုပ်သမျှ ငါနဲ့ မဆိုင်တော့ဘူး ...တရားဝင် ကွာရှင်းပြီးပြီလို့ ထင်နေတာလား....။ လင်မယားကွာရှင်းခြင်းဆိုင်ရာ ဥပဒေရဲ့ အကျိုး အပြစ် ကို တစ်ချက် ဖတ်ကြည့်လိုက်ပါ..။ ဒီနှစ်ရဲ့ ဇန်နဝါရီ လဆန်း ၂ ရက်နေ့ လောက်မှာ ..ဖျားနေတဲ့ ငါ့ဆီ သမီးလေးကို လာပို့ပေး .ကျန်းမာရေး ဂရုစိုက်လို့ ပြောပြီး ထွက်သွား...။ နောက်နေ့ သမီးရဲ့ library book ဝင်ယူဖို့ ဖုန်းဆက်တော့မှ မင်း အီတလီ ကို ရက်ရှည်ခရီးထွက်သွားပြီလို့ သိလိုက်ရတဲ့နေ့...။ မသွားခင် မိနစ်ပိုင်းလေး အလိုထိကိုပဲ ဘာတစ်ခွန်းမှ ပြောမသွားခဲ့တဲ့နေ့...။ ဘယ်သူနဲ့ သွားတယ်ဆိုတာ သိလိုက်ရတဲ့ နေ့...။ နောက်ဆုံး မင်းကိုယ်တိုင် public ကို ဒီလို ဗြောင်ကျကျ အသိပေးတဲ့ နေ့....။"

" ဘယ်လိုပဲဖြစ်ဖြစ်...ပါ။ ဒါတွေဟာ မင်း လိုချင်လို့မှ ရွေးယူခဲ့တဲ့ အရာတွေဆိုတာ ဒီသင်္ကြန်ရက်တွေမှာ ရှိနေခဲ့တဲ့ မင်းရဲ့ အပျော်တွေကို ကြည့်ရင် သိနိုင်နေတာပဲ...။ (Blessings တစ်ခုလို ထူးထူးခြားခြား ငါတို့မိသားစုလေး ပြန်ပေါင်းစည်းကြမယ့်အရေးကို မျှော်ပြီး ပျော်ဖို့ စောင့်နေကြတဲ့ သူတွေ အများကြီး ....။ သူတို့ရဲ့ မျှော်လင့်ချက်တွေအတွက်တော့ ငါတို့မိသားစုလေးရဲ့ ဦးစီးခေါင်းဆောင် အနေနဲ့ ငါကပဲ တောင်းပန်ရမှာပါ။ သူတို့အားလုံးကို ငါ ပြောခဲ့တဲ့ စကားအတိုင်းပဲ... "ဒီမိသားစုလေး ပြန်ပေါင်းစည်းဖို့အရေး ဒီ တစ်နှစ်ခွဲ အတွင်း ငါ ကြိုးစားခဲ့တာပဲ..။ တစ်ခုပဲ..။ သတင်းစာထဲ ပါလာပြီး ၇ လ လောက်ကတည်းက အဖြေထွက်နေခဲ့ပြီးသား မင်းကို "ငါ ဘာမှားနေလို့လဲ.."" ဆိုတဲ့ မေးခွန်း..ကို ငါ ဘယ်နှစ်ကြိမ် မေးမေး... မင်းကတော့ တစ်ခါမေး တိုင်း....အဖြေ တစ်မျိုးပြောင်းပေးနေဦးမှာပဲ...။အဲဒီတော့.. ငါ မေးတိုင်း လွှဲပြီး ပေးနေမယ့် မင်းအဖြေတွေအတွက် ငါ ဘာမေးခွန်းမှ မေးလိုစိတ် မရှိတော့ဘူး..။"

" အဓိက ကတော့ သမီးလေးနဲ့ ပတ်သတ်ပြီး ငါတောင်းဆိုတဲ့ ဒီတစ်ခုကို လေးလေးစားစား လေး လက်ခံပေးပါ။ အဲဒီအတွက် အပြန်အလှန်အနေနဲ့...ငါ ပြန်ပေးနိုင်တာက .. ငါ့ကိုလည်း သေလူ လို ရှိတယ် လို့တောင် ထင်စရာမလိုဘဲ လွတ်လွတ်လပ်လပ် နဲ့မင်း ဆန္ဒရှိရာ အကောင်အထည် ဖော်နိုင်ပါတယ်။ အဲဒီတော့ ဒီသီတင်းပတ် ထဲက မင်းအားမယ့် တစ်ရက်ရက် ငါ တရားရုံး မှာ တရားဝင် ကွာရှင်းချင်ပါတယ်...! ဒါပါပဲ....။ ဘုဏ်းသိုက် ၁၆:ဧပြီလး၂၀၁၉ သင်္ကြန်အတက်နေ့..ရန်ကုန်" ဆိုပြီး သူ့ဘက်က ခံစားရသမျှကို မျှဝေထားပါတယ်။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။